ကမ္ဘာအေး ဘုရားလမ်းဘက်ကနေ ရွှေဂုံတိုင်မီးပွိုင့်ကို ဖြတ်လိုက်ပြီး တစ်ဖက်ခြမ်းကို ရောက်ပြီဆိုရင် ခပ်သာသာလေး သွားလိုက်တာနဲ့ ရွှေဂုံတိုင် ကားမှတ်တိုင် ရှိပါတယ်။
ကမ္ဘာအေး ဘုရားလမ်းဘက်ကနေ ရွှေဂုံတိုင်မီးပွိုင့်ကို ဖြတ်လိုက်ပြီး တစ်ဖက်ခြမ်းကို ရောက်ပြီ
ဆိုရင် ခပ်သာသာလေး သွားလိုက်တာနဲ့ ရွှေဂုံတိုင် ကားမှတ်တိုင် ရှိပါတယ်။
လက်ရှိမှာ ရွှေဂုံတိုင်ခုံးကျော်တံတား ဆောက်လုပ်နေတာကြောင့် မီးပွိုင့်အလွန် တစ်ဖက်ခြမ်း
ရောက်ပြီဆိုရင် ယာဉ်တစ်စီးသာ သွားလို့ အဆင်ပြေတော့တဲ့အထိ လမ်းကျဉ်းသွားပါပြီ။
အဲဒီ လမ်းကျဉ်းထဲမှာ ရောက်နေတဲ့ ကားမှတ်တိုင်ဟာ ခရီးသည်တွေအတွက် ယာဉ်ပေါ်အတက်
အဆင်း ပြုလုပ်ရာမှာ အလွန်ပဲ ဘေးအန္တရာယ်များလှပါတယ်။
ဘတ်စ်ကားတွေအနေနဲ့လည်း ကားရပ်ပြီး ခရီးသည်တွေကို လမ်းပိတ်ပြီး တင်၊ ချပြုလုပ်ရတာ
ကြောင့် နောက်ကားတွေမှာ မီးစိမ်းနေ ပေမယ့် မီးပွိုင့်ကို ဖြတ်ကျော်မရနိုင်တာမျိုး ကြံုနေကြရပါ
တယ်။
ဒါကြောင့်မို့ ဘေးအန္တရာယ်ကင်းရှင်းပြီး လမ်းပိတ်မှုကလည်း ကင်းဝေးအောင် ရွှေဂုံတိုင်မှတ်တိုင်ကို
လမ်းကျယ်ရာနေရာ တစ်ခုဆီကို ယာယီရွေ့ပြောင်း ပေးသင့်ပါတယ်။















