နိုင်ငံတကာဆုရ မော်ဒယ်ထွန်းကိုကို ဟာ ဧပြီလ ၂၇ ရက်နေ့မှာ ကိုရီးယား နိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာဖက်ရှင် ရှိုးပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတာ ကြောင့် ၂၅ ရက်နေ့ည လေယာဉ်နဲ့ မြန်မာနိုင်ငံကနေ သွားရောက်မယ်လို့ သိရပါတယ်။
နိုင်ငံတကာဆုရ မော်ဒယ်ထွန်းကိုကို ဟာ ဧပြီလ ၂၇ ရက်နေ့မှာ ကိုရီးယား နိုင်ငံမှာ ကျင်းပမယ့်
နိုင်ငံတကာဖက်ရှင် ရှိုးပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတာ
ကြောင့် ၂၅ ရက်နေ့ည လေယာဉ်နဲ့ မြန်မာနိုင်ငံကနေ သွားရောက်မယ်လို့ သိရပါတယ်။
ဖက်ရှင်ပွဲကို ပံ့ပိုးကူညီပေးတဲ့ ကိုရီးယားနိုင်ငံရှိ Aqua Land ကုမ္ပဏီရဲ့ အထူးဖိတ်ကြားချက်အရ
သွားရောက်မှာဖြစ်ပြီး ရက်အနည်းသာကြာမယ့် ခရီးစဉ်ဖြစ်တယ်လို့ မော်ဒယ်ထွန်းကိုကိုက ဧပြီလ
၂၃ ရက်နေ့မှာ မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့ပါတယ်။
"ဟိုရောက်ရင် ပွဲနှစ်ပွဲ တက်ရမယ်။ တစ်ပွဲကတော့ ဖက်ရှင်ရှိုးပေါ့။ အဲဒီမှာ ဧည့်သည်အနေနဲ့
ဖက်ရှင်ရှိုးမှာ လျှောက်ပေးရမယ်။ နောက်တစ်ပွဲကတော ဟိုရောက်မှ သိရမယ်။ အဝတ်အစားက
တော့ မြန်မာဝတ်စုံလည်း ကျွန်တော် ပြင်ဆင်ထားတယ်။ လိုအပ်ရင်လည်း ၀တ်ရမှာပေါ့။ ဒါပေမဲ့
သူတို့က ကျွန်တော့ ကိုယ်တိုင်းကို ယူထားပြီးသားပါ" လို့ ပြောပါတယ်။
နိုင်ငံတကာဖက်ရှင်ပွဲတော်ကို KMA (Korea Model Association) မှ စီစဉ်တာဖြစ်ပြီး နိုင်ငံတကာ
မှ မော်ဒယ်များ လည်းပါ၀င်ကြမယ်လို့လည်း ဆိုပါတယ်။
ထွန်းကိုကိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Asia New Star
Model Contest 2013 မှာ အာရှ ၁၅ နိုင်ငံက ပြိုင်ပွဲဝင်တွေနဲ့အတူ ပါ၀င်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု
ဖြစ်တဲ့ Grand Price ဆုနဲ Title ဆုရရှိခဲ့သူ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် လာမယ့် စက်တင်ဘာလ မှာလည်း အီတလီနိုင်ငံက ဖက်ရှင်ရှိုးတစ်ခု
တက်ရောက်ဖို့လည်း ကမ်းလှမ်းခံထားရပေမယ့် သိပ်မသေချာ သေးဘူးလို့ ဆိုပါတယ်။















