ပြတိုက်ဖြစ်လာမယ့် ဦးသန့် နေအိမ်မှာ သမိုင်းဝင်ဓာတ်ပုံများ ပြန်လည်ရှင်သန်ခဲ့တဲ့ပွဲ

ပြတိုက်ဖြစ်လာမယ့် ဦးသန့် နေအိမ်မှာ သမိုင်းဝင်ဓာတ်ပုံများ ပြန်လည်ရှင်သန်ခဲ့တဲ့ပွဲ

ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ စစ်အစိုးရဟာ နိုင်ငံရဲ့သမိုင်းဝင်ပုဂ္ဂိုလ်ကြီးနှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးသန့်တို့ရဲ့ ဂုဏ်ရှိန်ရောင်ဝါထွန်း တောက်ပမှုတွေကို လူအများကြားမှာ ဖော်ပြဖို့ ရှောင်ရှားခဲ့ကြသလို မပြုလုပ် နိုင်အောင်လည်း လူထုကို ပိတ်ပင်တားဆီးခဲ့ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ စစ်အစိုးရဟာ နိုင်ငံရဲ့သမိုင်းဝင်ပုဂ္ဂိုလ်ကြီးနှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်
အောင်ဆန်းနဲ့ ဦးသန့်တို့ရဲ့ ဂုဏ်ရှိန်ရောင်ဝါထွန်း တောက်ပမှုတွေကို လူအများကြားမှာ ဖော်ပြဖို့
ရှောင်ရှားခဲ့ကြသလို မပြုလုပ် နိုင်အောင်လည်း လူထုကို ပိတ်ပင်တားဆီးခဲ့ပါတယ်။

ခုလိုမျိုး နိုင်ငံရဲ့အပြောင်းအလဲကာလ ရောက်ရှိလာတဲ့အချိန်မှာတော့ လူထုဟာ နိုင်ငံ့သူရဲကောင်း
တွေကို ဂုဏ်ပြုချီးကျူးခွင့် ရရှိလာသလို နည်းလမ်းပေါင်း စုံနဲ့လည်း ဂုဏ်ပြုဖို့ ကြိုးပမ်းနေကြပါ
တယ်။

အဲဒီကြိုးပမ်းမှုတွေထဲက တစ်ခုကတော့ ဦးသန့်နဲ့ပတ်သက်တဲ့ သမိုင်းဝင် ဓာတ်ပုံတွေဖြစ်တဲ့
ဇာတိမြေ ပန်းတနော် မှာ နေထိုင်စဉ်က ရိုက်ကူးခဲ့တဲ့ အဖြူ၊ အမည်းဓာတ်ပုံတွေနဲ့ ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်တာ တာဝန်ယူခဲ့စဉ်က ဓာတ်ပုံ တွေကို ဧပြီလ ၆ ရက်
နေ့ကနေ ၁၁ ရက် နေ့အထိ ဦးသန့်နေထိုင်ခဲ့ရာ အမှတ် ၃၁၊ ပန်းဝါလမ်း၊ ကမာရွတ်မြို့နယ်မှာ ပြသ
ခဲ့ပါတယ်။

ဦးသန့်နေအိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်သွားဖို့ ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမယ့်
ခြောက်ရက် တာပြပွဲကာလမှာတော့ အများပြည်သူအတွက် အထူးဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံပြပွဲမှာ ၁၉၅၀ ပြည့်နှစ် ၀န်းကျင်က ဦးသန့် ပန်းဝါလမ်းမှာ နေထိုင်စဉ် ၀န်ကြီးချုပ်ဟောင်း
ဦးနုနဲ့ လမ်းလျှောက်ထွက်စဉ် ရိုက်ကူးခဲ့တဲ့ပုံ၊ ဦးသန့် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားစဉ်
ကျောင်းသားဘဝပုံရိပ် တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်စဉ် ပုံရိပ်တွေ၊ မိသားစုနဲ့
ထမင်းလက်စုံစားနေတဲ့ ဓာတ်ပုံတွေကို ပြသခဲ့တာကြောင့် အတိတ်က နိုင်ငံ့ဂုဏ် ဆောင်ပုဂ္ဂိုလ်
တစ်ဦးရဲ့ပုံစံကို မကြံုမသိလိုက်ရတဲ့ ဒီနေ့ခတ်ပြည်သူတွေအတွက် အကျိုးထူးတဲ့ပွဲလေးပဲ ဖြစ်ပါ
တယ်။

"ဒီဓာတ်ပုံတွေက ဧရာဝတီမြစ်ဝကျွန်းပေါ်က ကျောင်းဆရာလေးတစ်ယောက်က ၁၄ နှစ်အတွင်းမှာ
ပဲ ကမ္ဘာ့ ကုလသမဂ္ဂမှာ အထွေထွေချုပ် တစ်ယောက် ဖြစ်လာခဲ့တယ်ဆိုတာကို ပြသနေပါတယ်။
သူ့ရဲ့အံ့အားသင့်စရာ မယုံ နိုင်လောက်တဲ့ ဘဝခရီးတစ်ခုပါပဲ"လို့ ဦးသန့်ရဲ့မြေးဖြစ်သူ သမိုင်း
ပညာရှင် ဒေါက်တာသန့်မြင့်ဦးက မြန်မာတိုင်း(မ်) ဂျာနယ်နဲ့ အီးမေးလ်အင်တာဗျူးမှာ ဖြေဆိုထား
ပါတယ်။

ဓာတ်ပုံတွေနဲ့အတူ ဦးသန့်သောက်ခဲ့တဲ့ ဆေးပြင်းလိပ်၊ ဦးသန့်ဝတ်ဆင်ခဲ့တဲ့ မျက်မှန်တွေအပြင်
ပန်းချီဆရာ နေမျိုးဆေး ရေးဆွဲထားတဲ့ ဦးသန့်ရဲ့တစ်ကိုယ်လုံးပုံ collage အမျိုးအစား ပုံတူပန်းချီ
ကားကြီးတစ်ချပ်ကိုလည်း ချိတ်ဆွဲပြသခဲ့ပါတယ်။

မြန်မာပြည်အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးအတွက် သူ့ရဲ့ခွန်အား၊ စိတ်ကူးစိတ်သန်းတွေနဲ့ ပါ၀င်
ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူတယ်လို့ ပန်းချီ နေမျိုးဆေးက ပြောပါတယ်။

"ဓာတ်ပုံပြပွဲအတွက် ဦးသန့်သမီး အန်တီ ဒေါ်အေးအေးသန့်ကို ကူညီရင်း နဲ့ ဦးသန့်ရဲ့ဓာတ်ပုံတစ်ပုံ
ကို တွေ့ပြီး ပန်းချီဆွဲလို့ကောင်းမယ့်ဓာတ်ပုံပဲဆိုပြီး ကျွန်တော် collage ပန်းချီကားတစ်ချပ်ကို
ချက်ချင်းပဲ ဆွဲခဲ့ပါတယ်။ ပြီးတော့ အန်တီ ဒေါ်အေးအေးသန့်ကို လက်ဆောင်ပေးလိုက်တော့ သူက
ပြပွဲမှာ ချိတ်ဆွဲပြသခဲ့ပါတယ်"လို့ နေမျိုးဆေးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဦးသန့်ဟာ ၀န်ကြီးချုပ်ဦးနုရဲ့ ရုံးမှာ တာဝန်ထမ်းဆောင်စဉ် ၁၉၅၁ ကနေ ၁၉၅၇ ခုနှစ်အထိ ပန်းဝါ
လမ်း၊ အမှတ် ၃၁ နေအိမ်မှာ မိသားစုနဲ့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာရှိတချို့ နေထိုင်ခဲ့ကြပေမယ့် အိမ်ကြီးကို ပြုပြင်
မွမ်းမံတာတွေ မပြုလုပ်ဘဲ ကာလ အတော်ကြာ ပစ်ထားခဲ့ပါတယ်။

"အိမ်ဟာ မပြင်ဆင်ခင်က တော်တော်လေး ယိုယွင်းပျက်စီးနေပါတယ်။ အမိုးတွေအကုန်လုံးကို
အသစ်ပြန်လည်တပ်ဆင်ရပြီး နံရံတွေနဲ့ အတွင်းလှေကားကိုလည်း အသစ်လဲရပါတယ်"လို့ ဦးသန့်
အိမ်ကို တာဝန်ယူပြီး ပြန်လည် မွမ်းမံနေတဲ့ Yangon Heritage Trust အဖွဲ့ တည်ထောင်သူ
လည်း ဖြစ်တဲ့ ဒေါက်တာသန့်မြင့်ဦးက ပြောပြပါတယ်။

ပြပွဲရက်အတွင်း အများပြည်သူ အတွက် ဖွင့်လှစ်ပေးခဲ့ပေမယ့် ပွဲအပြီးမှာ ပြတိုက်ဖွင့်လှစ်နိုင်ရေး
အတွက် ပြင်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။

"ဦးသန့်ပြတိုက်ကို ခေတ်အမီဆုံး ပြတိုက်အဖြစ် ပြင်ဆင်သွားမှာပါ။ ဦးသန့်ရဲ့ဘဝနဲ့ သူ့ဝါသနာဖြစ်
တဲ့ ပညာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ငြိမ်းချမ်းရေး စတာတွေကို ထင်ဟပ်ပြနိုင်အောင် ပြင်ဆင်
သွားမှာ ဖြစ်ပါတယ်" လို့ သန့်မြင့်ဦးက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတကာက ကျွမ်းကျင် ပညာရှင်တွေနဲ့ ပြတိုက်ဒီဇိုင်းအတွက် ဆွေးနွေးနေပြီး ဦးသန့်
အိမ် (သို့) ဦးသန့် ပြတိုက်ကို ဒီနှစ် နိုဝင်ဘာလ (သို့) ဒီဇင်ဘာမှာ ဖွင့်လှစ်နိုင်လိမ့်ဖို့ မျှော်လင့်တယ်
လို့လည်း သူက ဆိုပါတယ်။

"U Thant အိမ်ကို ပြတိုက်ပုံစံ မဟုတ်ဘဲ သူ့အမှတ်တရပစ္စည်းတွေ ထားရှိမယ်။ ပြီးတော့ ကလေး
တွေနဲ့ လူငယ်တွေ အသုံးပြုလို့ရမယ့် နေရာတစ်ခုအဖြစ်လည်း ဖန်တီးထားမယ်။ ဦးသန့်အိမ်မှာ
ပညာရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပို့ချတာတွေ လုပ်နိုင်အောင်လည်း အဖွဲ့အစည်း
တွေကို ငှားရမ်းသွားမှာ ဖြစ်ပါတယ်" လို့ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး