ဧဝရက်တောင်ခြေစခန်းရောက် မြန်မာလူမျိုးနှစ်ဦးရဲ့ နှင်းမုန်တိုင်း အတွေ့အကြံု

ဧဝရက်တောင်ခြေစခန်းရောက် မြန်မာလူမျိုးနှစ်ဦးရဲ့ နှင်းမုန်တိုင်း အတွေ့အကြံု

လူတွေဟာ တစ်စုံတစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီးတဲ့အခါ မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်လေ့ရှိတာကြောင့် နောက်ဆုံးမှာ ရရှိလာတဲ့ အောင်မြင်မှုတွေဟာ အတိုင်းအဆမဲ့ပါပဲ။

လူတွေဟာ တစ်စုံတစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီးတဲ့အခါ မဖြစ်ဖြစ်အောင်
အကောင်အထည်ဖော်လေ့ရှိတာကြောင့် နောက်ဆုံးမှာ ရရှိလာတဲ့ အောင်မြင်မှုတွေဟာ အတိုင်း
အဆမဲ့ပါပဲ။

ဒါကို သက်သေပြလိုက်တာကတော့ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ရဲ့ တောင်ခြေ
စခန်းကို တက်ရောက်ခဲ့တဲ့ မြန်မာလူမျိုး နှစ်ယောက်ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ တောင်အမြင့်တက်တဲ့ အတွေ့အကြံု မရှိကြပေမယ့် လမ်းတစ်လျှောက်မှာ ပြင်းထန်
တဲ့ နှင်းမုန်တိုင်းတွေကို ဖြတ်ကျော်ပြီး နီပေါနိုင်ငံက ဧဝရက်တောင်ခြေ စခန်းကို ပြီးခဲ့တဲ့လက
တက်ရောက်ခဲ့ကြပါတယ်။

ကိုမိုထွန်းကျော်နဲ့ ကိုသိုက်ထွန်း တို့နှစ်ဦးဟာ ဧပြီလ ၁ နေ့မှာ နီပေါ အရှေ့မြောက်ပိုင်းရှိ ခွန်ဖူးဒေသ
ကနေ တောင်တက်ခရီးကို စတင်ခဲ့ပြီး မီတာ ၅,၃၅၆ အမြင့်ရှိတဲ့ ဧဝရက်တောင်ခြေ စခန်းကို ဧပြီလ
၁၂ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။

"ကျွန်တော်တို့ နှစ်ဦးစလုံးမှာ တောင်တက်တဲ့ အတွေ့အကြံု မရှိပါဘူး။ ငယ်ငယ်တုန်းကတော့
ကျိုက်ထီးရိုးတောင် တက်တယ်။ ၂၀၁၁ က မလေးရှားနိုင်ငံ၊ ဘိုနီယိုကျွန်းက ကင်နာဘာလူး
တောင်ကို နှစ်ယောက်သား တက်ခဲ့ကြတယ်"လို့ ကိုမိုထွန်းကျော်က ပြောပါတယ်။

"စွန့်စားတာကို ၀ါသနာပါလို့ တောင်တက်ကြတာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်က ကင်နာဘာလူးတောင်ကို
တက်ကြရင်း တောင်တက်ရတာကို အရမ်း နှစ်သက်သွားခဲ့တာ"လို့လည်း ပြောပါတယ်။

ကင်နာဘာလူးတောင်ကို တက်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်ပေါ်မှာ တောင်တက်မိတ်ဆွေ၊
အပေါင်းအသင်းတွေ အများကြီးရလာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

"သူတို့ကို ကျွန်တော် မေးကြည့်တယ်။ တောင်တက်တာ ၀ါသနာပါတဲ့ လူတစ်ယောက်က
တစ်သက်မှာ တစ်တောင်ပဲ တက်ရမယ်ဆိုရင် ရှုခင်းအနေနဲ့လည်း လှပရမယ်၊ တောင်တက်
ကိရိယာနဲ့ နည်းပညာတွေလည်း ခက်ခက်ခဲခဲမလိုဘူး။ ငွေကြေးအားဖြင့်လည်း လက်တစ်ကမ်း
အကွာမှာရှိနိုင်မယ့် တောင်မျိုး ဖြစ်ရမယ်လို့ ခြုံငုံပြီး မေးကြည့်တယ်။ တစ်သက်မှာ တစ်တောင်ပဲ
တက်ရမယ်ဆိုရင် ဧဝရက် တောင်ခြေစခန်းကို တက်တာက တကယ်ကောင်းမယ်လို့ တော်တော်
များများက သုံးသပ်ကြပါတယ်"လို့ တောင်တက်ဖို့ ဧဝရက်တောင်ခြေစခန်းကို သူတို့ ရွေးဖြစ်ခဲ့ပုံကို
ပြောပြပါတယ်။

ကိုမိုထွန်းကျော်က 'ဧဝရက်တောင်' လို့ ကြားလိုက်တာနဲ့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ လှပလွန်းတဲ့
တောင်ကြီးရဲ့ပုံရိပ်က သူ့အာရုံထဲ ပထမဆုံး ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

"တောင်တစ်တောင်ဆိုတာ အကြွေစေ့လို ခေါင်းနဲ့ ပန်းရှိသလိုပဲ အရမ်းလှပတဲ့ အပိုင်းရှိသလို
တစ်ဖက်ကလည်း တောင်တွေမှာ ရုပ်ဆိုး ကြမ်းတမ်းခတ်ထန်တဲ့ အပိုင်းလည်း ရှိပါတယ်။ လမ်းခရီး
ကြမ်းတယ်။ လေတိုက်နှုန်း ပြင်းထန်တယ်။ အအေးချိန် အရမ်းလွန်ကဲတယ်။ အမြင့်ကို တက်လေ
လေ လေထုထဲမှာပါတဲ့ အောက်ဆီဂျင်ပမာဏက နည်းလေလေပဲ"လို့ သူက ဆက်ပြောပါတယ်။

ဧဝရက် တောင်ခြေစခန်းကို တက်ဖို့ ပြင်ဆင်မှုအနေနဲ့ အားကစားရုံမှာ သူငယ်ချင်းနှစ်ယောက်
ပခုံးကြွက်သားတွေနဲ့ ခြေသလုံးကြွက်သားတွေ ကြံ့ခိုင်ဖို့ လေ့ကျင့်ခဲ့ရတယ်လို့လည်း
ကိုမိုထွန်းကျော်က ဆိုပါတယ်။

"တောင်တက် အတွေ့အကြံုများတဲ့ သူတွေကို မေးတယ်။ အဆိုးဆုံး ဖြစ်နိုင်တဲ့ အခြေအနေတွေကို
လေ့လာတယ်။ စိတ်ဓာတ်အတွက်လည်း ပြင်ဆင်နိုင်ခဲ့သလို ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ကိုလည်း ပြင်ဆင်
နိုင်ခဲ့ပါတယ်"လို့လည်း သူက ပြောပါတယ်။

သူတို့နှစ်ဦး နီပေါနိုင်ငံကို ရောက်တဲ့အခါ နီပေါနိုင်ငံသားတွေဟာ မြန်မာ နိုင်ငံကို သိကြပေမယ့်
ဧဝရက်တောင် ခြေစခန်းကို လာတက်တဲ့ မြန်မာလူမျိုးနဲ့ တစ်ကြိမ်မှ မကြံုကြဖူးလို့လည်း ပြောပြ
ပါတယ်။

"အဲဒီလို ကြားရတဲ့အချိန်မှာ ကျွန်တော်တို့ နှစ်ယောက်စလုံးက တောင်ခြေစခန်းမှာ မြန်မာနိုင်ငံ
အလံကို စိုက်ထူဖို့ စိတ်စောစိတ်လှုပ်ရှား နေကြပြီ"လို့ ကိုမိုထွန်းကျော်က ပြောပါတယ်။

"ဧဝရက်တောင်ခြေစခန်းကို ၁၁ ရက်နဲ့ ရောက်ခဲ့ပါတယ်။ တောင်ခြေ စခန်းမှာ ဗြိတိသျှအလံနဲ့
တခြားနိုင်ငံ ကအလံတွေ တွေ့ပေမယ့် မြန်မာပြည် အလံတော့ ကျွန်တော် မတွေ့ခဲ့ပါဘူး။ ဒီကို
ရောက်တဲ့ တောင်တက်သမားတိုင်း အလံစိုက်ချင်မှ စိုက်မှာ ဖြစ်ပေမယ့် ကျွန်တော့်အထင်တော့
တောင်ခြေစခန်းကို ရောက်ဖူးတဲ့ မြန်မာလူမျိုး အတော်လေး နည်းလိမ့်မယ်လို့ ထင်ပါတယ်"လို့
သူက ဆက်ပြောပါတယ်။

အမိမြေရဲ့ အလံတော်ကို သူများ နိုင်ငံက အလံနဲ့အတူ အောင်အောင် မြင်မြင် စိုက်ထူနိုင်ခဲ့ပေမယ့်
အလံ စိုက်ထူပြီးတာနဲ့ မထင်မှတ်တဲ့ နှင်းမုန် တိုင်းနဲ့ ကြံုတွေ့ခဲ့ရတယ်လို့လည်း ပြောပြပါတယ်။

"အလံက ညနေ ၄ နာရီ ၄၅ မိနစ် လောက်မှာ စိုက်ထူပြီးတာနဲ့ ၅ နာရီ ၀န်းကျင်မှာ ရုတ်တရက်
နှင်းမုန်တိုင်း ကျရောက်လာပါတယ်။ တောင်အောက်ကို နောက်ပြန်လျှောက်ဖို့ မဖြစ် နိုင်တော့ဘူး။
နှင်းက အရမ်းကျတယ်။ လေကလည်း အရမ်းတိုက်လာတယ်"လို့ မြန်မာတိုင်း(မ်)သတင်းစာမှာ
ဓာတ်ပုံသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ကိုသိုက်ထွန်းက ပြောပါတယ်။

တောင်တက် အတွေ့အကြံု ၁၈ နှစ်ရှိပြီဖြစ်တဲ့ သူတို့ရဲ့ လမ်းပြက ရုတ်တရက် ဖြစ်ပေါ်လာတဲ့
နှင်းမုန်တိုင်းရဲ့ အခြေအနေကို အကဲဖြတ်ပြီး အန္တရာယ်အကြီးအကျယ် ကျရောက် နိုင်တာကြောင့်
နောက်ပြန် မသွားသင့်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဘေးကင်းရာကို အမြန်ဆုံးရောက်ရှိဖို့အတွက်
အရေးပေါ်ရဟတ်ယာဉ်ခေါ်ယူဖို့ အကြံပေးခဲ့တယ်လို့လည်း ပြောပြပါတယ်။

"သူ့ရဲ့ အကြံဉာဏ်ကို ကျွန်တော်တို့ ဘယ်လိုမှ ငြင်းပယ်လို့ မရတော့ပါဘူး" လို့ ကိုသိုက်ထွန်းက
ဆိုပါတယ်။

"ရဟတ်ယာဉ်နဲ့ အရေးပေါ်လာခေါ်ဖို့ ဖုန်းခေါ် ကြည့်ပေမယ့် ရာသီဥတုက မကောင်းတဲ့အခါ
ထင်ထင်ရှားရှား မမြင်ရတဲ့အတွက် အချိန်မီလာမကယ် နိုင်ခဲ့ပါဘူး"လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် သူတို့အဖွဲ့ဟာ နှင်းမုန်တိုင်းညမှာ အန္တရာယ်ကနေ လွတ်ကင်းနိုင်ဖို့အတွက် တခြားနေရာ
တစ်ခုကို စဉ်းစားကြရပါတော့တယ်။

အဲဒီအခါမှာ သူတို့ ရောက်နေတဲ့ နေရာကနေ လှမ်းတွေ့နိုင်ပြီး မိနစ် ၃၀၊ ၄၅ မိနစ် လောက်
လျှောက်သွားရတဲ့ expedition camp တစ်ခုဆီကို သွားခဲ့ကြတယ်လို့ ပြောပြပါတယ်။

"ဖြစ်ချင်တော့ အဲဒီ camp က စားဖိုမှူးက ကျွန်တော်တို့လမ်းပြရဲ့ မိတ်ဆွေ ဖြစ်တော့ ကျွန်တော်
တို့ကို မီးဖိုချောင်ထဲမှာ တစ်ညပေးအိပ်ခွင့် ပြုခဲ့ပါတယ်။ ဒါလေးကပဲ ကျွန်တော်တို့ နှစ်ယောက်ကို
အသက်ကယ်ခဲ့တာပါ"လို့ သူက ဆက်ပြောပါတယ်။

နောက်တစ်နေ့ မနက်စောစောမှာ ရဟတ်ယာဉ် ရောက်လာခဲ့ပြီး သူတို့ နှစ်ဦးကို Kathmandu မြို့
အထိ ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ သွားတဲ့လက နွေရာသီ ဧပြီလပါ။ အဲဒီလမှာ နှင်းမုန်တိုင်းတိုက်ဖို့ အခြေအနေ လုံးဝ
မရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာမှာ ရာသီဥတုတွေက ဖောက်ပြန်နေတဲ့အတွက် တော်တော်ကို ကြမ်းတမ်း
တဲ့ နှင်းမုန်တိုင်းနဲ့ ကျွန်တော်တို့ ကြံုတွေ့ရတယ်။ ရည်မှန်းထားတဲ့ ပန်းတိုင်ထိကို ကျွန်တော်တို့
ရောက်ခဲ့တယ်။ မြန်မာနိုင်ငံအလံကို အောင်မြင်စွာ ချိတ်ဆွဲနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နေ့
မနက်မှာ အရေးပေါ်ရဟတ်ယာဉ်နဲ့ ပြန်လာခဲ့ရတဲ့အတွက် ကျွန်တော်တို့ခရီးကတော့ တိုတောင်း
သွားခဲ့ပါတယ်"လို့ ကိုမိုထွန်းကျော်က ပြောပါတယ်။

ဧဝရတ်တောင်တက်ခရီးကနေ သူတို့ဟာ စိတ်ရှည်သည်းခံခြင်း၊ နှိမ့်ချခြင်း နဲ့ စိတ်ဓာတ်ကြံ့ခိုင်ခြင်း
တွေကို သင်ကြားရယူခဲ့တယ်လို့လည်း ဆိုပါတယ်။

"တောင်စတက်တဲ့ အချိန်ကစပြီး ဒီအကွေ့ပြီးရင် နောက်တစ်ကွေ့ကိုပဲ ကျွန်တော်တို့ စဉ်းစားတယ်။
Day 1 စတက်တဲ့နေ့မှာ Day 10 မှာ ဘာဖြစ်မလဲလို့ မစဉ်းစားပါဘူး။ Day 1 မှာ အကောင်းဆုံး
ပြင်ဆင်တယ်။ မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်လာရင်လည်း စိတ်အေးအေးနဲ့ အကောင်းဆုံး
ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားပါတယ်"လို့ ကိုမိုထွန်းကျော်က ပြောပါတယ်။

ခရီးစဉ်တစ်လျှောက်မှာ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ နေ့တွေကို ဖြတ်ကျော်ခဲ့ရပြီး ရေခဲတွေပေါ်မှာ
လမ်းလျှောက်ရတဲ့ နေ့မျိုးတွေမှာ တက်ရမယ့် တောင်ထိပ်ကို မျှော်ကြည့်နေရမယ့်အစား အကွေ့
လေးတစ်ကွေ့ကိုပဲ ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာပဲ စဉ်းစားတယ်လို့လည်း ပြောပါတယ်။

"ဒုတိယမြောက်နေ့မှာ မထင်မှတ်ပဲ မိုးကောက်ရွာပါတယ်။ မိုးနည်းနည်း သည်းလာရင် မြေကြီးတွေ
က ချောလာတဲ့အတွက်ကြောင့် နားရတယ်။ တောင်တွေက မိုးရွာလို့ စောင့်ပါဆိုရင် ကျွန်တော်တို့
စောင့်ရတယ်။ နှင်းမုန်တိုင်းတွေကျလို့ နားပါဆိုရင် ကျွန်တော်တို့ နားရပါတယ်"လို့ သူက ပြောပါ
တယ်။

သူတို့ နှစ်ဦးရဲ့ တောင်တက်နှုန်းဟာ တခြားတောင်တက်သမားတွေထက် နှေးတာကြောင့် အထင်
သေးတာမျိုး ကြံုရပေမယ့် အဲဒီတောင်တက်သမားတွေဟာ ခပ်လှမ်းလှမ်းမှာပဲ ဒဏ်ရာ အနာတရ
ဖြစ်တာကြောင့် ပြန်လှည့်သွားရတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ကို မင်းတို့ အာရှသမားတွေ တော်တော် နှေးတာပဲလို့ ပြောပြီး နောက်နှစ်ရက်
လောက်လဲ ကြာရော ရဟတ်ယာဉ်ခေါ်ပြီး ပြန်လှည့်သွားရတာ ကျွန်တော်တို့ မျက်စိနဲ့ မြင်ခဲ့ရပါ
တယ်"လို့ သူကပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး