စာအုပ်ထုတ်ဝေဖို့အတွက် ကမ္ဘာအနှံံ့အပြားမှ ဓာတ်ပုံပညာရှင်များ မြန်မာပြည်တွင်းမှာ ခုနစ်ရက်တာ လှည့်လည်ဓာတ်ပုံရိုက်ကူးနေကြ

စာအုပ်ထုတ်ဝေဖို့အတွက် ကမ္ဘာအနှံံ့အပြားမှ ဓာတ်ပုံပညာရှင်များ မြန်မာပြည်တွင်းမှာ ခုနစ်ရက်တာ လှည့်လည်ဓာတ်ပုံရိုက်ကူးနေကြ

မြန်မာနိုင်ငံ အပြောင်းအလဲကာလမှာ နိုင်ငံရဲ့စီးပွားရေး၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာရေးနဲ့ တောတောင်ရေမြေ ကျေးလက် ရှုခင်းတွေကို ပြည်တွင်း၊ ပြည်ပဓာတ်ပုံပညာရှင် ၃၀ တို့က ခုနစ်ရက်ကြာ ခရီးစဉ်အဖြစ်မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးနေကြပါတယ်။ ခရီးစဉ်မှာ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာ ကိုးဦးနဲ့ .....

မြန်မာနိုင်ငံ အပြောင်းအလဲကာလ မှာ နိုင်ငံရဲ့စီးပွားရေး၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာရေးနဲ့ တော
တောင်ရေမြေ ကျေးလက် ရှုခင်းတွေကို ပြည်တွင်း၊ ပြည်ပဓာတ်ပုံပညာရှင် ၃၀ တို့က ခုနစ်ရက်
ကြာ ခရီးစဉ်အဖြစ် မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးနေကြပါတယ်။ ခရီးစဉ်မှာ မြန်မာနိုင်ငံမှ ဓာတ်
ပုံ ဆရာ ကိုးဦးနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဓာတ်ပုံဆရာ ၂၁ ဦးတို့ ပါ၀င်ပြီး ဧပြီလ ၂၇ ရက်နေ့ကစ
တင်ကာ ဓာတ်ပုံဆရာ တွေဟာ မိမိတို့ ရွေးချယ်ထားတဲ့ ဒေသ အသီးသီးမှာ ဓာတ်ပုံများ ရိုက်ကူး
နေ ကြပါပြီ။

ခရီးစဉ်ဟာ မေလ ၄ ရက် နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ တစ်ပတ်တာခရီးစဉ်ကို Editions Didier
Millet စာအုပ်ထုတ်ဝေရေး တိုက်က စီစဉ်တာဖြစ်ပြီး ဓာတ်ပုံပညာ ရှင် ၃၀ တို့ရဲ့ ခရီးစဉ်အပြီး
ထွက်ပေါ် လာတဲ့ လက်ရာတွေကို စုစည်းပြီး စာအုပ် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

စာအုပ် အမည်ကို "Seven Days in Myanmar" လို့ ပေးထားပြီး ဒီနှစ် ဒီဇင်ဘာလထဲမှာ ထုတ်
ဝေသွားမှာဖြစ်ပါတယ်။ ခရီးစဉ်မှာပါ၀င်တဲ့ အမေရိကန်သူ ဓာတ်ပုံဆရာမ ကက်သရင်းကာနိုက
"မြန်မာပြည်ကို ဓာတ်ပုံရိုက်ဖို့ ရောက် လာခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာ ပဲ" လို့ ခရီးစဉ်အ
တွက် ဧပြီ ၂၇ ရက်နေ့ က ချက်ထရီရယ်ဟိုတယ်မှာ ကျင်းပ ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ
မြန်မာတိုင်း(မ်)ကို ပြောခဲ့ပါတယ်။

National Geographic အပါအဝင် တခြားထိပ်တန်းမဂ္ဂဇင်းတွေအတွက် ဓာတ်ပုံကောင်းများစွာ
ကို ရိုက်ကူး ပေးခဲ့တဲ့ ကက်သရင်းကာနိုက ၂၀၁၁ နိုဝင်ဘာလမှာ မြန်မာပြည်ကို ပထမဆုံး
အကြိမ် ရောက်ဖူးခဲ့တာ ဖြစ်ပါတယ်။

"ရန်ကုန်ကို ရောက်ပြီး သိပ်မကြာခင် မှာပဲ ရန်ကုန်မြို့ကိုကျွန်မ သဘောတွေ့ သွားပါတယ်။ အခု
ဒီကို ထပ်လာခွင့် ရတဲ့အတွက် ကျွန်မ စိတ်လှုပ်ရှားပြီး ပျော်လည်းပျော်ပါတယ်။ ကျွန်မ မြန်မာ
ပြည်ကို ချစ်တယ်" လို့လည်း သူက ပြောပါတယ်။ ဓာတ်ပုံရိုက်ကူးမယ့် နေရာအတွက် ရန်
ကုန်မြို့ကို ရွေးချယ်ခဲ့ပြီး ထင်ရှားတဲ့ အလွှာက လူတန်းစားတွေကို မှတ်တမ်း တင်ရိုက်ကူးသွား
မယ်လို့ ဆိုပါတယ်။ "

"ရန်ကုန်မှာ နေရတာ ကြိုက်တယ်။ ရန်ကုန်မြို့ရဲ့ အမြဲလှုပ်ရှားသက်ဝင်နေ တဲ့ မြင်ကွင်းတွေကို
တ်ပုံရိုက်ကူးချင် တယ်။ ရန်ကုန်မြို့က ပန်းချီဆရာတွေ၊ အစားအစာတွေ၊ ရုပ်ရှင်မင်းသား မင်း
သမီးတွေ၊ ရုပ်မြင်သံကြားထုတ် လွှင့်တဲ့ဌာနနဲ့ ရုပ်ရှင်ရိုက်ကွင်းတွေကို ဓာတ်ပုံရိုက်သွားမှာ ဖြစ်
ပါတယ်"လို့ ကက်သရင်းက ပြောပါတယ်။

သူ့ခရီးစဉ်ရဲ့ ပထမဆုံးနေ့ မနက်ခင်း မှာပဲ အဆိုတော် ရေဗက္ကာဝင်းရဲ့ မင်္ဂလာ ပွဲကို သွားရောက်
ဓာတ်ပုံရိုက်ကူးခဲ့ တယ်လို့လည်း ပြောပြပါတယ်။ "ကျွန်မက သတင်းဓာတ်ပုံဆရာမ တစ်ယောက်
မဟုတ်ပါဘူး။ လူတွေနဲ့ အတူတူ လှုပ်ရှားသွားလာချင်တယ်။ လူ့ဘဝရဲ့ ပေါ့ပါးတဲ့အပိုင်းတွေကို
ပိုပြီးဓာတ်ပုံရိုက်ချင်တယ်။ လူတွေကို ပျော်ရွှင်မှုပေးမယ့် အကြောင်းအရာ တွေကိုပဲ ရိုက်ကူးချင်
တယ်။ ဥပမာ- မင်္ဂလာဆောင်၊ ပါတီနဲ့ ကလေးတွေရဲ့ မွေးနေ့ပွဲမျိုးတွေကိုပဲ ဓာတ်ပုံရိုက်ချင် တယ်"
လို့ ကက်သရင်းက ပြောပါတယ်။

ပြည်တွင်းမှ ဓာတ်ပုံဆရာ မင်းဇေ ယျာကတော့ ဓာတ်ပုံခရီးစဉ်အတွက် ရန်ကုန်မြို့ကို ရွေးချယ်
ထားပြီး ရန်ကုန် က လူငယ်တွေရဲ့ အခန်းကဏ္ဍတွေနဲ့ ကျန်းမာရေးစနစ်တွေအကြောင်းကို ဓာတ်ပုံ
ရိုက်ကူးသွားမယ်လို့ ဆိုပါ တယ်။

"နေ့စဉ် ရန်ကုန်မြို့ရဲ့ လမ်းမတွေ ပေါ်မှာ မြင်တွေ့ရတဲ့ လူတန်းစားမျိုးစုံ ရဲ့အကြောင်းတွေကို ရိုက်
ကူးသွားမှာ ပါ။ ရန်ကုန်က ဂရပ်ဖစ်တီဆွဲနေတဲ့ လူငယ်တွေ၊ ဂီတအဖွဲ့တွေ၊ ပေါ့ပ် ယဉ်ကျေးမှုတွေ
ကို ရိုက်ကူးမှာပါ။ ကျန်းမာရေးအပိုင်းကိုလည်း ရန်ကုန် ဆေးရုံကြီးတွင်းမှာ ရိုက်ကူးဖို့ ခွင့် တောင်း
ထားပေမယ့် ရိုက်ဖြစ်ဖို့ မပြော နိုင်သေးပါဘူး။ ကျန်းမာရေးအတွက် ဖွင့်ထားတဲ့ ဖောင်ဒေးရှင်းတွေနဲ
့ နာတာ ရှည်လူနာများအတွက် ဖွင့်ထားတဲ့ ဂေဟာတွေမှာလည်း သွားရောက် ရိုက်ကူးမှာဖြစ်ပါ
တယ်"လို့ သူက ပြော ပါတယ်။

ကချင်နဲ့ ချင်းပြည်နယ်တွေမှာ ဓာတ်ပုံ သွားရောက် ရိုက်ကူးချင်တဲ့နေရာလေး တွေ အများကြီးရှိ
ပေမယ့် နိုင်ငံခြားသား ဓာတ်ပုံဆရာတွေကို ဦးစားပေးခဲ့ တယ်လို့ သူက ဆက်ပြောပါတယ်။
တောတွင်းတိရစ္ဆာန်တွေကို ရိုက်ကူး တဲ့ ပြင်သစ်ဓာတ်ပုံဆရာ အလန်ကွန် ပို့စ်ကလည်း အရင်က
သူမသိခဲ့တဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ကူးဖို့ လာခွင့်ရတာကြောင့် စိတ်လှုပ်ရှား
တယ်လို့ ဆိုပါတယ်။

"ပထမဆုံးအကြိမ် မြန်မာပြည်ကို လာခွင့်ရတာ စိတ်လှုပ်ရှားပြီး ပျော်ပါ တယ်။ အရှေ့တောင်
အာရှက တောရိုင်း တိရစ္ဆာန်တွေနဲ့ သစ်တောတွေကို ဓာတ် ပုံရိုက်ကူးခဲ့တာ နှစ် ၃၀ ရှိပါပြီ။ မြန်မာ
ပြည်ကလည်း အရှေ့တောင်အာရှရဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ ဒီကို ရောက်တုန်း ကျွန်တော် မြန်မာပြည်
မြောက်ဖျားက ထူထပ်တဲ့ တောအုပ်တွေနဲ့ တောနေ တိရစ္ဆာန်တွေရဲ့ သဘာဝကို ရိုက်ကူးချင်
ပေမယ့် အကြောင်းကြောင်းကြောင့် သွားခွင့်မရပါဘူး" လို့ အလန်ကွန်ပို့စ် က သတင်းစာရှင်းလင်း
ပွဲအပြီးမှာ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါကြောင့် သူ့ရဲ့ ခုနှစ်ရက်တာခရီး စဉ်အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ သွားရောက်
ရိုက်ကူးဖို့ ရွေး ချယ်ခဲ့ပါတယ်။ "ဧရာဝတီမြစ်ဝကျွန်းပေါ်အကြောင်း ကျွန်တော် သေသေချာချာ
မသိပါဘူး။ အဲဒီမှာ ဘယ်လိုတိရစ္ဆာန်တွေ တွေ့မယ် ဆိုတာ ကျွန်တော် မသိတော့ ဘာကို ရိုက်
ကူးရမလဲဆိုတာ တပ်အပ်မပြော နိုင်ပါဘူး။ ကျွန်တော့မိတ်ဆွေကတော့ အဲဒီမှာ တောရိုင်း
တိရစ္ဆာန် ထိန်းသိမ်း ရေးဧရိယာ ရှိတယ်လို့ ပြောပါတယ်။ အဲဒီကိုတော့ သွားနိုင်မယ်ထင်ပါ တယ်။
မြစ်ဝကျွန်းပေါ်ရောက်ရင် သဘာဝပတ်ဝန်းကျင်ကို အရင် လေ့လာပြီးမှာ ဘယ်လိုတိရစ္ဆာန်တွေ
ကျက်စားနိုင်တယ်ဆိုတာ မှန်းလို့ရမှာ ပါ" လို့ သူကပြောပါတယ်။

တောရိုင်းတိရစ္ဆာန်တွေကို ဓာတ်ပုံ ရိုက်ကူးရတာဟာ ဓာတ်ပုံဆရာ အတွက် အလွန်ပဲအန္တာရယ်
များတယ် လို့လည်း သူက ဆိုပါတယ်။ "ကျွန်တော် ချင်ပန်ဇီ ကိုက်တာခံရ ဖူးတယ်"လို့ သူ့ညာ
ဘက်လက်က အမာရွတ်ကိုပြရင်း ပြောပါတယ်။

"တိရစ္ဆာန်တွေမှာ ခံစားချက်တွေ ရှိ တယ်။ သူတို့ကို သင့်တင့်လျောက်ပတ် တဲ့ ရိုသေလေးစားမှု
မျိုး ပြသင့်တယ်။ သူတို့က ဘယ်သူက အမဲလိုက်သမား လဲ ဘယ်သူက သူတို့ကို ရန်မပြုတဲ့ လူ
ကောင်းလဲဆိုတာ ခွဲခြားသိတယ်။ သူတို့ကို သိမ်သိမ်မွေ့မွေ့နဲ့ ချဉ်းကပ်တဲ့ လူဆို ရန်မမူတတ်ပါဘူး"
လို့လည်း အလန်ကွန်ပို့စ်က ဆက်ပြောပါတယ်။

ထားဝယ်ဒေသက ကမ်းလွန်နဲ့ ကုန်းတွင်း ရေနံပိုက်လိုင်းတွေကို ကောင်းကင်မှ ရိုက်ကူးသွားဖို
့ စဉ်းစား ထားသူကတော့ မြန်မာဓာတ်ပုံဆရာ စိုင်းခမ်းလင်းပဲ ဖြစ်ပါတယ်။ "အဲဒီဒေသမှာ နေထိုင်
ကြတဲ့ ဒေသ ခံတွေရဲ့ လူနေမှုဘဝကိုလည်း ရိုက်ကူး မှာပါ။ ရန်ကုန်၊ သန်လျင်နဲ့ ကျောက် တန်း
ဒေသတွေက ရှုခင်းတွေနဲ့ စီးပွား ရေးလုပ်ငန်းတွေကိုလည်း ရိုက်ကူးမှာ ဖြစ်ပါတယ်"လို့ ကိုစိုင်းခမ်း
လင်းက ပြောပါတယ်။

မြန်မာပြည်တွင်း တစ်ပတ်တာ ဓာတ်ပုံရိုက်ကူးရေးခရီးစဉ်မှာ အိန္ဒိယ နိုင်ငံသားဓာတ်ပုံပညာရှင်
Raghu Rai  လည်း ပါ၀င်ပါတယ်။ သူက အိန္ဒိယလူ့အဖွဲ့အစည်းကို အဓိက ရိုက်ကူးသွားမှာ ဖြစ်
ပါတယ်။ "ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာဝင်လူ တွေ သဟဇာတဖြစ်စွာနဲ့ အတူယှဉ်တွဲ နေထိုင်ကြ
တဲ့ပုံတွေကို ရိုက်ကူးမှာ ဖြစ်ပါတယ်"လို့ ျွေါ့က ျွငေ က ပြောပါတယ်။ "ဒီအစီအစဉ်မှာ ပါ၀င်ခွင့်ရတဲ့
အတွက် အရမ်းကျေနပ်ပြီး စိတ်ချမ်း မြေ့ဖွယ်လည်း ကောင်းပါတယ်။ ကျွန်တော်က ကိုယ့်နိုင်ငံမှာ
ပဲ ဓာတ်ပုံ ရိုက်ဖူးတာပါ။ အခုလိုဆိုတော့ တစ်ခါ မှ မရောက်ဖူးတဲ့ မြန်မာပြည်ကို ရောက်ဖူးဖို့
အခွင့်ရခဲ့တယ်"လို့လည်း သူက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး