အောင်ပွဲခံနေတဲ့ ဂျတ်စတင်တင်းဘားလိတ်ခ်ရဲ့ "The 20/20 Experience"

အောင်ပွဲခံနေတဲ့ ဂျတ်စတင်တင်းဘားလိတ်ခ်ရဲ့ "The 20/20 Experience"

ဟောလိ၀ုဒ်မှာ ဇာတ်ကားရိုက်ရင်း အလုပ်တွေရှုတ်နေလိုက်၊ ချစ်သူရုပ်ရှင် မင်းသမီးချော ဂျက်စီကာဘဲလ်နဲ့ မင်္ဂလာဆောင်နှင်းဖို့အတွက် အချိန်တွေမျှပေးလိုက်နဲ့ ဂီတအလုပ်တွေကနေ အနေဝေး နေခဲ့တဲ့ ဂျတ်စတင်တင်းဘားလိတ်ခ် တစ်ယောက် သူ့ရဲ့ဖန်တီးမှုအသစ်တွေ နဲ့ ခုနစ်နှစ်လောက်ဝေးကွာနေခဲ့တဲ့ ပရိသတ်တွေကို ...

ဟောလိ၀ုဒ်မှာ ဇာတ်ကားရိုက်ရင်း အလုပ်တွေရှုတ်နေလိုက်၊ ချစ်သူရုပ်ရှင် မင်းသမီးချော
ဂျက်စီကာဘဲလ်နဲ့ မင်္ဂလာဆောင်နှင်းဖို့အတွက် အချိန်တွေမျှပေးလိုက်နဲ့ ဂီတအလုပ်တွေကနေ
အနေဝေး နေခဲ့တဲ့ ဂျတ်စတင်တင်းဘားလိတ်ခ် တစ်ယောက် သူ့ရဲ့ဖန်တီးမှုအသစ်တွေ နဲ့ ခုနစ်နှစ်
လောက်ဝေးကွာနေခဲ့တဲ့ ပရိသတ်တွေကို တစ်ကိုယ်တော် အယ်လ်ဘမ်သစ်နဲ့ မိတ်ဆက်ပေးလိုက်
ပါတယ်။

မတ်လ ၁၅ ရက်နေ့က စတင်ဖြန့်ချိခဲ့တဲ့ အယ်လ်ဘမ်အမည်က "The 20/20 Experience" ဖြစ်
ပြီး သူ့ရဲ့ တတိယမြောက် studio အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။

လိုချင်တဲ့သီချင်းတွေကို ဒေါင်းလုပ်ရယူနိုင်တဲ့ အိုင်တီခေတ်မှာ ဖြန့်ပြီးပြီးချင်း ပထမရက်တစ်ပတ်
အတွင်းမှာပဲ အယ်လ်ဘမ်ပေါင်း တစ်သန်းနီးပါး ရောင်းချခဲ့ရတာကြောင့် တစ်ကျော့ပြန် ဂီတခရီး
ဟာ မျက်နှာပန်း လှတယ်လို့ ဆိုရပါမယ်။

သီချင်း ၁၀ ပုဒ် ပါ၀င်ပြီး ဟိုးအရင်က သူ့ ဂီတတွေကို ပြန်လည်အမှတ်ရစေမယ့် hip-hop soul
roots ဘက်ကို ပြန်သွား ထားပါတယ်။ ပထမဆုံးသီချင်းဖြစ်တဲ့ "Pusher Lover Girl" မှာ
တင်းဘားလိတ်ခ်ဟာ သီချင်းအလယ်လောက်ကမှစပြီး ရက်ပ်တွေ စရွတ်ထားတဲ့ အမိုက်စား
သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

နောက်တစ်ပုဒ် "Suit & Tie" မှာတော့ ဘော်ဒါကြီးဖြစ်တဲ့ ဂျေဇီးက featuring ဆိုပေးထားပါ
တယ်။

ဒီအခွေမှာ တင်းဘားလိတ်ခ်ဟာ ကာလရှည်ကြာ လက်တွဲခဲ့တဲ့ မိတ်ဆွေကြီး ထုတ်လုပ်သူ
တင်ဘာလန်နှင့်အတူ တစ်ဖန်ပြန်လည်လက်တွဲပြီး ဒီအယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

တင်ဘာလန်ဟာ တစ်ခွေလုံးကို အစကနေ အဆုံးအထိ ခရီးစဉ်တစ်ခုလို ဖန်တီးထားပုံက တူရိယာ
သံတွေကို သူ့နေရာနဲ့ သူ အံခွင်ဝင်ကျ မှန်ကန်စွာ ထည့်သွင်းထားတာ ချီးကျူးစရာပါပဲ။

ဒါကြောင့် 20/20 ကို ကာနေးဝက်ရဲ့ "My Beautiful Dark Twisted Fantasy (2010)နဲ့
နှိုင်းယှဉ်နိုင်ပေမယ့် တင်းဘားလိတ်ခ်ရဲ့ အခွေမှာ တစ်မူထူးခြားတာတွေ ရှိပါတယ်။

အသံဆိုပုံဆိုပေါက်ကို ပြောရမယ်ဆိုရင်တော့ သီချင်းတော်တော်များများမှာ တင်းဘားလိတ်ခ်ရဲ့
အသံဟာ တော်တော်မိုက်ပါတယ်။

သီချင်းတိုင်းကို သူ ပိုင်ဟန်ဖြစ်အောင် ကြိုးစားထားတာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Suit & Tie သီချင်းကတော့ သိပ်မစွံပါဘူး။ Featuring ဆိုပေးထားတဲ့ ဂျေဇီးကလည်း
သူ့မူရင်းအသံမမီသလို ဖြစ်နေသလို တင်းဘားလိတ်ခ်ရဲ့အသံကလည်း သူ့မူပိုင်ဟန်ထက် Robin
Thicke ပုံစံမျိုး ပေါက်နေပါတယ်။

That Girl မှာတော့ slow bass၊ horn နဲ့ guitar တွေရဲ့အသံကို ကျော်ပြီး အချစ်စာသားတွေကို
ဟိုးနှလုံးသား အနက်ရှိုင်းဆုံးကလာတဲ့အသံနဲ့ သီဆိုထားတာမို့ အယ်လ်ဘမ်တစ်ချပ်လုံးရဲ့
အကောင်းဆုံး သီချင်းတစ်ပုဒ်လို့ ပြောရပါမယ်။

သီချင်းအပုဒ်ရေက သိပ်မများလှပေမယ့် တစ်ခွေလုံးကို နားထောင်ဖို့ဆိုရင် တခြားအခွေတွေထက်
အချိန်ပိုပေးရပါလိမ့်မယ်။

အတိုဆုံးသီချင်းဖြစ်တဲ့ That Girl တောင်မှ လေးမိနစ်နဲ့ လေးဆယ့် ရှစ်စက္ကန့် ကြာပါတယ်။

အချုပ်ပြောရရင်တော့ ဒီအခွေဟာ ၂၀၁၃ ခုနှစ်ထဲမှာ ထွက်လာသမျှထဲ အကောင်းဆုံးအခွေ
တစ်ခွေပဲ ဖြစ်ပါတယ်။

တင်းဘားလိတ်ခ်နဲ့ တင်းဘားလန်းတို့ ဂရမ်မီဆုတွေ သိမ်းပိုက်နိုင်ဦးမယ့် အခွေလို့လည်း ပြောလို့
ရနိုင်ပါတယ်။

အကြိုက်ဆုံးသီချင်းများ
- Pusher Lover Girl
- Don't Hold the Wall
- That Girl
- Let the Groove Get In

(အင်တာနက်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး