၀င်ဆာရဲတိုက်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပတဲ့ ကင်းထောက်လူငယ်ဆု ချီးမြှင့်ပွဲကို အသက် ၃၁ နှစ်အရွယ် တော်ဝင်မိခင်လောင်း ကိတ်မစ်ဒယ်လ်တန် တက်ရောက်ခဲ့ရာမှာ ချည်သား အစိမ်းနုရောင် မာလ်ဘယ်ရီကုတ်၊ ဦးထုပ်ပုံစံ ၀ိှုက်တလေ ဆံပင်အလှဆင်ပစ္စည်း၊ အသားရောင် LK Bennett ဒေါက်မြင့်ဖိနပ်တို့နဲ့ ကြော့ရှင်းလှပစွာ ...
၀င်ဆာရဲတိုက်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပတဲ့ ကင်းထောက်လူငယ်ဆု ချီးမြှင့်ပွဲကို အသက်
၃၁ နှစ်အရွယ် တော်ဝင်မိခင်လောင်း ကိတ်မစ်ဒယ်လ်တန် တက်ရောက်ခဲ့ရာမှာ ချည်သား အစိမ်းနု
ရောင် မာလ်ဘယ်ရီကုတ်၊ ဦးထုပ်ပုံစံ ၀ိှုက်တလေ ဆံပင်အလှဆင်ပစ္စည်း၊ အသားရောင် LK
Bennett ဒေါက်မြင့်ဖိနပ်တို့နဲ့ ကြော့ရှင်းလှပစွာ တွေ့မြင်ကြရပါတယ်။
ကင်းထောက်လူငယ်အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကိန်းဘရစ်ချ်မြို့စားကတော် ကိတ်ဟာ ကင်းထောက်
လူငယ်တွေအတွက် အမြင့်ဆုံးဆုဖြစ်တဲ့ "Queen's Scout Award" ဆုရရှိတဲ့ ဗြိတိန်လူငယ်လေး
နဲ့လည်း စကားစမြည်ပြောဆိုခဲ့တယ်လို့ ဘီဘီစီမှာ ဖော်ပြထားပါတယ်။
ဒီဆုဟာ အသက် ၁၆ နှစ်ကနေ ၂၅ နှစ်အတွင်း ကင်းထောက်လူငယ်တွေရဲ့ တစ်နှစ်အတွင်း ရပ်ရွာ
အကျိုးသယ်ပိုးရာမှာ ပါ၀င်ခဲ့တာတွေအပါအဝင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် ချီးမြှင့်ပေး
တာ ဖြစ်ပါတယ်။
ကိတ်မစ်ဒယ်လ်တန်ဟာ ၂၀၁၂ ခုနှစ်မှာ ကင်းထောက်လူငယ်အဖွဲ့ထဲ ၀င်ရောက်ခဲ့တာကြောင့်
အဖွဲ့ထဲကို လူငယ် ၂,၈၀၀ ကျော်လောက် ထပ်မံ ၀င်ရောက်ခဲ့ကြပြီး ဒီနှုန်းထားဟာ ၁၉၈၆ ခုနှစ်
နောက်ပိုင်းမှာ လူငယ်အဖွဲ့ဝင် ဒုတိယအများဆုံး ၀င်ရောက်ခဲ့တဲ့နှုန်းထားဖြစ်တယ်လို့ သိရပါတယ်။
(ယူပီအိုင်)
















