အာဆီယံဂီတပွဲတော်မှာ သွားရောက်ဖျော်ဖြေဖို့ Bloodsugar Politik ဂီတအဖွဲ့ ဖိတ်ကြားခံရ

အာဆီယံဂီတပွဲတော်မှာ သွားရောက်ဖျော်ဖြေဖို့ Bloodsugar Politik ဂီတအဖွဲ့ ဖိတ်ကြားခံရ

ပန့်ခ်ဂီတအဖွဲ့ Bloodsugar Politik ဟာ မေလ ၁၁ ရက်နေ့မှာ ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အာဆီယံဂီတပွဲတော်မှာ သွားရောက် ဖျော်ဖြေကြမှာဖြစ်ပါတယ်။

ပန့်ခ်ဂီတအဖွဲ့ Bloodsugar Politik ဟာ မေလ ၁၁ ရက်နေ့မှာ ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှာ
ကျင်းပမယ့် အာဆီယံဂီတပွဲတော်မှာ သွားရောက် ဖျော်ဖြေကြမှာဖြစ်ပါတယ်။

အဖွဲ့မှာ အဆိုနဲ့ ဂစ်တာအတွက် တာဝန်ယူထားတဲ့ ဟန်ထူးလွင် (ကျားပေါက်)က ပြိုင်ပွဲမဟုတ်
ပေမယ့် ဖျော်ဖြေရမှာ နည်းနည်းတော့ ကြောက်နေမိတယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"သူတို့က မြန်မာဆိုပြီး ကြည့်မှာ လေ။ အဲဒါကြောင့် မမိုက်ဘူးအပြော ခံရမှာ စိုးရိမ်တယ်"လို့
ပြောပြီး ဒီဖျော်ဖြေပွဲဟာ အဖွဲ့ရဲ့ ပထမဆုံး ပြည်ပဖျော်ဖြေရေးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

"Artwork is work: ASEAN Music Festival" လို့ အမည်ပေး ထားတဲ့ အာဆီယံဂီတပွဲတော်
ကို ဟနွိုင်းမြို့အခြေစိုက် အမေရိကန် သံရုံးနဲ့ CAMA Vietnam တို့က ပူးပေါင်းစီစဉ်တာဖြစ်ပြီး
အာဆီယံ နိုင်ငံအချင်းချင်း အနုပညာသာမက ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ကျင်း
ပခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပွဲတော်မှာ ထိုင်းနိုင်ငံမှ Molam International ၊ ဗီယက်နမ် နိုင်ငံမှ 18+ ၊ ဖိလစ်ပိုင်နိုင်ငံမှ Pulso
နဲ့ စင်ကာပူနိုင်ငံမှ Muon ဂီတအဖွဲ့တို့ကလည်း ပါ၀င်ဖျော်ဖြေ ကြမှာ ဖြစ်ပါတယ်။

Bloodsugar Politik အဖွဲ့ဟာ မြန်မာလူငယ်ပရိသတ်အများအပြားရဲ့ အားပေးမှုကိုရရှိနေတဲ့
Big Bag အဖွဲ့ရဲ့ သီးခြားအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ် ပါတယ်။
အဖွဲ့ဝင်တွေက ဘေ့စ်တီးခတ် သူ ရဲဇော်မျိုးနဲ့ ဒရမ်မာ ဗီနိုထွန်း တို့ပဲ ဖြစ်ပါတယ်။ Big Bag
အနေနဲ့ မြန်မာသီချင်းကို သီဆိုကြတာဖြစ်ပြီး အဖွဲ့သစ်အနေနဲ့ကတော့ အင်္ဂလိပ် ဘာသာနဲ့
ရေးသားထားတဲ့ သီချင်း တွေကို အများဆုံးသီဆိုကြတာ ဖြစ် ပါတယ်။

အဖွဲ့ရဲ့ပထမဆုံးအယ်လ်ဘမ် "One Second Sentence" ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လထဲမှာ
ဖြန့်ချိခဲ့ပြီး iTune မှာလည်း ၀ယ်ယူနားဆင်နိုင် ကြပါတယ်။ ပွဲတော်အကြောင်းကို အမေရိကန်
နိုင်ငံသား သူငယ်ချင်းတစ်ဦးထံကနေ သိခဲ့ရတာဖြစ်ပြီး သူ့အကူအညီနဲ့ပဲ လျှောက်လွှာတွေ
တင်ဖြစ်ခဲ့ရာက ပါ၀င်ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံရ တာဖြစ်တယ်လို့ ဟန်ထူးလွင်က ပြော ပါတယ်။

သူတို့အဖွဲ့ဟာ ပွဲတော်မှာ အင်္ဂလိပ်သီချင်းတွေကို အများဆုံး သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
သွားရောက်ဖျော်ဖြေရုံသက်သက် မဟုတ်ဘဲ ပညာရှင်အနေနဲ့ ငွေကြေး ပေးပြီး ဖိတ်ခေါ်ခဲ့တာ
ဖြစ်တာကြောင့် လည်း ၀မ်းသာတယ်လို့ ဟန်ထူးလွင်က ပြောပါတယ်။

"ကျွန်တော်တို့က ဒီခရီးကို ပညာရှင် အဖြစ် ဖိတ်ကြားခံရတာပါ။ အဲဒီ အတွက်လည်း အရမ်းဝမ်း
သာပါတယ်။ ဖျော်ဖြေမှုအပြင် ကျွန်တော်တို့ မြန်မာ ပြည်မှာ ရှိုးပွဲဆိုသလိုပဲ ပိုက်ဆံရမှာပါ"လို့ သူ
က ပြောပါတယ်။

ဖျော်ဖြေချိန် ၄၅ မိနစ်ကနေ ၅၅ မိနစ်အတွင်း ဖျော်ဖြေမယ့် တေးသီချင်း တွေကို စတင်လေ့ကျင့်
နေကြပြီး အင်္ဂလိပ်သီချင်း ၁၃ ပုဒ်နဲ့ မြန်မာ သီချင်းနှစ်ပုဒ်ကို သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က Bloodsugar Politik သီချင်းတွေနဲ့ သိပ်ကျင့်သားမရ သေးတော့ အရင်
ဖျော်ဖြေနေကျ ပွဲတွေထက် နှစ်ဆ၊ သုံးဆ ပိုကြိုးစားပြီး တိုက် နေကြတယ်။ ကျွန်တော်တို့
မလုပ်နိုင်တာကို မကြွားဘူး။ ကျွန်တော် တို့ သိပ်မပိုင်တဲ့ Solo တွေလည်း မတီးဘူး။
ကျွန်တော်တို့ လုပ်နိုင်တာ တွေကိုပဲ အကောင်းဆုံး ဖျော်ဖြေသွား မှာပါ" လို့ ဖျော်ဖြေပွဲ
ပြင်ဆင်နေမှု ကို ပြောပြပါတယ်။

သူတို့အဖွဲ့ဟာ မေလ ၈ ရက်နေ့မှာ မြန်မာပြည်ကနေ ထွက်ခွာသွားကြမှာ ဖြစ်ပြီး မေလ ၁၁ ရက်
နေ့ ဖျော်ဖြေ ရေးအပြီးမှာတော့ တခြားမြို့တွေကို လည်း သွားရောက်ဖျော်ဖြေကြဦးမှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ဆိုမယ့် သီချင်းတွေ က ပရိသတ်မသိသေးတဲ့ သီချင်းတွေ ဖြစ်သလို ပရိသတ်တွေ
ကလည်း ကျွန်တော်တို့နဲ့ မရင်းနှီးသေးတဲ့သူ တွေပါ။ ဒါကြောင့် တစ်ယောက်မှ အားမပေးလည်း
ဖျော်ဖြေမယ်ဆိုတဲ့ စိတ်နဲ့ သွားမှာပါ"လို့ ဟန်ထူးလွင်က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး