ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေခဲ့တဲ့ ဒိန်းမတ် ဂီတအဖွဲ Michael Learn To Rock မှ အဖွဲ့ဝင် Mikkle Lentz နဲ့ မော်ဒယ် Emerald ငြိမ်းတို့ ငပလီရှိ ဟိုတယ်တစ်ခုအတွက် စုံတွဲကြော်ငြာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို မြန်မာနယူးစ်ဝိ့ခ်ဂျာနယ်က မမှန်သတင်းများ ရေးသားပြီး ဖော်ပြခဲ့တာကြောင့် မော်ဒယ်ဘက်မှ စိတ်ဆိုးပြီး တရားစွဲဆိုမယ့်အဖြစ်အထိ ဖြစ်ပွားခဲ့ရာမှ ဂျာနယ်ဘက်မှ ကျေနပ်တဲ့အထိ တောင်းပန်ခဲ့ တာကြောင့် ပြဿနာများပြေလည် သွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေခဲ့တဲ့ ဒိန်းမတ် ဂီတအဖွဲ Michael Learn To
Rock မှ အဖွဲ့ဝင် Mikkle Lentz နဲ့ မော်ဒယ် Emerald ငြိမ်းတို့ ငပလီရှိ ဟိုတယ်တစ်ခုအတွက်
စုံတွဲကြော်ငြာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို မြန်မာနယူးစ်ဝိ့ခ်ဂျာနယ်က မမှန်သတင်းများ ရေး
သားပြီး ဖော်ပြခဲ့တာကြောင့် မော်ဒယ်ဘက်မှ စိတ်ဆိုးပြီး တရားစွဲဆိုမယ့်အဖြစ်အထိ ဖြစ်ပွားခဲ့
ရာမှ ဂျာနယ်ဘက်မှ ကျေနပ်တဲ့အထိ တောင်းပန်ခဲ့ တာကြောင့် ပြဿနာများပြေလည် သွားပြီ
လို့ သိရပါတယ်။
"ဖြစ်ကာစမှာတော့ လူငယ် လည်းဖြစ်တော့ အရမ်းစိတ်ဆိုးပြီး ဒေါသထွက်တာ မှန်ပေမယ့်
အခုလိုမျိုး ညီမ ဖြစ်စေချင်တဲ့ အတိုင်း တောင်းပန်ပေးတဲ့အပြင် အိမ်အထိ ပါလာပြီး အယ်ဒီတာ
ဖြစ်သူက တောင်းပန်ပေးတော့ ကိုယ့်ဘက်ကတောင် ပြန်အားနာ ပါတယ်"လို့ Emerald ငြိမ်းက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
နယူးစ်ဝိ့ခ်ဂျာနယ်ဘက်မှ ဂျာနယ်ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ တောင်းပန်ကြောင်း ရေးသား
ထားပြီး ဂျာနယ်တိုက်ရဲ့ အယ်ဒီတာကိုယ်တိုင်ကလည်း သင်္ကြန်မတိုင်ခင်မှာ အိမ်အထိ လာ
ရောက်တောင်းပန်ခဲ့တယ်လို့ ပြောပြပါတယ်။
"အဲဒီလိုမျိုး အိမ်အထိ လာတောင်းပန်တဲ့အပြင်ကို သူတို့ ဘက်က ငါးပတ်တိတိ ဂျာနယ်မှာ
တောင်းပန်ပေးသွားမယ်လို့လည်း ပြောပါတယ်။ အခုဆိုရင်တော့ သင်္ကြန်အပြီး ဂျာနယ်စထွက်
ကတည်း က တောင်းပန်စာပါတာ နှစ်ပတ်ရှိ သွားပါပြီ" လို့လည်း ပြောပါတယ်။
ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံ မှာ ငပလီရှိ Amazing Hotels and Resorts အတွက်
ကြေငြာရိုက် ကူးပေးခဲ့တာ ဖြစ်ပါတယ်။ "အခုတော့ လူတွေအကုန်လုံး ကလည်း တကယ်
မဟုတ်မှန်း သိကုန်ကြပြီ။ သူတို့ဘက်ကလည်း ဒီလိုမျိုး တောင်းပန်တယ်ဆိုတော့ ကျေနပ်
ပါတယ်။ စိတ်ထဲမှာ ဘာမှ သိပ်မခံစားရတော့ပါဘူး"လို့လည်း Emerald ငြိမ်းကဆိုပါတယ်။















