ရန်ကုန်မြို့မှာ ပန်းချီပြပွဲတွေဟာ အပတ်စဉ်တိုင်း တစ်နေရာမဟုတ် တစ်နေရာမှာ (သို့) တစ်နေရာမှာထက် ပိုစွာရှိတတ်ကြပါတယ်။
ရန်ကုန်မြို့မှာ ပန်းချီပြပွဲတွေဟာ အပတ်စဉ်တိုင်း တစ်နေရာမဟုတ် တစ်နေရာမှာ (သို့) တစ်နေရာ
မှာထက် ပိုစွာရှိတတ်ကြပါတယ်။
ပြပွဲပထမဆုံးနေ့ (၀ါ) ဖွင့်ပွဲနေ့တွေမှာ ပွဲလာရောက် ကြည့်ရှုသူတွေနဲ့ စည်ကားနေတတ်ပေမယ့်
ကျန်ရက်တွေမှာတော့ ပြပွဲ တော်တော်များများဟာ ခြောက်ကပ်နေတတ်ပါတယ်။
ဒါဟာ ပန်းချီပြပွဲတွေရဲ့ ထုံးစံလိုတောင် ဖြစ်နေပါပြီ။
ဘယ်လိုကြောင့် ဒီလိုထုံးစံမျိုးဖြစ်နေရတာလဲ။ ပြပွဲတွေ ဆက်တိုက်ကျင်းပနေကြပြီး မြန်မာပန်းချီ
လောကဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထက်စာရင် ဦးမော့လာတယ်ဆိုနိုင်ပေမယ့် ပြပွဲတွေကို သွား
ရောက်ကြသူအများစုဟာ ပန်းချီကား ၀ယ်ရောင်းသူနဲ့ ပန်းချီကားစုဆောင်း သူတွေသာ ဖြစ်နေကြ
ဆဲပါပဲ။
လူဦးရေ ငါးသန်းကျော်ရှိတဲ့ ရန်ကုန်မြို့ကြီးမှာ လက်တစ်ဆုပ်စာလောက်လူဦးရေကသာ အနုပညာ
ကို ခံစားတတ်ကြတာလား။
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းဟာ လူအများစုဟာ စီးပွားရေးအခြေအနေကြောင့် အနုပညာကို ခံစား
ဖို့ အချိန်မပေး နိုင်တာကြောင့်လို့ ပန်းချီဆရာမောင်မိုးက သုံးသပ်ပါတယ်။
"အနုပညာလက်ရာပစ္စည်းတွေက အများပြည်သူလက်ထဲ သိပ်မရောက်သေးဘူးဆိုတာ တိုင်းပြည်
က ဆင်းရဲလို့လည်းပါတယ်။ သူတို့မှာ စားရေး သောက်ရေး၊ လူမှုရေး အခက်အခဲတွေကနေ ရုန်းထ
ဖို့ ကြိုးစားနေရတဲ့အထဲမှာ ပန်းချီကိုချစ်သည့်တိုင် ပန်းချီပြခန်းကို သွားလည်ဖို့ အချိန်မရှိဘူး။
အနုပညာ ပစ္စည်းတွေကိုလည်း အားပေးဖို့ ငွေအင်အားမရှိကြပါဘူး"လို့ သူ့အမြင်ကို ပြောပါတယ်။
အနုပညာကို ခံစားဖို့အရေးထက် ပြည်သူလူထုအများစုအတွက် ၀မ်းရေး က ပိုအရေးကြီးနေတယ်
လို့လည်း သူက ထောက်ပြပြောဆိုပါတယ်။
လူတိုင်းဟာ စား၊ ၀တ်၊ နေရေးအဆင် ပြေမှသာ ၀ါသနာပါတဲ့ အရာတွေအပေါ် အာရုံထားနိုင်မှာလို့
လည်း မောင်မိုးက ဆက်ပြောလိုက်ပါသေးတယ်။
"လူထုက ပန်းချီအနုပညာနဲ့ တော်တော်လေး ကင်းကွာသွားပါတယ်။ အဓိက မောင်းနှင်အားက
တော့ စီးပွားရေးကြောင့်ပါ။ နံပါတ်တစ် အရေးကြီးဆုံးက လူတိုင်းလူတိုင်း စားဝတ်နေရေး ပြေလည်
ဖို့ပါ။ ခုလက်ရှိမှာ အများပြည်သူက ပန်းချီလောကမှာ ပန်းချီဆရာတွေ ဘယ်လိုပြောင်းရေးနေကြ
သလဲဆိုတာ တွေကို လုံးဝမသိကြတော့ပါဘူး။ ပန်းချီကားအကြောင်း၊ ပန်းချီအနုပညာ အကြောင်း
ကို ပန်းချီဆရာနဲ့ ပန်းချီဝယ် ရောင်းတွေလောက်ပဲ သိကြတော့တယ်။ အများပြည်သူအတွက်
ဖန်တီးထားတဲ့ ပန်းချီအနုပညာဟာ လူထုကမခံစားနိုင်ဘဲ သီးသန့်လူတန်းစားတစ်ရပ်အတွက်
ဖြစ်လာတယ်"လို့ သူက ပြောပါတယ်။
ဒီတော့ အနုပညာရှင်ပန်းချီဆရာတွေဟာလည်း ဈေးကွက်ဝင်သူတချို့သာ အဆင်ပြေသူတွေ ရှိကြ
ပေမယ့် အများစုကတော့ လူမှုရေး၊ စီးပွားရေးနဲ့ မိသားစု အရေးကို လျစ်လျူရှုပြီး အနုပညာကို
ဖန်တီးကြရတယ်လို့ သူက ဆိုပါတယ်။ ပန်းဆိုးတန်း(အောက်လမ်း)မှာ ရှိတဲ့ လောကနတ်ပန်းချီ
ပြခန်းဟာ တစ်လကို ပန်းချီပွဲလေးပွဲခန့် ပြသလေ့ရှိပြီး နာမည်ကျော် ပန်းချီဆရာတွေရဲ့ ပန်းချီပွဲမှ
သာ ပန်းချီကားအရေအတွက် အသင့်အတင့် ရောင်းရလေ့ရှိတယ်လို့ ပြခန်းတာဝန်ခံ ဦးဇော်ဝင်းက
ပြောပါတယ်။
"ပန်းချီဆရာ ခင်မောင်ရင်တို့၊ ၀င်းဖေမြင့်တို့ရဲ့ ပန်းချီကားတွေက သီးသန့် စုဆောင်းသူတွေ ရှိပါ
တယ်။ နှစ်ဆန်းမှာ ပြသွားတဲ့ ပန်းချီဆရာဝင်းဖေမြင့်ရဲ့ ပုံကြမ်း၁၀၀ ပြပွဲမှာ ပုံကြမ်း ၄၀ ကျော်ခန့်
ရောင်းချရပါတယ်။ ဆရာက သူ့ပန်းချီ ကားတွေကို ပန်းချီချစ်တဲ့ သာမန်လူတန်း စားတစ်ရပ်ဝယ်
နိုင်အောင် ပန်းချီကား တစ်ကားဈေးကို ကျပ်ငါးသောင်းနဲ့ လျှော့ချရောင်းပါတယ်"လို့ အောင်မြင်တဲ့
ပန်းချီပွဲတစ်ပွဲရဲ့ အခြေအနေကို ပြောပြပါတယ်။
"သူ့ပုံကြမ်းတွေက သိန်းကျော်တန်ပါတယ်။ ဒီအပြင် ပွဲမှာ ခင်မင်တဲ့သူတွေကို တစ်ကားဝယ်
တစ်ကားလက်ဆောင်ပေးတော့ သူ့ပွဲမှာ ပုံကြမ်းပေါင်း ၉၀ နီးပါးလောက် ကုန်သွားပါတယ်"လို့
လည်း ပြောပြပါတယ်။
သူ့ရဲ့ပန်းချီပြခန်းနား ဖြတ်သွားရင်း လမ်းကြံုလို့ ၀င်ရောက်ကြည့်ရှုတဲ့ ပန်းချီ စိတ်ဝင်စားသူတွေက
တော့ ဈေးနှုန်းသက်သာပြီး သယ်ရတာ လွယ်ကူတဲ့ အရွယ်အစားခပ်သေးသေး ပန်းချီကား တွေကို
၀ယ်ယူသွားလေ့ရှိတယ်လို့ ဆိုပါတယ်။
"ပန်းချီစုဆောင်းသူတွေက သူတို့ နှစ်သက်တဲ့ ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို အရွယ်အစားနဲ့
ဈေးနှုန်းကို မကြည့်ဘဲ ၀ယ်ယူကြပါတယ်။ ပန်းချီကို ချစ်တဲ့ သာမန်လူထုကတော့ ပြခန်းကို
ရောက်ရင် ပန်းချီဆရာအစွဲမရှိဘဲ သူတို့တတ်နိုင်တဲ့ သက်သာတဲ့ဈေးနှုန်းနဲ့ ပန်းချီကားအရွယ်အစား
ကလည်း သေးမယ်ဆို ၀ယ်သွားတာပဲ" လို့ ဦးဇော်ဝင်း က ပြောပါတယ်။
ပန်းချီမောင်မိုးက သူတို့ပန်းချီဆရာ အများစုဟာ ပန်းချီပွဲတော်တော်များများမှာ ပြသပေမယ့်
သင့်တင့်တဲ့ ပန်းချီကား အရေအတွက် မရောင်းရတာကြောင့် ဗိုလ်ချုပ်ဈေးက ပန်းချီကားအရောင်း
ဆိုင်တွေကို အားကိုးရတယ်လို့ ဆိုပါတယ်။
"Golden Valley ပန်းချီပြခန်းလည်း ပေါက်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ၀င်တိုးဖို့ကလည်း ခက်တယ်။
ဒါကြောင့် ပန်းချီဆရာအများစုက လက်သင့်ရာ ဗိုလ်ချုပ်ဈေးက ပန်းချီကားအရောင်းဆိုင်တွေကို
အားကိုးရပါတယ်။ ဗိုလ်ချုပ်ဈေးက ပန်းချီကား အရောင်းဆိုင်တွေမှာ သွားရောင်းရင် ပြပွဲတင်ပန်းချီ
ကားတစ်ကားကို သောင်းဂဏန်းပေးပြီး သာမန်ပန်းချီ ကားဆိုရင် ထောင်ဂဏန်းပဲ ရပါတယ်" လို့
ပန်းချီဈေးကွက်ကို ပြောပြပါတယ်။
ပန်းချီဆရာ ကိုကိုအောင်ကလည်း "ပန်းချီကားကို မြတ်မြတ်နိုးနိုး ၀ယ်ယူစုဆောင်းတဲ့သူရှိသလို
၀ယ်ရောင်းလုပ်တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလူ တန်းစားနှစ်ရပ်လောက်ပဲ ပန်းချီပြပွဲရှိရင် ပြခန်း
ကို လာကြတယ်။ ကျန်တဲ့လူထုက တော့ ပန်းချီပြခန်းကို တကူးတက ၀င်ကြည့်ခဲပါတယ်"လို့
ပြောပါတယ်။
ပန်းချီမောင်မိုးကတော့ တိုင်းပြည်မှာ တစ်နေ့စာတစ်နေ့ ရုန်းကန်နေရတဲ့သူ တွေ များလာလေလေ
အနုပညာကို ခံစားနိုင်တဲ့အဆင့်တွေ ကျလာလေဖြစ်မှာပဲလို့ ဆိုပါတယ်။
"ပန်းချီအနုပညာကို လူအများ စိတ်ဝင်စားလာဖို့ စီးပွားရေးကောင်းဖို့ မလိုပါဘူး။ စားဝတ်နေရေး
အသင့်အတင့် ပြေလည်ဖို့ပဲ လိုပါတယ်။ အခြေခံစား ၀တ်နေရေး ပုံမှန်လေးဖြစ်နေရင် အနုပညာကို
ခံစားနိုင်တဲ့အဆင့် ရောက်နိုင်ပါတယ်"လို့လည်း ထပ်ပြောပါတယ်။
















