ဆီမီးခွက်အက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဗမာဝတ်စုံပြည့် ၀တ်ထားတဲ့ အမျိုးသမီး လေးတွေဟာမြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတစ်မျိုးချင်းစီရဲ့ တေးသံ အလိုက်ကို ဘုရားသခင်ကောင်းချီးပေးပါစေ အဓိပ္ပာယ်ရတဲ့ သီချင်းနဲ့ စည်းချက်ကျကျ ကပြဖျော်ဖြေနေပါ တယ်။
ဆီမီးခွက်အက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဗမာဝတ်စုံပြည့်ဝတ်ထားတဲ့ အမျိုးသမီး လေးတွေဟာ
မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတစ်မျိုးချင်းစီရဲ့ တေးသံ အလိုက်ကို ဘုရားသခင်ကောင်းချီး
ပေးပါစေ အဓိပ္ပာယ်ရတဲ့ သီချင်းနဲ့ စည်းချက်ကျကျ ကပြဖျော်ဖြေနေပါ တယ်။
ဒါကတော့ ကက်သလစ်အသင်း တော်ရဲ့ ယုံကြည်ခြင်းနှစ်အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံမှာ
ပထမ ဆုံး ကျင်းပကပြတဲ့ (JESUS of Nazareth musical concert) 'နာဇရက်မြို့သားယေဇူး'
ဂီတဓမ္မ ပြဇာတ်ဖြစ်ပြီး ဧပြီလ ၂၇ နဲ့ ၂၈ ရက် တွေမှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံ မှာ ကျင်းပ
ခဲ့တာပါ။
သတ်မှတ်ထားတဲ့ အချိန် ၆ နာရီခွဲ အတိမှာ ပွဲစနိုင်ခဲ့ပြီး အချိန်ကိုက် တက်ရောက်အားပေးကြတဲ့
ပရိသတ် တွေက ခန်းမနဲ့အပြည့်ဖြစ်ခဲ့တာကြောင့် အောင်မြင်တဲ့ အခမ်းအနားတစ်ခုဖြစ် ခဲ့ပါတယ်။
အခမ်းအနားတင်ဆက်သူ တစ်ဦး ဖြစ်တဲ့ ကိုစိုင်းနော်က ပထမဆုံး အဖွင့်မိတ်ဆက်စကားပြော
အပြီးမှာ ကိုယ်တိုင်ပဲ ဘုရားသခင် ချီးမွမ်းခြင်း သီချင်းကို ဗညစေ့သမေ ဟာမိုနီအဖွဲ့၊ ကက်သ
လစ်အသင်းတော်ဝင် မိန်းမပျို လေးတွေရဲ့ ဆီမီးခွက်အကနဲ့အတူ တင်ဆက်ပြီး ပရိသတ်ရဲ့ လက်
ခုပ်သံ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မြန်မာ နိုင်ငံတစ်ဝန်းမှာ နေထိုင်တဲ့ တိုင်းရင်း သားတွေအားလုံးအတွက် သယံဇာတ တွေ၊
အထိမ်းအမှတ်တွေကို သီချင်း စာသားတွေအဖြစ် သံစဉ်အတက်အကျ အမျိုးမျိုးနဲ့ ပြောင်းလဲ
သီဆိုထားတဲ့ အလွန်ကောင်းတဲ့ သီချင်းတစ်ပုဒ်အဖြစ် ပရိသတ်တွေ လက်ခံနိုင်ခဲ့ပါတယ်။
ပွဲတက်ရောက်လာတဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ ကက်သလစ်သာသနာတော် ဂိုဏ်းချုပ်ဘုန်းတော်
ကြီး ချားစ်က လည်း ခရစ်တော်က ပေးသနားတဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ကောင်းတဲ့ သတင်းဖိတ်
ခေါ်တဲ့ညလို့ အမှာစကား မှာ တင်စားပြောဆိုခဲ့ပါတယ်။
"ကမ္ဘာပေါ်မှာ ကောင်းတဲ့ သတင်း ထက်၊ ဆိုးတဲ့ သတင်းတွေပဲ များနေကြ ပါတယ်။ အခုဒီ
ညတော့ သတင်းကောင်း တွေကို ပြန်ကြားရမှာပါ။ မြန်မာနိုင်ငံ မှာ တစ်ခါမှ မကပြဖူးသေးတဲ့
ဂီတဓမ္မ ပြဇာတ်ဖြစ်ပြီး သတင်းကောင်းပါ၀င်တဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပြဇာတ် နောက်ကို
လိုက်ပြီး ၀မ်းမြောက်ကြပါ"လို့ ဘုန်းတော်ကြီးချားစ်က ပြောကြား ခဲ့ပါတယ်။
ပြဇာတ်မကပြခင် အစီအစဉ်တင် ဆက်သူနှစ်ယောက်က အခမ်းအနား ဖြစ်မြောက်ရေးအတွက်
ကျေးဇူးတင် စကားကို ပြောပေမယ့် တိုတိုတုတ်တုတ် ဖြစ်တာကြောင့် ပရိသတ်ဆီက ငြီးငွေ့
တယ်ဆိုတဲ့အသံတော့ မကြားရပါဘူး။
ပြဇာတ်အထွက် ကန့်လန့်ကာဖွင့်ဖွင့်ချင်း ရှေးဟောင်းရောမဇာတ်ကားတွေမှာ ကြည့်ဖူုးတဲ့အပြင်
အဆင် (ဆံပင်စုတ်ဖွား ရှည်ရှည်၊ အဝတ်အစများ မနိုင်မနင်း ပတ်ထားတဲ့)နဲ့ လူတစ်စုက တစ်စုံ
တစ်ရာကို အငြင်းပွားနေပါတယ်။ဘာကိုအဓိကထား ငြင်းနေကြတယ် ဆိုတာ နားမလည်ပေမယ့်
စိတ်တိုနေပုံ ရတဲ့ လူတစ်ယောက် ထွက်လာပြီး လောကမှာ 'မောဟ၊ မာန၊ မနာလိုခြင်း နဲ့ ကြွား
၀ါခြင်း'ကို ဖယ်ရှားဖို့ ဟောပြော ပါတယ်။
ဒါကို အများစုက လက်ခံပြီး အာရပ်စော်ဘွားဝတ်စုံနဲ့ သုံးယောက်က တော့ အကြိတ်အနယ်ကို
ပြန်ငြင်းနေ ပါတော့တယ်။ ဒါပေမဲ့ ရန်ဖြစ်နေသလို ပြောနေကြတဲ့ စကားတွေကြောင့် ပရိသတ်က
လူကောင်းကို ဂရုမထား တော့ဘဲ လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ လူကြမ်းအဖြစ် သရုပ်ဆောင်သူ သုံး
ယောက်ပြောတဲ့ စကားတွေကိုသာ လက်ခုပ်လက်ဝါးတီးကာ အားပေးကြ တာကလည်း ပျော်
စရာကောင်းနေ ပါတယ်။ သူတို့ ပြောဆိုသရုပ်ဆောင်နေတာရဲ့ နောက်ခံနေရာမှာတော့ ဟာမိုနီ
အဖွဲ့ ၀င် ၃၂ ယောက်က သီချင်းဆိုဖို့ အသင့် စောင့်နေတဲ့ပုံနဲ့ စင်ပေါ်မှာ နေရာယူထား ကြပါတယ်။
ဟာမိုနီအတွက် ထိုင်နေ တဲ့ မိန်းကလေးတွေအတွက် မသိသာ ပေမယ့် စကားပြောခန်းက ရှည်
လွန်း တော့ မတ်တတ်ရပ်နေရတဲ့ ယောကျ်ား လေးတွေအတွက်တော့ သနားစရာပါပဲ။ နောက်ဆုံး
မှာ ထောက်ခံသူတွေများလွန်း တာကြောင့် တရားဟောသူရဲ့ စကား တွေကို လက်ခံလိုက်ချိန်မှာ
နောက်ခံ တေးဂီတနဲ့အတူ လိုက်ဖက်တဲ့ ဇာတ် ၀င်သီချင်းက ထွက်ပေါ်လာပါတယ်။
နောက်တစ်ခန်းကတော့ စစ်မတ် ၀တ်စုံနဲ့ လူလေးဦး ရောက်လာပြီး တရားဟောသူကို ဖမ်းချုပ်
တဲ့အခန်းပါ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကွက် ဖြစ်ပေမယ့်လည်း လာရောက်ဖမ်းဆီး တဲ့
စစ်မတ်တွေက ပိန်လှီလွန်းတာမို့ ပရိသတ်အတွက် ပွဲကျစရာ ဖြစ်ခဲ့ပါ တယ်။
အဲဒီနောက်မှာ နာဇရက်မြို့သား ယေဇူး ရောက်ရှိလာပြီး အငြင်းပွားနေ တဲ့ လူတစ်စုကို ကောင်းမွန်
တဲ့ ဘာသာ ရေးအကြောင်း ရှင်းပြ၊ အချိန်ကိုက် ဇာတ်ဝင်တေးက ၀င်လာနဲ့ ကြည့်ရတာ တော်
တော်ကို အဆင်ပြေနေပါတယ်။
ဒါပေမယ့် မျက်လုံးကွယ်နေတဲ့သူ တစ်ဦးကို ယေဇူးက မျက်စိပြန်မြင် အောင် ကယ်တင်လိုက်တဲ့
အခန်းမှာ တော့ 'ငါ မြင်ရပြီ' ဆိုတဲ့ ၀ုန်းခနဲ အော်လိုက်တဲ့ မျက်မမြင်အဖြစ် သရုပ် ဆောင်သူရဲ့
အောင်လွန်းတဲ့အသံ ကြောင့် ယေဇူးအပါအဝင် ပြဇာတ်မှာ ပါ၀င်သူအကုန်လုံး ဆတ်ခနဲတုန်ပြီး
လန့်သွားတာကြောင့် ပရိသတ်မှာ ဘယ်လိုမှ မထိန်းနိုင်လောက်အောင်ကို ပွဲကျခဲ့ရပါတော့တယ်။
အခန်း ၁၁ ခန်းပါ၀င်ပြီး အပိုင်း လေးပိုင်းနဲ့ တင်ဆက်ထားတဲ့ 'နာဇရက် မြို့သားယေဇူး' ပြဇာတ်မှာ
နာမည်ကျော် အဆိုတော်သရုပ်ဆောင် ချစ်သုဝေ၊ ချစ်ဆုဝေနဲ့ အခြားအဆိုတော်တွေ လည်း
မေတ္တာဖြင့် ပါ၀င်သရုပ်ဆောင် ကြတာပါ။
ဒါပေမဲ့ ပရိသတ်က 'ဟိုမှာ ချစ်သုဝေ၊ အဲဒါ ချစ်ဆုဝေလေ' ဆိုပြီး အချင်းချင်းသာ တီးတိုးပြောခဲ့
ကြပြီး ဆူညံနေအောင် အော်ဟစ်မနှုတ်ဆက် ကြတာမို့ စည်းကမ်းရှိတဲ့ ပြဇာတ်အခမ်း အနား
တစ်ခု ဖြစ်ခဲ့ရပါတယ်။ ယေဇူးရဲ့ လူသားတွေကို နောက်ထပ် ကယ်တင်တဲ့ ဇာတ်ဝင်ခန်းတွေမှာ
လည်း အတိမ်းအစောင်း၊ အထစ်အငေါ့မရှိ တင်ဆက်သွားနိုင်တာမို့ တော်ရုံလူ လျှာလိပ်လောက်
တဲ့ ဘာသာရေး စကားတွေကို ပိုင်ပိုင်နိုင်နိုင်တင်ဆက် နိုင်ခဲ့တဲ့ ယေဇူးအဖြစ် သရုပ်ဆောင်သူ
အပါအဝင် ပြဇာတ်ကပြသူတစ်ဖွဲ့လုံးကို ချီးကျူးခဲ့ရပါတယ်။ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ပြဇာတ်
ဇာတ်ဝင်တေးတွေကို ကက်သလစ် တေးရေးဆရာတွေဖြစ်တဲ့ ရယ်ဂျီ၊ ဂျေမီ၊ ဖရက်ဒီ၊ ဆေရလ်၊
ဂျွန်သင်ဇမ်၊ ဖာသာ ဒေးဗစ် မောင်မောင်ထွန်းနဲ့ ဆိုင်းနော် တို့ကို ရေးစပ်ခဲ့ကြပြီး နွဲ့ယဉ်ဝင်း၊
ချစ်သုဝေ၊ နေနေ၊ ချမ်းချမ်း၊ အွန်ဆိုင်း၊ သံသာဝင်း၊ ဂျေမီ၊ အနဂ္ဂ စတဲ့နာမည် ကျော်အဆိုတော်
တွေက သီဆိုပေးခဲ့ ကြပါတယ်။
စကားပြောရှည်တဲ့ ဇာတ်ဝင်ခန်း တွေမှာ ငြီးငွေ့စရာကောင်းခဲ့ပေမယ့် အချိန်ကိုက်တင်ဆက်နိုင်တဲ့
ဇာတ်ဝင် တေးတွေနဲ့ ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပထမ ဆုံးအကြိမ်
ကျင်းပခဲ့တဲ့ 'နာဇရက်မြို့သား ယေဇူး' ပြဇာတ်ဟာ အောင်မြင်ခဲ့ပါ တယ်။ပွဲလာရောက်ကြည့်ရှုသူ
တွေကို အဓိပ္ပာယ်အပြည့်နဲ့ ပျော်ရွှင်စေခဲ့တဲ့ ညချမ်းလေးလည်း ဖြစ်ခဲ့ပါတယ်။
















