သမ္မတကြီးရဲ့မွေးနေ့ကို Street artist တစ်ဦး ပုံတူဆွဲပြီး ဂုဏ်ပြုခဲ့

သမ္မတကြီးရဲ့မွေးနေ့ကို Street artist တစ်ဦး ပုံတူဆွဲပြီး ဂုဏ်ပြုခဲ့

ဧပြီလ ၂၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ၆၈ နှစ်မြောက် မွေးနေ့အတွက် ပြည်သူပြည်သားတွေဟာ လူမှုရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကနေ မွေးနေ့ဆုတောင်းမှု တွေပြုလုပ်ခဲ့ကြသလို Street artist တစ်ဦးကလည်း ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးတစ်ခုရဲ့ နံရံတစ်ခုပေါ်မှာ သမ္မတကြီးရုပ်ပုံကို ရေးဆွဲလို့ ဂုဏ်ပြုခဲ့ ...

ဧပြီလ ၂၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ၆၈ နှစ်မြောက် မွေးနေ့အတွက်
ပြည်သူပြည်သားတွေဟာ လူမှုရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကနေ မွေးနေ့ဆုတောင်းမှု
တွေပြုလုပ်ခဲ့ကြသလို Street artist တစ်ဦးကလည်း ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးတစ်ခုရဲ့ နံရံ
တစ်ခုပေါ်မှာ သမ္မတကြီးရုပ်ပုံကို ရေးဆွဲလို့ ဂုဏ်ပြုခဲ့ပါတယ်။

Street artist အာကာကျော်ဟာ သမ္မတကြီးရဲ့နံရံဆေးမှုတ်ပုံတူကို ကမ္ဘာအေးဘုရားလမ်း၊
ချော်တွင်းကုန်းမီးပွိုင့် အနီးက နံရံပေါ်မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

"သမ္မတကြီး ဦးသိန်းစိန်ရဲ့မွေးနေ့ ဧပြီလ ၂၀ ရက်နေ့၊ မနက် ၄ နာရီမှာ ချော်တွင်းကုန်းမီးပွိုင့်အနီး
က နံရံမှာ နံရံဆေးမှုတ်ပန်းချီရေးခဲ့ပါတယ်။ မနက် စောစောဆို မြို့ထဲကို အလုပ်သွားကြတဲ့
ဘတ်စ်ကားစီး ခရီးသည်တော်တော်များများ ချော်တွင်းကုန်းမီးပွိုင့်က ဖြတ်ပါတယ်။ ကျွန်တော်က
သမ္မတကြီးပုံတူနဲ့ Happy Birthday ပါ စာတမ်းကိုလည်း မှုတ်ဆေးနဲ့ ရေးခဲ့တယ်။ အဲဒီမီးပွိုင့်ကို
ဖြတ်တဲ့သူတွေ တွေ့စေချင်လို့ပါ"လို့ ပုံတူဆွဲသူ အာကာကျော်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါပေမဲ့ နေ့လယ်ပိုင်းမှာပဲ ဆေးဖြူတွေ နဲ့ ဖျက်ခံလိုက်ရတယ်လို့ သူကပြောပြပါတယ်။

"ဧပြီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှာပဲ ဆဲဗင်းဒေးဂျာနယ်က ဓာတ်ပုံလာရိုက်ပြီး သုံးမိနစ်လောက်
အကြာမှာ ရဲက လာဖျက်သွားပါတယ်။ ရဲက ဖျက်တယ် လိုု့ ဂျာနယ်ကကျွန်တော့်ကို အကြောင်း
ကြားခဲ့ပါတယ်"လို့လည်း ပြောပါတယ်။

သမ္မတကြီးရဲ့မွေးနေ့ကို ဒီလထဲကျမှ သိရှိတာလို့ဆိုပြီး သူသိသလို လူတိုင်းလည်း သိစေချင်လို့
ပုံဆွဲဖြစ်ခဲ့တာပါလို့ လည်း သူက ပြောပါတယ်။ အာကာကျော်ဟာ ပြီးခဲ့တဲ့နှစ်က လာရောက်ခဲ့တဲ့
သမ္မတအိုဘားမားရဲ့ သမိုင်းဝင်မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုတဲ့အနေနဲ့ သမ္မတပုံတူကို နံရံဆေးမှုတ်
ပန်းချီရေးဆွဲခဲ့ပြီးနောက်ပိုင်း လူသိများတဲ့ Street artist တစ်ယောက်ဖြစ်လာခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး