စင်ကာပူနိုင်ငံမှာ လာမယ့် ဇူလိုင်လတွင် ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပမယ့် မြန်မာ-စင်ကာပူ ရုပ်ရှင်ပွဲတော်မှာ ပါ၀င်ယှဉ်ပြိုင်ဖို့အတွက် လူငယ်အနုပညာရှင်တစ်စုဟာ အဆင်သင့် ဖြစ်နေကြပါပြီ။
စင်ကာပူနိုင်ငံမှာ လာမယ့် ဇူလိုင်လတွင် ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပမယ့် မြန်မာ-စင်ကာပူ
ရုပ်ရှင်ပွဲတော်မှာ ပါ၀င်ယှဉ်ပြိုင်ဖို့အတွက် လူငယ်အနုပညာရှင်တစ်စုဟာ အဆင်သင့် ဖြစ်နေကြပါ
ပြီ။
မြန်မာနိုင်ငံက တက်သစ်စလူငယ် အနုပညာရှင်များရဲ့ လက်ရှိဘဝကို ရိုက်ကူးတင်ပြထားတဲ့
"Floating Bliss" ဇာတ်လမ်းတိုနဲ့ ရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင်သွားမယ်လို့ ဇာတ်လမ်းတို ဖန်တီးသူ
ဒါရိုက်တာ မောင်မောင်သာမြင့်က ပြောပါတယ်။
"ဒီဇာတ်လမ်းလေးရိုက်ဖြစ်ဖို့ အိုင်ဒီ ယာ ရတာကတော့ ဒီကားမှာ ပါ၀င်တဲ့ လူငယ်တွေဆီကပါပဲ။
သူတို့တွေ စိတ်ဝင်စားတဲ့ အနုပညာတွေက တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ဒါပေမဲ့ သူတို့ရဲ့
အလုပ်တွေ ပြီးသွားရင် လသာဆိပ်ကမ်းက နေရာလေးပေါ့။ သူတို့ နာမည်ပေးထားတာက
floating bar ဆိုပြီးတော့ပေါ့။ အဲဒီနေရာလေးမှာ သူတို့သူငယ်ချင်းအုပ်စုလိုက် စကားတွေ ပြော
တယ်။ ဘီယာသောက်တယ်။ ပျော်ကြတယ်။ အဲဒီအထဲမှာ လူမျိုး ပေါင်းစုံပါတယ်။ ဘာသာလည်း
ပေါင်းစုံပါတယ်။
"အဲဒီအချိန်က မိတ္ထီလာအရေးခင်း ဖြစ်နေတယ်။ ဖြစ်ပြီးလည်း ဆက်သွားကြတယ်။ ဒီဇာတ်လမ်း
လေးကနေ ပေးချင်တာကတော့ ဘာသာတွေ ကွဲပါစေ၊ လူမျိုးမတူပါစေ။ အဓိကက စိတ်ဓာတ်ပဲ
ပေါ့။ အရေးခင်းတွေ ဖြစ်နေပေမယ့် ဒီလိုမျိုးစိတ်ဓာတ်တူပြီး ပျော်ရွှင်နေတဲ့ လူမျိုးပေါင်းစုံအဖွဲ့လေး
လည်းရှိတယ်ဆိုတာမျိုး ပြချင်တာပါ"လို့ ဇာတ်လမ်းလေးအကြောင်းကို မောင်မောင်သာမြင့်က
ပြောပြပါတယ်။
မောင်မောင်သာမြင့်ဟာ Nut and Butter Film Production ရဲ့ ထုတ်လုပ် သူတစ်ဦးဖြစ်သလို
၂၀၁၂ ခုနှစ် ၀သာန် ရုပ်ရှင်ပွဲတော်မှာလည်း သူ့ရဲ့ပထမဆုံး ဇာတ်ကား "Scrap" နဲ့ ပြိုင်ပွဲဝင်ခဲ့ပါ
တယ်။
ဒီ Floating Bliss ကတော့ သူ့ရဲ့ဒုတိယမြောက် ပြိုင်ပွဲဝင်ဇာတ်ကား အဖြစ် ကြိုးပမ်းအားထုတ်မှုလို့
သိရပါတယ်။ ပြိုင်ပွဲဝင်ဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း "စင်ကာပူမှာက မြန်မာနိုင်ငံက filmmaker
တွေ အများကြီးရှိတယ်။ အခုပွဲကိုလည်း သူတို့ စီစဉ်တာပါ။ ကိုယ်တိုင်လည်းစီစဉ်ပြီး သူတို့ရဲ့ပြိုင်ပွဲ
၀င်ဇာတ်ကားတွေလည်း ပါမှာပေါ့။အဲဒီတော့ သူတို့ရဲ့အနုပညာတွေကိုလည်း လေ့လာခွင့်ရမယ်၊
စိတ်ဝင်စားစရာလည်း ကောင်းလို့ ပါ၀င်ဖို့ ဆုံးဖြတ်ပြီး ရိုက်ကူးဖြစ်တယ်"လို့ ပြောပါတယ်။
ဇာတ်လမ်းမှာ ပါ၀င်တဲ့ သရုပ်ဆောင် တွေအကုန်လုံးဟာ အပြင်လောကမှာလည်း တကယ့်အနု
ပညာရှင်များဖြစ်ကြပြီး ဇာတ်လမ်းထဲကလို သူငယ်ချင်း တွေလည်း ဖြစ်တာကြောင့် ဘာကိုမှ
အထူးတလည် ဘာမှလုပ်ယူထားတာ မရှိဘူးလို့လည်း သူက ပြောပြပါတယ်။
"ဇာတ်လမ်းမှာပါတဲ့ ဇာတ်ကွက်တွေ အကုန်လုံးက သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှု တွေဖြစ်တယ်။
တချို့ဟာလေးတွေကတော့ ဇာတ်လမ်းအချိတ်အဆက်မိအောင် လုပ်ယူရတာလေးတွေရှိတာပေါ့။
ဒါပေမဲ့ သူတို့ရဲ့ Floating Bar လေးမှာ ပျော်နေတဲ့အချိန်လေးတွေ ကတော့ အစစ်တွေပဲ ရိုက်ပြ
ထားတာပါတယ်"လို့ မောင်မောင်သာမြင့်က ပြောပါတယ်။
ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင် တွေအဖြစ် ပါ၀င်ထားကြသူတွေကတော့ Street Artist
အာကာကျော်၊ ဓာတ်ပုံဆရာ စောဝင်းထွဋ်၊ ဂီတသမား Sam နဲ့ စာရေးဆရာ စိုးဝေထွန်းတို့ပဲ ဖြစ်ပါ
တယ်။
အာကာကျော်၊ စိုးဝေထွန်းနဲ့ မောင်မောင်သာမြင့်တို့က အရင်ကလည်း လူ့အခွင့်အရေးဆိုင်ရာ
ရုပ်ရှင်ပွဲတော်အတွက် ဇာတ်လမ်းတို ရိုက်ကူးဖြစ်ခဲ့ပြီး ဒီဇာတ်လမ်းလေးကတော့ ဒုတိယမြောက်
အတူပူးပေါင်းပြီး လုပ်ဖြစ်တာဖြစ်တယ်လို့လည်း စာရေးဆရာတစ်ဖြစ်လဲ A.R.T Film Production
မှ အထွေထွေ မန်နေဂျာဖြစ်တဲ့ စိုးဝေထွန်းက ပြောပါတယ်။
"ကျွန်တော်က ဒီလိုဇာတ်လမ်းမှာပါတာ ပထမဆုံးဆိုပေမယ့် ကိုယ်လုပ်နေကျအလုပ်တစ်ခုကို
ကင်မရာလေးနဲ့ ရိုက်နေသလိုပါပဲ။ ဘာမှတော့ အခက်အခဲ မရှိပါဘူး။ Floating bar ကလည်း
သွားနေကျနေရာဖြစ်ပြီး လုပ်နေကျ အတိုင်းလေးတွေကို မှတ်တမ်းတင်သလိုပါပဲ"လို့ ဇာတ်လမ်းမှာ
ဂီတသမားနေရာက ပါ၀င်ခဲ့တဲ့ Sam က ပြောပါတယ်။
ဒီလိုမျိုး သူငယ်ချင်းတွေနဲ့ ပထမဆုံး ပါ၀င်ခဲ့တဲ့ ဇာတ်လမ်းလေးက အခုလို စင်ကာပူမှာ ပြိုင်ပွဲဝင်
ဇာတ်ကားအနေနဲ့ ရောက်သွားမယ်ဆိုတော့ ပျော်တယ်လို့လည်း သူက ဆိုပါတယ်။
"အခုခေတ်လူငယ်တော်တော်များများက ဂီတကို ရူးသွပ်ကြတယ်။ လုပ်ကြတယ်ပေါ့။ အဲဒါက
ကောင်းပေမယ့် တချို့ဆို ဂီတလုပ်ဖို့အတွက် ကျန်တဲ့ သူ့ဘဝအတွက်အရေးကြီးတဲ့ ပညာရေးတွေ
ကို မေ့သွားပြီး ကျောင်းနားလိုက်တာတို့ ဖြစ်နေကြတယ်ပေါ့။ အဲလိုမဟုတ်ဘဲ ဂီတကိုလည်း
လုပ်ပါ၊ ပညာရေးလည်း အရေးကြီးပါတယ်။ ကျန်တဲ့ အချိန်လေးတွေမှာလည်း အပေါင်းအသင်းနဲ့
ပျော်ပါဆိုတဲ့ အကြောင်းအရာလေးကို ဒီဇာတ်လမ်းကနေ မြင်နိုင်မှာပါ"လို့ Sam က ပြောပါတယ်။
အာကာကျော်ကလည်း "ကျွန်တော် တို့ဇာတ်လမ်းက လူငယ်တွေချည်းပဲ ရိုက်ထားတာပေါ့။
ပျော်စရာအချိန်လည်းရှိသလို ကိုယ်လုပ်စရာရှိတာကို လည်းလုပ်ပေါ့။ မြန်မာနိုင်ငံမှာက မျောနေတဲ့
လူငယ်တွေက များတယ်ဆို တော့။ အဲလိုမျိုး အသိလေးကိုလည်း ပေးချင်တယ်"လို့ ဆိုပါတယ်။
သူတို့ရဲ့ နေ့စဉ်ပုံမှန်ဘဝကိုပဲ ရိုက်ကူးထားတာဆိုပေမယ့် အခက်အခဲလေး တွေရှိတယ်ဆိုတာကို
လည်း မောင်မောင်သာမြင့်က "ဆိပ်ကမ်းက ညနေဆိုလည်း လူများတယ်။ ည ၁၁ နာရီလောက်မှ
လူပြတ်တာဆိုတော့ အဲဒီအချိန်ကြီး သွားရိုက်ရတာပေါ့။ အဲတော့ နည်းနည်းတော့ အန္တရာယ်များ
ပေမယ့် ကျွန်တော်တို့က လူများတော့ ဘာမှတော့ မဖြစ်ပါဘူး"လို့ ပြောပါတယ်။
ဇာတ်လမ်းတိုဆိုပေမယ့် တစ်ကားလုံးကို နောက်ခံတီးလုံးနဲ့ ချပြသွားမှာ ဖြစ်ပြီး နောက်ဆုံးမှာတော့
တစ်ယောက်ချင်းစီရဲ့ Floating bar အပေါ်ခံစားမှုကို အင်တာဗျူးပုံစံ လုပ်ထားတာဖြစ်လို့ မှတ်တမ်း
ကားပုံစံလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
Nut and Butter Film Production နဲ့ A.R.T Production တို့ ပူးပေါင်းစီစဉ်တဲ့ Floating Bliss
ဇာတ်လမ်းကို လာမယ့် ဧပြီလ ၃၀ ဖောင်ပိတ်ရက် မတိုင်ခင် ပြိုင်ပွဲဝင်ရန် တင်ဖြစ်မှာဖြစ်ပြီး ပြိုင်ပွဲ
ပြီးရင်တော့ တစ်ကမ္ဘာလုံးက ကြည့်ရှုနိုင်ဖို့ youtube ၀က်ဘ်ဆိုက်မှာ တင်သွားမယ်လို့ ဆိုပါ
တယ်။
















