စတုတ္ထအကြိမ်မြောက် ပက်ပ်မိသားစုဓာတ်ပုံပြိုင်ပွဲ ၂၀၁၃ ရဲ့ ဆုရဓာတ်ပုံများ ဆုချီးမြှင့်

စတုတ္ထအကြိမ်မြောက် ပက်ပ်မိသားစုဓာတ်ပုံပြိုင်ပွဲ ၂၀၁၃ ရဲ့ ဆုရဓာတ်ပုံများ ဆုချီးမြှင့်

စတုတ္ထအကြိမ်မြောက် ပက်ပ်မိသားစု ဓာတ်ပုံပြိုင်ပွဲ ၂၀၁၃ ရဲ့ ဆုရဓာတ်ပုံများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စတုတ္ထအကြိမ်မြောက် ပက်ပ်မိသားစု ဓာတ်ပုံပြိုင်ပွဲ ၂၀၁၃ ရဲ့ ဆုရဓာတ်ပုံများ ဆုချီးမြှင့်ပွဲ အခမ်း
အနားကို မတ်လ ၂၄ ရက်နေ့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပထမဆုကိုတော့ ဦးဉာဏ်ဝင်းအောင် ရိုက်ကူးတဲ့ ဦးကျော်လင်းတို့ မိသားစုဓာတ်ပုံက ဆွတ်ခူးရရှိ
ပြီး ဒုတိယဆုကိုတော့ ကျော်ဇောလေး ရိုက်ကူးထားတဲ့ ဦးမျိုးဇော်ဦး တို့မိသားစု ဓာတ်ပုံက
ဆွတ်ခူးရရှိခဲ့ပါတယ်။

တတိယဆုကိုတော့ ဦးရဲသွေးညီညီ ရိုက်ကူးထားတဲ့ ဦးမင်းဇော်တို့မိသားစုဓာတ်ပုံက ဆွတ်ခူးရရှိခဲ့
ပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဆို၊က၊ရေး၊တီး ပြိုင်ပွဲဝင်ရန် သားငယ်ကို မိဘနှစ်ဦးက လေ့ကျင့်သင်
ကြားပေးစဉ် PEP နို့ကို နေ့စဉ်သောက်ခဲ့ခြင်းကြောင့် မြူးကြွ သွက်လက်စွာ ကခုန်နိုင်စေသလို
မိသားစုဘဝလေးလည်း ကျန်းမာပျော်ရွှင်နေ ကြပုံကို သရုပ်ဖော်ရိုက်ကူးထားတဲ့ ပထမဆုရဓာတ်ပုံ
မှာ သရုပ်ဆောင်ထားတဲ့ ဦးကျော်လင်းကတော့ ဒီပြိုင်ပွဲက သူတို့မိသားစုအတွက်လည်း အမှတ်
တရဖြစ်တယ်လို့ ပြောပါတယ်။

"ဒီကုမ္ပဏီရဲ့ ပြိုင်ပွဲခေါင်းစဉ်ကလည်း အရမ်းလှပါတယ်။ ဒီမိသားစုတွေ အတွက် ကျန်းမာပျော်ရွှင်
ခြင်းကို ပေါ်လွင်အောင် သရုပ်ဆောင်ဖို့ဆိုတာလည်း ပညာသားပါပါတယ်။ အဓိကကတော့
မိသားစုတွေအတွက်လည်း အမှတ်တရ ပေါ့။ ကိုယ့်မိသားစုအတွက် အမှတ်တရလည်းဖြစ်စေတဲ့
အတွက် အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်" လို့ ဦးကျော်လင်းက
ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

Red Horse Dairy Industrial Limited က ကြီးမှူးကျင်းပတဲ့ ဒီပွဲရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံများကိုတော့
မြန်မာ နိုင်ငံဓာတ်ပုံအသင်းက ဦးဆောင်ရွေးချယ်ပေးတာဖြစ်ပါတယ်။

အကြောင်း အရာပေးထားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်မယ် ဆိုရင်တော့ ထိထိမိမိနဲ့ ပေးထားတဲ့ အကြောင်း
အရာကို သရုပ်ဖော်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့လည်းမြန်မာ နိုင်ငံဓာတ်ပုံအသင်းရဲ့ဥက္ကဋ္ဌ
ဦးတင်မြင့် (စစ်ငြိမ်းပန်း)က၊ပြောကြားခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး