အင်္ဂလန်ဆပ်ကပ်ပွဲတွေကနေ တောနေ တိရစ္ဆာန်တွေ လွတ်လပ်ခွင့်ရပြီ

အင်္ဂလန်ဆပ်ကပ်ပွဲတွေကနေ တောနေ တိရစ္ဆာန်တွေ လွတ်လပ်ခွင့်ရပြီ

တောနေ တိရစ္ဆာန်တွေကို ဆပ်ကပ်ပွဲမှာ အသုံးမချဖို့ နှစ်ရှည်လများ ကြိုးပမ်းခဲ့ကြပြီးတဲ့နောက် အင်္ဂလန်နိုင်ငံက နယ်လှည့်ဆပ်ကပ်အဖွဲ့တွေမှာ တောနေ တိရစ္ဆာန်တွေကို အသုံးပြုဖျော်ဖြေတင်ဆက်တာကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကစပြီး တားမြစ်ပိတ်ပင်တော့မှာ ဖြစ်တယ်လို့ အင်္ဂလန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။

တောနေ တိရစ္ဆာန်တွေကို ဆပ်ကပ်ပွဲမှာ အသုံးမချဖို့ နှစ်ရှည်လများ ကြိုးပမ်းခဲ့ကြပြီးတဲ့နောက်
အင်္ဂလန်နိုင်ငံက နယ်လှည့်ဆပ်ကပ်အဖွဲ့တွေမှာ တောနေ တိရစ္ဆာန်တွေကို အသုံးပြုဖျော်ဖြေ
တင်ဆက်တာကို ၂၀၁၅ ခုနှစ်၊ ဒီဇင် ဘာလကစပြီး တားမြစ်ပိတ်ပင်တော့မှာ ဖြစ်တယ်လို့ အင်္ဂလန်
အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။

ပါလီမန်မှာ တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းအရ ဆပ်ကပ်အဖွဲ့တွေဟာ သတ်မှတ်ထားတဲ့ အချိန်မတိုင်
ခင် အတွင်းမှာလည်း သူတို့ရဲ့ပြပွဲတွေမှာ တောနေတိရစ္ဆာန်တွေကို သူတို့ သဘာဝနဲ့ လိုက်လျော
ညီထွေအောင်ထားပြီး ပြသရမှာဖြစ်သလို တိရစ္ဆာန်တွေအတွက် နေရာသစ်တွေလည်း ရှာပေးရမှာ
ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ဒုတိယဝန်ကြီး ရောဘတ်ပွန်ဆွန်ဘီက ပြောပါတယ်။

"ဒီဥပဒေဟာ ကျွန်တော်တို့နိုင်ငံတွင်းက ဆပ်ကပ်အဖွဲ့တွေမှာ တောနေ တိရစ္ဆာန်တွေ အသုံးပြုပြ
သတာကို ရပ်ဆိုင်းပေးမှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးကို
ဆောင်ရွက်နေတဲ့ ဦးဆောင် နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာမှာ နာမည်ကောင်းရထားတဲ့
ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားကို ပိုမိုခိုင်မာအောင်လည်း လုပ်ပေးနိုင်ပါတယ်" လို့ သူက
ပြောပါတယ်။

ဆပ်ကပ်ပွဲတွေမှာ တောနေတိရစ္ဆာန်တွေ အသုံးပြုတာကို တားမြစ်ဖို့ ဥပဒေ ပြုအမတ်တွေက
ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက မဲပေးခဲ့ကြပြီး တိရစ္ဆာန်အခွင့်အရေးဆိုင်ရာအဖွဲ့တွေကလည်း
အပြောင်းအလဲတွေလုပ်ဖို့ ဖိအားပေး တိုက်တွန်းခဲ့ကြပါတယ်။

ဒါပေမဲ့ အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေဟာ ဆပ်ကပ်အဖွဲ့ ပိုင်ရှင်တွေဆီကနေ ဥပဒေကြောင်းအရ
စောဒကတက်ကြမှာကို အစပိုင်းမှာ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

"ကနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့လူသားတွေ ပျော်ရွှင်မှုအတွက် တိရစ္ဆာန်တွေ
အသုံးချဖျော်ဖြေတာမျိုးကို လက်မခံကြတော့ပါဘူး။ ဒီအတွက် ကျွန်တော်တို့ အရမ်းကို ၀မ်းသာပါ
တယ်"လို့ ဗြိတိန်တိရစ္ဆာန် ဆေးကုဆရာဝန်အသင်း ဥက္ကဋ္ဌ ပီတာဂျုန်းစ်က ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အစိုးရကလည်း တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေးအတွက်
ပြင်းထန်တဲ့ စည်းမျဉ်းသစ်တွေ ချမှတ်ပေးပြီးသား ဖြစ်ပါတယ်။

လက်ရှိကာလမှာ ဆပ်ကပ်အဖွဲ့နှစ်ဖွဲ့ကို တောနေတိရစ္ဆာန်အမျိုး ၂၀ လောက် အသုံးပြုပြီး
ဆပ်ကပ်ပြသ ခွင့်လုပ်ငန်းလိုင်စင်ချပေးထားပါတယ်။

ဒါပေမဲ့ ဒီလိုစီစဉ်ပေးခြင်းဟာ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး အတွက် မလုံလောက်သေး
ကြောင်းနဲ့ တောနေတိရစ္ဆာန်တွေဟာ နယ်လှည့် ဆပ်ကပ်အဖွဲ့တွေမှာ မပါ၀င်သင့်ပါဘူးလို့ ဂျုန်းစ်
က ပြောပါတယ်။

လိုင်စင်ရဆပ်ကပ်အဖွဲ့နှစ်ဖွဲ့မှ တစ်ဖွဲ့ဖြစ်တဲ့ Circus Mondao ဆက်ကပ် အဖွဲ့မှာ ကုလားအုတ်၊
တောင်အမေရိက ကုလားအုတ်လားမားတွေနဲ့ မြင်းကျားတွေလည်း ပါ၀င်ပြီး Peter Jolly's Circus
အဖွဲ့ရဲ့ အွန်လိုင်းပြကွက်တွေ မှာတော့ လားမားပုံတွေ ပြသထားတာ တွေ့ရပါတယ်။

ဒီဆပ်ကပ်အဖွဲ့တွေမှာ ဥပဒေသစ်အရ ခွင့်ပြုထားတဲ့ မြင်းတွေလည်း အသုံးပြုပြသကြပါတယ်။

ဆပ်ကပ်အဖွဲ့အသင်းကြီးတစ်ခု ဖြစ်တဲ့ Classical Circus Association ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က
တော့ ဒီတားမြစ်မှုဟာ မလိုအပ်ပါဘူးလို့ ပြောပါတယ်။

ရှောင်တခင် ၀င်ရောက်စစ်ဆေးတာ မျိုးတွေလည်း ပါ၀င်တဲ့ စည်းမျဉ်းသစ်ကို ဆပ်ကပ်အဖွဲ့ပိုင်ရှင်
တွေက လက်ခံကြကြောင်းနဲ့ ဆပ်ကပ်ပြသခွင့် လုပ်ငန်း လိုင်စင်ပေးထားတာဟာ "သူတို့ လုပ်တာ
မှန်တယ်ဆိုတာကိုု" ပြသရာရောက်တယ်လို့ ပြောကြကြောင်း ခရစ်ဘားလ် ထရော့ပ်က ပြောပါ
တယ်။

"ဆပ်ကပ်ပြပွဲခွင်မှာ တိရစ္ဆာန်တွေ ရှိတာကောင်းတယ်လို့ သိပ္ပံနည်းကျကျ၊ အစွဲကင်းကင်း ကြည့်
တတ်တဲ့သူတွေ အတွက်ကတော့ ကျေနပ်စရာဖြစ်စေတာကြောင့် တောနေတိရစ္ဆာန်တွေ ဆပ်ကပ်
ပွဲမှာ ပြသခွင့်တားမြစ်ပိတ်ပင်တာကတော့ မလိုအပ်ပါဘူး"လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

ဒါ့အပြင် စစ်ဆေးရေးအရာရှိတွေဟာ တိရစ္ဆာန်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ
လိုအပ်ချက်တွေကို အကဲဖြတ်စစ်ဆေးပေးကြတယ်လို့လည်း ဆိုပါတယ်။ ကျွန်တော်တို့ လုပ်ငန်း
ပုံစံကလည်း တခြားလှောင်အိမ်နဲ့ မွေးထားတဲ့ လုပ်ငန်းမျိုးတွေနဲ့ အတူတူပါပဲ" လို့လည်း သူက
ပြောပါတယ်။

တခြားဒေသက တောနေတိရစ္ဆာန် တွေကို အများပြည်သူတွေ ကြည့်ရှု နိုင်ဖို့အတွက် ပြီးခဲ့တဲ့
ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဗြိတိန်ဆက်ကပ်ပြပွဲတွေမှာ တောနေတိရစ္ဆာန်တွေ မရှိမဖြစ််ပါခဲ့တာ
ကို ဒုတိယဝန်ကြီး ရောဘတ်ပွန်ဆွန်ဘီက လက်ခံပါတယ်။

ဒါပေမဲ့ အခုခေတ်မှာတော့ လူတွေဟာ တိရစ္ဆာန်ရုံတွေနဲ့ တောနေတိရစ္ဆာန် သဘာဝမှတ်တမ်းတင်
အခွေတွေကနေ တိရစ္ဆာန်တွေရဲ့သဘာဝကို အပြည့်အဝ ကြည့်ရှုနိုင်ကြပြီဖြစ်ကြောင်းနဲ့ တောနေ
တိရစ္ဆာန်တွေကို ဆပ်ကပ်ပွဲတွေမှာ မပြသင့်ဘူးဆိုတဲ့အချက်ကို လူအများစုက လက်ခံလာကြပြီ
ဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး