သတင်းဂျာနယ် တစ်စောင်က မော်ဒယ် Emerald ငြိမ်းကို ဒိန်းမတ် ဂီတအဖွဲ့ Michael Learns To Rock မှ အဖွဲ့သားတစ်ဦးဖြစ်တဲ့ Mikkel Lentz နဲ့ မဟုတ်မမှန်သတင်းကို ပုံနှိပ်ဖော်ပြမှု အတွက် မော်ဒယ်ကို တောင်းပန်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းဂျာနယ် တစ်စောင်က မော်ဒယ် Emerald ငြိမ်းကို ဒိန်းမတ် ဂီတအဖွဲ့ Michael Learns To
Rock မှ အဖွဲ့သားတစ်ဦးဖြစ်တဲ့ Mikkel Lentz နဲ့ မဟုတ်မမှန်သတင်းကို ပုံနှိပ်ဖော်ပြမှု အတွက်
မော်ဒယ်ကို တောင်းပန်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဂျာနယ်တိုက်မှ တောင်းပန်မှုနဲ့ ပတ်သက်ပြီး Emerald ငြိမ်းက ဂျာနယ် တိုက်ဘက်မှ သူကျေနပ်တဲ့
အထိ ပြဿနာကို ဖြေရှင်းပေးမယ်ဆိုရင် မူလက တရားစွဲဆိုသွားမယ်လို့ ပြောကြာထားတာကို
ရပ်ဆိုင်းပေးမှာပါလို့ ပြောပါတယ်။
တကယ်တော့ မြန်မာနယူးစ်ဝိခ် (Myanmar News Week) ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ဓာတ်ပုံဟာ
ငပလီကမ်းခြေ ရှိ Amazing Hotels and Resort အတွက် အဆိုတော် Mikkel Lentz နဲ့
တွဲဖက်ပြီး ဟိုတယ်ကြော်ငြာအတွက် ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။
ဧပြီလ ၅ ရက်နေ့မှာ ဓာတ်ပုံမိုးမင်း ရိုက်ကူးပေးခဲ့တာဖြစ်တယ်လို့ Emerald ငြိမ်းက ရှင်းပြပါတယ်။
"ဧပြီလ ၃ ရက်နေ့မှာ ကိုမိုးမင်းက ညီမကို ဖုန်းဆက်ပြီး ရိုက်ပေးဖို့ ပြောခဲ့လို့ ညီမရယ်၊ ညီမမိသားစု
တွေ ငပလီကို အမြန်သွားခဲ့တာပါ။ ညီမနဲ့တော့ စုံတွဲ ဓာတ်ပုံလေးတွေရိုက်ပြီး သူ့မိသားစုနဲ့ လည်း
ဓာတ်ပုံတွေ အရိုက်ခံခဲ့ပါတယ်" လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
အဲဒီနောက်မှာတော့ စုံတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ကိုယ်ပိုင်ဖေ့ဘွတ်ခ် စာမျက်နှာမှာတင်ခဲ့ပြီး
ဓာတ်ပုံနဲ့ အတူ "ဟိုတယ်အတွက် ကြော်ငြာရိုက် ပေးနေတာ။ သူလို နိုင်ငံကျော်မျိုးနဲ့ တွဲရိုက်ရတဲ့
အတွက် အရမ်း ဂုဏ်ယူတယ်" လို့လည်း ရေးသားဖော်ပြခဲ့တယ်လို့ ပြောပြပါတယ်။
"ညီမက ညီမရဲ့လှုပ်ရှားမှုတွေအကုန်လုံးကို ဖေ့စ်ဘွတ်ခ်မှာ အမြဲတင်ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံကို
လည်း ဒီလိုပဲ တင်လိုက်တာပါ"လို့လည်း Emerald က ပြောပါတယ်။
နောက်နေ့မှာပဲ ဖေ့စ်ဘွတ်ခ်က ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က ဓာတ်ပုံကို ကော်ပီကူးကာ
သူ့ရဲ့စာမျက် နှာမှာ ရင့်ရင့်သီးသီးစာသားတွေနဲ့ ဖော်ပြတာကို ခံလိုက်ရတယ်လို့လည်း ဆိုပါတယ်။
"အဲဒီဓာတ်ပုံနဲ့ စာကိုမြင်တော့ ညီမ အရမ်းကို စိတ်ညစ်သွားတယ်။ ၀မ်းလည်းနည်းပြီး၊ဒေါသလည်း
ထွက်တယ်။ ဒါပေမဲ့ ညီမသူငယ်ချင်းတွေ အကုန်လုံးက ညီမကို အားပေးကြတယ်။ ယုံပေးကြ
တယ်။ အဲဒါကြောင့် မေ့ထားပြီးနေတုန်း ပဲရှိသေးတယ် နောက်နေ့မှာ Myanmar News Week
ဂျာနယ်က အဲလိုမျိုး ညီမ သိက္ခာကျအောင် ရေးထားပြန်တယ်" လို့ အဖြစ်အပျက်စုံကို ပြောပြပါ
တယ်။
ဂျာနယ်တိုက်အနေနဲ့ သူ့ထံ ဓာတ်ပုံဟာ အမှန်ဟုတ်၊မဟုတ် ဆက်သွယ် မမေးမြန်းခဲ့သလို ဓာတ်ပုံ
အသုံးပြုခွင့်လည်း မတောင်းခံခဲ့ဘူးလို့ ဆိုပါတယ်။
ဧပြီလ ၉ ရက်နေ့မှာတော့ ဂျာနယ် တိုက်ကို ဖုန်းဆက်ခဲ့ပေမယ့် ဆက်လိုက်တိုင်း အယ်ဒီတာ မရှိ
ဘူးလို့ ပြောလာတဲ့အတွက် 'ယနေ့ခေတ်ဂျာနယ်'အင်တာဗျူးမှာ တရားစွဲဆိုမယ်ဆိုပြီး ပြောလိုက်
တယ်လို့ Emerald Nyein က ပြောပါတယ်။
"ဧပြီ ၁၀ ရက်နေ့မှာတော့ ဂျာနယ်တိုက်က အယ်ဒီတာက ညီမကို ဖုန်းဆက်ပြီး တောင်းပန်ပါ
တယ်။ ညီမဘက်က ကျေနပ်တဲ့အထိ တောင်းပန်ပေးမယ်ဆိုရင်တော့ ကျေအေးပေးမှာပါ။
တတ်နိုင်သမျှအမြန်ဆုံး ဖြေရှင်းပေးဖို့ကိုလည်း ပြောထားပါတယ်"လို့ ပြောပါတယ်။
Myanmar News Week ဂျာနယ်မှ အယ်ဒီတာ ကိုနေမင်းသိုက်က မော်ဒယ် Emerald ငြိမ်း
ကျေနပ်တဲ့အထိ တောင်းပန်ပေးမှာပါလို့ ပြောပါတယ်။
"တမင်ရည်ရွယ်ပြီး သူ့နာမည်ပျက်ပါစေဆိုပြီး ထည့်တာတော့ မဟုတ်ပါဘူး။ ဒီအတိုင်း Photo
Message အနေနဲ့ ထည့်လိုက်တာပါ"လို့သူကပြောပါတယ်။

Amazing Hotels and Resorts မှ အထွေထွေမန်နေဂျာ မလှိုင်လှိုင်ဝင်း ကလည်း ဂျာနယ်ပါ
ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဒိန်းမတ်အဆိုတော်နဲ့ မော်ဒယ် Emerald ငြိမ်းတို့ သူတို့ဟိုတယ် ကြော်ငြာ
အတွက် ဓာတ်ပုံရိုက်ပေးခဲ့တာပါလို့ ပြောပါတယ်။
"Mikkel Lentz နဲ့ သူ့မိသားစု ငပလီ ကိုလာပြီး ကျွန်မတို့ဟိုတယ်မှာ အပန်း ဖြေနေတုန်း ဟိုတယ်
အတွက် ဓာတ်ပုံ လေးတွေရိုက်ပေးဖို့ တောင်းဆိုတော့ သူ့ဘက်က လက်ခံခဲ့ပြီး မိသားစုပုံတွေ
ကိုတော့ သူတို့မိသားစုလိုက်ပဲ ရိုက်ခဲ့ပြီး စုံတွဲပုံတွေကိုတော့ မော်ဒယ် Emerald ငြိမ်းနဲ့ ရိုက်ခဲ့တာ
ပါ" လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
Mikkel Lentz နဲ့ သူ့မိသားစုဟာ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မှာ ဖျော်ဖြေခဲ့တဲ့ "Michael
Leans to Rock In Myanmar" ရှိုးပွဲအပြီးမှာ ငပလီကမ်းခြေရှိ Amazing Hotels and Resorts
မှာ ဧပြီလ ၂ ရက်ကနေ ရ ရက်နေ့ထိ နေထိုင်ခဲ့တယ်လို့လည်း ပြောပြပါတယ်။
















