ကွာရှင်းဖို့ မမျှော်လင့်ခဲ့ဘူးလို့ ခံစားချက်ကို ဖွင့်ဟလိုက်တဲ့ တွမ်ခရုစ်

ကွာရှင်းဖို့ မမျှော်လင့်ခဲ့ဘူးလို့ ခံစားချက်ကို ဖွင့်ဟလိုက်တဲ့ တွမ်ခရုစ်

မင်းသား တွမ်ခရုစ် တစ်ယောက် နောက်ဆုံးမှာတော့ သူ့အိမ်ထောင်ရေး အကွဲအပြဲနဲ့ပတ်သက်ပြီး ခံစားချက်တွေကို ဖွင့်ဟပြောဆိုလိုက်ပါပြီ။ ဇနီးသည်မင်းသမီး ကေတီဟုမ်းထံ ကနေ ကွာရှင်းခွင့် တောင်းခံလိုက်ရတဲ့ အချိန်မှာ အရမ်းကို အံ့အားသင့်သွားခဲ့တယ်လို့ မင်းသားက ပြောပါတယ်။

မင်းသား တွမ်ခရုစ် တစ်ယောက် နောက်ဆုံးမှာတော့ သူ့အိမ်ထောင်ရေး အကွဲအပြဲနဲ့ပတ်သက်ပြီး
ခံစားချက်တွေကို ဖွင့်ဟပြောဆိုလိုက်ပါပြီ။ ဇနီးသည်မင်းသမီး ကေတီဟုမ်းထံ ကနေ ကွာရှင်းခွင့်
တောင်းခံလိုက်ရတဲ့ အချိန်မှာ အရမ်းကို အံ့အားသင့်သွားခဲ့တယ်လို့ မင်းသားက ပြောပါတယ်။

အဲဒီအချိန်မှာ သူတို့ရဲ့အိမ်ထောင်ဟာ ငါးနှစ်သက်တမ်းရှိပြီဖြစ်ပြီး ခြောက် နှစ်အရွယ်သမီးလေး
တစ်ဦးလည်း ပိုင်ဆိုင်ထားကြပါတယ်။

မင်းသားဟာ သူပါ၀င်ထားတဲ့ ဇာတ်ကားသစ် "Oblivion" ကို ပရိသတ်နဲ့ မိတ်ဆက်ပေးနေစဉ်မှာ
ဂျာမန်ရုပ်သံလိုင်းဖြစ်တဲ့ ProSieban နဲ့ အင်တာဗျူးမှာ ကွာရှင်းလိုက်တဲ့အကြောင်းကို
တစ်လျှောက်လုံး ရေငုံနှုတ်ပိတ်နေခဲ့သမျှ ဖွင့်ဟဖော်ပြခဲ့တယ်လို့ E! News က ဆိုထားပါတယ်။

"လုံးဝကို မမျှော်လင့်ထားပါ"လို့ ပြီးခဲ့တဲ့နှစ် ဇွန်လက သူ့ကို ကေတီ ထားသွားခဲ့တာကို ရည်ညွှန်း
ပြီး တွမ်က ပြောပါတယ်။

အိမ်ထောင်ရေးကွာရှင်းမှုက သူ့ဘဝ ကို ပြန်ပြီးသုံးသပ်ဖို့ အချိန်ယူဖြစ်အောင် ဖန်တီးပေးခဲ့တယ်လို့
လည်း မင်းသားက ဆက်ပြောခဲ့ပါတယ်။

"ဘဝဆိုတာ စိန်ခေါ်မှုတစ်ခုပဲလေ။ အသက် ၅၀ အရွယ်မှာ အတွေ့အကြံု တွေ အများကြီးရတယ်။
အရာအားလုံးကိုလည်း ထိန်းချုပ်နိုင်ပြီလို့လည်း ထင်တယ်။ ဒါပေမဲ့ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေကို
ရင်ဆိုင်ရတယ်။ ဘဝ ဆိုတာ ဒါပဲလေ။ အလွမ်းအသော စုံတဲ့ ပြဇာတ်တစ်ပုဒ်လိုပဲ။ အားလုံးကို
ကျော်လွှားသွားနိုင်ဖို့ ဟာသဉာဏ် ရှိနေဖို့တော့ လိုအပ်တာပေါ့" လို့ ကမ္ဘာကျော်မင်းသားကြီးက
ခံစားချက်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

(ယူပီအိုင်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး