ကိုယ်ပိုင်ဟန်နဲ့ လျှောက်လှမ်းခဲ့တဲ့ ဘောလိ၀ုဒ် နှစ်ပေါင်းတစ်ရာပြည့်ပြီ

ကိုယ်ပိုင်ဟန်နဲ့ လျှောက်လှမ်းခဲ့တဲ့ ဘောလိ၀ုဒ် နှစ်ပေါင်းတစ်ရာပြည့်ပြီ

အဖြူအမည်း အသံတိတ်ရုပ်ရှင်တွေ ပြသခဲ့ပြီး နှစ်ပေါင်းတစ်ရာအကြာမှာ အိန္ဒိယနိုင်ငံရဲ့ အရောင်တောက် တောက်အဝတ်အစားတွေနဲ့ သီချင်းတွေ၊ အကတွေပါတဲ့ ရုပ်ရှင်တွေ ထုတ်လုပ်ရာ ရုပ်ရှင်ကုမ္ပဏီတွေဟာ ဒီတစ်ပတ်မှာ ရုပ်ရှင်လုပ်ငန်း နှစ် တစ်ရာပြည့်အခမ်းအနား.....

အဖြူအမည်း အသံတိတ်ရုပ်ရှင်တွေ ပြသခဲ့ပြီး နှစ်ပေါင်းတစ်ရာအကြာမှာ အိန္ဒိယနိုင်ငံရဲ့ အရောင်
တောက် တောက်အဝတ်အစားတွေနဲ့ သီချင်း တွေ၊ အကတွေပါတဲ့ ရုပ်ရှင်တွေ ထုတ်လုပ်ရာ ရုပ်
ရှင်ကုမ္ပဏီတွေဟာ ဒီတစ်ပတ်မှာ ရုပ်ရှင်လုပ်ငန်း နှစ် တစ်ရာပြည့်အခမ်းအနားကို ကျင်းပခဲ့ ကြပါ
တယ်။

အိန္ဒိယနိုင်ငံဟာ နောက်လမှာ ကျင်းပမယ့် ကန်းစ်ရုပ်ရှင်ပွဲတော်မှာ ဧည့်သည်နိုင်ငံအဖြစ် ဖိတ်ကြား
ခံရ တာကြောင့် ပါ၀င်တက်ရောက်မှာ ဖြစ်သလို နှစ်တစ်ရာပြည့်အထိမ်း အမှတ်အဖြစ် နာမည်ကြီး
ဒါရိုက်တာ လေးဦး ဖန်တီးတင်ဆက်ထားတဲ့ ရုပ်ရှင် ဓသြာဘပေ ွှေူုငနျဓ ကိုလည်း အမှတ် တရ
ထုတ်လုပ်မှာ ဖြစ်ပါတယ်။

မြို့တော်နယူးဒေလီမှာ ကျင်းပတဲ့ ပြပွဲတွေမှာ နှစ်ရာပြည့်အတွင်းက ထုတ်လုပ်ဖန်တီးခဲ့တာတွေကို
ခင်းကျင်း ပြသနေပါတယ်။ အဲဒီပြသတာတွေထဲ မှာ အရင်က ဆင်ဆာဥပဒေနဲ့ ငြိစွန်း တဲ့အနမ်း
ပေးတဲ့ အခန်းတွေ ပါတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါ၀င်ပါတယ်။

ဒီနှစ်တစ်ရာပြည့်ပွဲဟာ အိန္ဒိယ ရုပ်ရှင်လုပ်ငန်း အစောပိုင်းကာလက ဟိန္ဒူဒဏ္ဍာရီတွေကို ရုပ်ရှင်
အဖြစ် ဆီလျော်အောင် ရိုက်ပြထားတဲ့ ဇာတ် လမ်းတွေကနေ အခုခေတ် အချစ်ဖန်စီ ဇာတ်လမ်း
တွေအထိ အိန္ဒိယရုပ်ရှင် လုပ်ငန်း ဘယ်လိုပြောင်းလဲဖြစ်ပေါ်လာ သလဲဆိုတာကို ဖော်ထုတ်ပြ
သနိုင်တဲ့ အချိန်ကောင်းတစ်ခုပါ။

စီးပွားရေး အရကြည့်မယ်ဆိုရင် အိန္ဒိယရုပ်ရှင် လုပ်ငန်းဟာ အောင်မြင်မှုရနေပါတယ်။ ပြီးခဲ့တဲ့နှစ်
မှာ ရုပ်ရှင်ကားပေါင်း ၁,၅၀၀ နီးပါး ရိုက်ကူးထုတ်လုပ်ခဲ့ပြီး နိုင်ငံရဲ့ ရုပ်ရှင်လုပ်ငန်းဟာ လာမယ့်ငါး
နှစ် အတွင်းမှာ ဒေါ်လာနှစ်ဘီလျံကနေ ၃ ဒသမ ၆ ဘီလျံအထိ တိုးတက်လာ လိမ့်မယ်လို့ ခန့်မှန်း
ထားကြောင်း အကြံပေးကုမ္ပဏီ ကေပီအမ်ဂျီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဘောလိ၀ုဒ် ရုပ်ရှင်လုပ်ငန်းမှာ အောင်မြင်မှုရနေတဲ့ဇာတ်လမ်းတွေက တော့ ဟင်ဒီစကားပြော
ဇာတ်လမ်းတွေ ဖြစ်ပြီး ရုပ်ရှင်ကို စွဲစွဲလမ်းလမ်း နှစ်သက်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ စိတ်နှလုံး
ကို ပိုင်စိုးထားနိုင်လို့ပဲ ဖြစ် ပါတယ်။

ဒါပေမဲ့ ရုပ်ရှင်လုပ်ငန်းက ၀ါရင့်ပုဂ္ဂိုလ်တွေကတော့ အခုခေတ် ရုပ်ရှင်ကားတွေဟာ ဒီခေတ်မှာ ဖြစ်
နေတဲ့ လူမှုရေးအခက်အခဲတွေကို လျစ်လှူရှုထားတဲ့အတွက် ပေါ့ ပြက်ပြက် ဖြစ်လာနေပြီလို့ ညည်း
နေကြပါတယ်။

"အခုခေတ်ရုပ်ရှင်ကားတွေက ပညာ ပေးတာတွေ သိပ်မပါတော့တဲ့ ခပ် ပေါ့ပေါ့ကားတွေ ဖြစ်နေ
ပါတယ်။ ဇာတ်လမ်းအကျပ်အတည်းလို့ ပြော ရမယ့်အဖြစ်မျိုး ကြံုနေရတယ်လို့ ထင် တယ်"လို့
၀ါရင့်ဒါရိုက်တာနဲ့ ထုတ်လုပ် သူ Mahesh Bhatt က ပြောပါတယ်။

၏အခုခေတ် ဒါရိုက်တာတွေကို 'အိန္ဒိယရုပ်ရှင်လုပ်ငန်းရဲ့ဖခင်ကြီး' လို့ တင်စားကြတဲ့ Dhundiraj
Govind Phalke နဲ့ သူက နှိုင်းယှဉ်ပြောပါတယ်။ ဒီဒါရိုက်တာကြီးဟာ အိန္ဒိယရုပ်ရှင် ဇာတ်ကား
အားလုံးအတွက် ၁၉၁၃ ခုနှစ်၊ မေလ ၃ ရက်ကစပြီး (အခု မွမ်ဘိုင်းလို့ခေါ်တဲ့) ဘုံဘေမှာ ငွေရောင်
ပိတ်ကားကို စတင်မိတ်ဆက်ပေးခဲ့သူပဲ ဖြစ်ပါတယ်။

ဟိန္ဒူဝတ္ထုရှည် Mahabharata ထဲက ပုံပြင်တစ်ပုဒ်ကို ရိုက်ကူးတင်ပြထားတဲ့ Raja Harishchandra
ဇာတ်လမ်းဟာ အမျိုးသမီး ဇာတ်ကောင်နေရာမှာ အမျိုးသားတွေပဲ သရုပ်ဆောင်ထား ပေမယ့်
တစ်ဟုန်ထိုး နာမည်ရသွား ခဲ့ပါတယ်။ အဲဒီခေတ်တုန်းက လူအများစု ဟာ ရုပ်ရှင်ဇာတ်လမ်းတွေ
မှာ အမျိုး သမီးတွေ သရုပ်ဆောင်အဖြစ်ပါ၀င် တင်ဆက်တာကို လက်မခံချင်ကြပါဘူး။

ဒါရိုက်တာPhalke ဟာ အသံထွက် ရုပ်ရှင်ကားတွေ ပေါ်ပေါက်လာတဲ့ ၁၉၃၀ ပြည့်လွန်နှစ်မတိုင်
ခင်အတွင်းမှာ အသံတိတ်ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာ
အိန္ဒိယရုပ်ရှင်ကားတွေ အောင်မြင်မှုရနေတာဟာ အသံနည်း ပညာ ထွန်းကားလာတာကြောင့်ပဲ
ဖြစ် ပါတယ်။

ကနေ့ခေတ် ဘောလိ၀ုဒ် ကားတွေရဲ့ ဇာတ်ကွက်တွေမှာ သရုပ် ဆောင်တွေ သီချင်းဆိုပြီးကကြ
တာ၊ ဝေးလံခေါင်ဖျားဒေသက ရှုခင်းတွေကို ပြသတာတွေ ပါ၀င်ပါတယ်။ ဒီစတိုင်ဟာ အနောက်နို
င်ငံက ပရိသတ်တွေ နားလည်ချင်မှ နားလည်မှာဖြစ်ပေမယ့် အိန္ဒိယရုပ်ရှင်တွေကို တစ်မူကွဲပြားသွား
စေပါတယ်။

"ဘောလိ၀ုဒ်ရုပ်ရှင်တွေသာ ဟောလိ ၀ုဒ်ကလိုမျိုး ပုံစံတူဖြစ်နေရင် ဟောလိ ၀ုဒ်ရုပ်ရှင်တွေဟာ
ကျွန်မတို့ထက် သာနေမှာပါ။ ကျွန်မတို့က သူတို့ လောက် ငွေမသုံးနိုင်ဘူးလေ"လို့ ရုပ်ရှင် ဝေဖန်
ရေးဆရာမ Anupama Chopra က ပြောပါတယ်။

သူတို့အတွက်ကတော Satyajit Ray လို နာမည်ကြီးဒါရိုက်တာတွေ ထွက်ပေါ်လာခဲ့တဲ့ ၁၉၅၀
ပြည့်လွန် နှစ်တွေဟာ အိန္ဒိယရုပ်ရှင်လုပ်ငန်းရဲ့ ရွှေခေတ် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ အိန္ဒိ
ယနိုင်ငံလွတ်လပ်ရေးရကာစ အစောပိုင်းကာလဖြစ်ပြီး လူမှုရေး ပြဿနာတွေနဲ့ လူအများစိတ်
၀င်စားတဲ့ အကြောင်းအရာတွေကို ပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ "Mother India"လို နာမည်
ကျော်ကားတွေ ထွက်ပေါ်လာ ခဲ့ပါတယ်။

ဒီဇာတ်ကားကို ၁၉၅၇ ခုနှစ်မှာ ဒါရိုက်တာ Mehboob Khan က ရိုက်ကူးပေးထားတာပါ။
၁၉၇၀ နဲ့ ၈၀ ပြည့်လွန်နှစ်တွေမှာ တော့ အချစ်၊ အက်ရှင်၊ တေးဂီတ၊ သဘာဝမကျတဲ့ ဇာတ်ကွက်
တွေ၊ ဟာသနဲ့ ပျော်စရာဇာတ်သိမ်းခန်းတွေ ရောနှောထားတဲ့ ဇာတ်ကားတွေနဲ့ စီးပွားရေးအတွက်
ပဲ ကြည့်ပြီး ရိုက်ကူး လာကြတာတွေ တွေ့ရပါတယ်။

ဒါပေမဲ့ ဟင်ဒီရုပ်ရှင်တွေအတွက် အမှောင်ခေတ်လို့ ပြောရမယ့် အချိန် တစ်ချိန်လည်း ရှိပါသေးတယ်။
အဲဒါ ကတော့ ရောင်စုံရုပ်မြင်သံကြားတွေ ပေါ်လာတဲ့ အချိန်ဖြစ်ပြီး မူပိုင်ခွင့်ကို ထိပါးတဲ့ ခိုးကူးမှု
တွေ ပေါများကာ ရိုက်ကူးရေးစရိတ်အတွက် မွမ်ဘိုင်း ဒုစရိုက်လောကကို မီခိုခဲ့ရတဲ့ ခေတ် တစ်
ခေတ် ဖြစ်ခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းနှစ် တွေမှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမှာ ဈေးကွက်စီးပွားရေးစနစ်ကို
ကျင့်သုံး ခဲ့တာကြောင့် နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာခဲ့ပြီး ရုပ်ရှင် လုပ်ငန်းလည်း
စနစ်ကျလာတဲ့အတွက် Fox နဲ့ Disneyလို ပြည်ပရုပ်ရှင် ကုမ္ပဏီတွေ ဘောလိ၀ုဒ်မှာ ရင်းနှီး မြှုပ်နှံ
ဖို့ စိတ်ဝင်စားလာကြပါတယ်။

ဒါပေမယ့် နည်းပညာတိုးတက်မှု ရှိပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေက တော့ တိုးတက်မှုမရှိဘူး
လို့ ဝေဖန်ရေး ဆရာတွေက ပြောပါတယ်။ အရင်က အတိုင်း ပုံသေကားကျဖွဲ့ထားတဲ့ ဇာတ်လမ်း
တွေ၊ အမျိုးသမီးတွေ သူများ ပြုသမျှ နုနေရတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဟောလိ၀ုဒ်ကို အတုခိုးထား
တာတွေဟာ စိတ်ပျက်စရာကောင်းတယ်လို့ သူတို့က ပြောပါတယ်။

Bhattကတော့ လူတွေရဲ့ပုံမှန်ဘဝ မှာ ဖြစ်ရပ်မှန်တွေက ရိုးအီနေပြီဖြစ်တဲ့ အတွက် စိတ်ထွက်
ပေါက်ပေးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကတော့ လူကြိုက်များနေပါတယ်လို့ ပြောပါ တယ်။
ဒါပေမဲ့ ပညာတတ်လူလတ်တန်းစား တွေကတော့ ရုပ်မြင်သံကြားမှာ ပြသ နေတဲ့ ရုပ်သံဇာတ်လမ်း
တွေ၊ အင်တာ နက်နဲ့ အလွယ်တကူရနိုင်တဲ့ နိုင်ငံ တကာ ရုပ်ရှင်တွေကြောင့် ဒီလို စိတ်ကူးယဉ်
ဇာတ်လမ်းမျိုးတွေကို သိပ်မကြိုက်ချင်ကြတော့ပါဘူး။

"သူတို့ဟာ သာမန်လက်လုပ်လက် စားတွေ အကြိုက်တွေ့မယ့် ဇာတ်ကား မျိုးတွေထက် ပိုကောင်း
တဲ့ ဇာတ်ကား မျိုးကို ကြည့်ချင်လာကြမှာပါ။ သူတို့ ဟာ အခု ကြည့်နေရတဲ့ ရုပ်ရှင်မျိုးနဲ့ မတူတဲ့
ဇာတ်လမ်းမျိုးတွေကို ကြည့် ချင်နေကြပါတယ်"လို့ ၀ါရင့်သရုပ် ဆောင် Rishi Kapoor က ပြော
ပါတယ်။

ဒါပေမဲ့ ရုပ်ရှင်ပုံစံအသစ်တွေ စမ်းသပ် ရိုက်ကူးနေတဲ့ Anurag Kashyap လို ဒါရိုက်တာမျိုးတွေ
လည်း အခုအချိန်မှာ စတင်ထွက်ပေါ်လာနေပါပြီ။ ရုပ်ရှင် ခန်းမတွေ အများကြီးစုပြီး ဖွင့်ထားတဲ့
ရုပ်ရှင်ရုံကြီးတွေ ပေါ်ထွက်လာတဲ့ အတွက်လည်း ရုပ်ရှင်ရေစီးကြောင်းမှာ ရုပ်ရှင်ပုံစံသစ်တွေ
ရိုက်ကူးလာအောင် တွန်းအားတစ်ခု ဖြစ်လာတယ်လို့ စီးပွားရေးရာ ဝေဖန်ဆန်းစစ်သူတွေက
ပြောပါတယ်။

ပြီးခဲတဲ့နှစ်မှာ ရုံတင် ပြသခဲ့တဲ့ သုက်ပိုးအလှူရှင်အကြောင်း ရုပ်ရှင် "Vicky Donor" ဇာတ်ကား
ဟာ အံ့ဩဖွယ်ကောင်းလောက်အောင် လူ ကြည့်များခဲ့တယ်လို့ သူတို့က ပြော ပါတယ်။ မကြာ
ခင် ရုံတင်ပြသမယ့် အိန္ဒိယ နိုင်ငံရဲ့ ပထမဦးဆုံးဖုတ်ကောင်ဇာတ် လမ်းဖြစ်တဲ့ "Go Goa Gone"
ရဲ့ ပူးတွဲဒါရိုက်တာ Raj Nidimoru ကတော့ ဘောလိ၀ုဒ်မှာ အပြောင်းအလဲတွေ စတင်နေပြီလို့
ယုံကြည်တယ်လို့ ပြော ပါတယ်။ "အခုအချိန်ကတော့ ဂယက် ထနေတဲ့ အချိန်ပေါ့ဗျာ။ မကြာခင်
မှာ လှိုင်းလုံးလေးတွေ ဖြစ်လာမှာပါ" လို့ သူက ပြောပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး