"စည်းကမ်းချိုးဖောက်သူတွေ အပြစ်မခံရသရွေ့ ကျေနပ်နိုင်မှာ မဟုတ်ဘူး"

"စည်းကမ်းချိုးဖောက်သူတွေ အပြစ်မခံရသရွေ့ ကျေနပ်နိုင်မှာ မဟုတ်ဘူး"

ယာဉ်တိုက်မှုရဲ့ သားကောင်တစ်ဦး ဖြစ်ခဲ့ရတဲ့ ဦးစိန်ကင်းဟာ သူသေလု မြောပါးဖြစ်ခဲ့ရတဲ့အကြောင်းကို မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုရဲ့ သားကောင်တစ်ဦး ဖြစ်ခဲ့ရတဲ့ ဦးစိန်ကင်းဟာ သူသေလု မြောပါးဖြစ်ခဲ့ရတဲ့
အကြောင်းကို မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။

ဦးစိန်ကင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က စံပြရုပ်ရှင်ရုံအနီးကနေ လမ်းမတော်မြို့နယ်၊
ရွှေတောင်တန်းလမ်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်ကို သူ့သားလေးနဲ့အတူ လမ်းလျှောက် ပြန်လာစဉ်မှာ
နံပါတ်(၂၂၆)ဘတ်စ် ကားက အရှိန်လွန်ပြီး ကားကိုးစီး ဆင့်တိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ
ရရှိခဲ့သူ ဖြစ်ပါတယ်။

"ကျွန်တော်က စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်ကနေ ကျွန်တော့်သားနဲ့ အိမ်ကို လမ်းလျှောက်ပြန်
လာတုန်း စံပြရုပ်ရှင်ရုံနားမှာ ၀င်တိုက်ခံရတာ။ ဘယ်လို ၀င်တိုက်သွားမှန်းတောင် မသိဘူး"ဟု
အသက် ၅၉ နှစ်ရှိပြီး ကားပွဲစား အလုပ်လုပ်ကိုင်တဲ့ ဦးစိန်ကင်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

နံပါတ်(၂၂၆)ဘတ်စ်ကားနှစ်စီးဟာ ပြိုင်မောင်းလာကြတာဖြစ်ပြီး အကွေ့ မှာ အရှိန်မထိန်းနိုင်ဘဲ
၀င်တိုက်မိပြီး ယာဉ်တိုက်မှုကြောင့် လူရှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဦးစိန်ကင်းနဲ့ အခြားတစ်ဦးမှာတော့
အဆိုးရွားဆုံးပဲ ဖြစ်ပါတယ်။

ဦးစိန်ကင်းဟာ ခြေနှစ်ချောင်းနဲ့ လက်တစ်ဖက် ကျိုးသွားခဲ့ရပြီး ကျန်တစ်ဦးကတော့ ယာဉ်တိုက်ခံရ
တဲ့ ညမှာပဲ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

"ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားတယ်။ ဘယ်ဘက်ခြေထောက်က ပွင့်ကျိုးကျိုးတယ်လို့
ဆရာဝန်က ပြောတယ်။ ဘယ်လက်လည်း ကျိုးသွားတယ်။ ကျွန်တော့်ကို သေပြီလို့တောင်
ထင်နေကြတာ။ အတိုက်ခံရတုန်းက သွေးတွေ အန်နေတယ်လို့ ပြောတယ်။ ဘယ်ဘက်မျက်လုံး
ကလည်း ဖူးရောင် နေတာပဲ"လို့ ပြောပြပါတယ်။

ဘတ်စ်ကားမောင်းသူက အာဏာပိုင်တွေကို ကားဘရိတ်ပေါက်တာကြောင့် ယာဉ်တိုက်မှု ဖြစ်ရ
တာပါလို့ ပြောကြားပေမယ့် တကယ့်ဖြစ်ရပ်မှန်က ကားပြိုင်မောင်းတာကြောင့် ဖြစ်ရတာလို့ ဆိုပါ
တယ်။

"ဘတ်စ်ကားမောင်းသူတွေဟာ အရမ်းစည်းကမ်းမဲ့တယ်။ သူတို့က သူတို့ မောင်းချင်သလို မောင်း
တာ။ ဘယ်သူဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ နစ်နာကြေးပေးဖို့လည်း ဆန္ဒမရှိဘူး။ ကားဖြစ်ဖြစ်၊ လူဖြစ်
ဖြစ် ၀င်တိုက်မိရင် သူတို့က ထောင်ကျခံလိုက်မယ်။ ဒါပဲ" လို့လည်း ဦးစိန်ကင်းက ပြောပါတယ်။

"ကျွန်တော် သူတို့ကို သတ်တောင်သတ်ပစ်ချင်နေတာ။ ကျွန်တော့မိန်းမက တားနေလို့သာ။ ခုထိ
ကျွန်တော့် ခြေထောက်က ထောက်လို့တောင် မရသေးဘူး။ ကျိုးတဲ့ဘဝဟာ အဲဒီလောက် ဒုက္ခ
ရောက်မယ်လို့ မထင်ခဲ့ဘူး။ စဖြစ်ကတည်းက ခုချိန်ထိ ကျွန်တော် ခုတင်ပေါ်မှာပဲ"လို့လည်း
ဆက်ပြောပါတယ်။

ထိခိုက် နစ်နာသူတွေအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တရားစွဲဆိုပေးထားပေမယ့် ၂၂၆
ယာဉ်လိုင်းကနေ ယာဉ်တိုက်မှုကြောင့် ဆုံးရှုံးနစ်နာသူတွေအတွက် ဘာမှလုပ်ပေးခြင်း မရှိဘူးလို့
လည်း ပြောပြပါတယ်။

"ကျွန်တော် ဒီကောင်တွေ ထိုက်သင့်တဲ့ပြစ်ဒဏ် မရမချင်း လုံးဝမကျေနပ်နိုင်ဘူး။ မနက်အစောကြီး
ကားကို ဒီလောက် မြန်မြန် မောင်းစရာ အကြောင်းကို မရှိဘူး။ ပြစ်ဒဏ်တွေကို ပိုတင်းကျပ်ထား
သင့်တယ်"လို့ ဦးစိန်ကင်းက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်က သူနဲ့အတူ ပါလာတဲ့ သားဖြစ်သူ ငါးတန်းကျောင်းသား မောင်ဉာဏ်လင်း
အောင် ကတော့ ကံကောင်းစွာနဲ့ ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့
ကြောက်စရာအဖြစ်ဆိုးကို ကြံုခဲ့ရတာကြောင့် ယနေ့တိုင် ထိတ်လန့်နေသေးတယ်လို့ ဆိုပါတယ်။

မိသားစုအနေနဲ့ စီးပွားရေးရာထိခိုက်မှု ကြံုတွေ့နေရပြီး ယနေ့ထိလည်း နစ်နာကြေး မရရှိသေးဘူး
လို့လည်း ဆိုပါတယ်။

"ကျွန်တော်ဒဏ်ရာတွေကို ကုတာ သိန်း ၁၀၀ နီးပါး ကုန်နေပြီ။ ဒါတောင် ကုလို့ မပြီးသေးဘူး။
မတတ်နိုင်တဲ့ သူဆို ဘယ်လိုလုပ်မလဲ။ နစ်နာကြေးလည်း လုံလုံလောက်လောက် မပေးကြဘူး။
ကုန်ကျစရိတ်တွေ အားလုံး ကျွန်တော့်ဘာသာခံရတာ။ ကျွန်တော့် ဒဏ်ရာတွေကလည်း သေချင်
လောက် အောင်ပြင်းတာ။ ကျွန်တော့်စီးပွားရေးကိုလည်း ပစ်ထားရတယ်"လို့ ယာဉ်တိုက်မှုကြောင့်
ကြံုတွေ့ရတဲ့ နောက်ဆက်တွဲ ရလဒ်ဆိုးတွေကို ပြောပြပါတယ်။

ဦးစိန်ကင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ရွှေ ကတော့ သူ့ယောကျ်ား အခုလို ဖြစ်တာကြောင့် စီးပွားရေးရော၊
လူမှုရေးပါ ထိခိုက်ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။

"ကျွန်မ အရမ်း စိတ်ဆင်းရဲရပါတယ်။ ကိုယ်မဖြစ်ပေမယ့် သူခံစားနေရတာကို ကြည့်ရတာ မသက်
သာပါဘူး။ ရှိတာမှ မိသားစုက နည်းနည်းလေး။ သူ ခုလိုဖြစ်တော့ အားလုံး ဒုက္ခများတာပေါ့"လို့
ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး