မန္တလေးအက်(ဖ်)အမ်ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှု စတင်ပြုလုပ်ပြီ

မန္တလေးအက်(ဖ်)အမ်ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှု စတင်ပြုလုပ်ပြီ

မန္တလေး အက်(ဖ်)အမ်က 'မင်္ဂလာ ညနေခင်းပါ' လို့ အမည်ပေးထားတဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို အသံလွှင့်ဌာနရဲ့ ငါးနှစ်ပြည့်မြောက်တဲ့ မေလ ၁ ရက်နေ့က စတင်ပြီး တနင်္လာကနေ သောကြာနေ့အထိ ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါတယ်။

မန္တလေး အက်(ဖ်)အမ်က 'မင်္ဂလာ ညနေခင်းပါ' လို့ အမည်ပေးထားတဲ့ ပထမဆုံး တိုက်ရိုက်ထုတ်
လွှင့်မှု အစီအစဉ်ကို အသံလွှင့်ဌာနရဲ့ ငါးနှစ်ပြည့်မြောက်တဲ့ မေလ ၁ ရက်နေ့က စတင်ပြီး တနင်္လာ
ကနေ သောကြာနေ့အထိ ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါတယ်။

ညနေ ၄ နာရီကနေ ၆ နာရီအထိ နှစ်နာရီကြာ ထုတ်လွှင့်တဲ့ ဒီအစီအစဉ်ကို ဆွီဒင်နိုင်ငံမှ Swedish
Radio နဲ့ ပူးပေါင်းထုတ်လွှင့်တာဖြစ်ပြီး Swedish Radio မှ မန္တလေး အက်ဖ်အမ်ဝန်ထမ်းတွေကို
သင်တန်းပေးခြင်း၊ စက်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးခြင်းတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။

မန္တလေးအက်(ဖ်)အမ်ရဲ့ မန်နေဂျာ ဖြစ်တဲ့ လှယဉ်က သူတို့ရုပ်သံအနေနဲ့ မန္တလေးမြို့တော်ဝန်
သင်္ကြန်မဏ္ဍပ်၊ အကယ်ဒမီဆုပေးပွဲ၊ ဘောလုံးပွဲတွေလိုမျိုး အစီအစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်မှု
မျိုး အရင်က ပြုလုပ်ခဲ့ဖူး ပေမယ့် 'မင်္ဂလာ ညနေခင်းပါ' အစီအစဉ်မှာတော့ မတူတဲ့ ရသအသစ်ကို
ပြောင်းလဲခံစားရမှာပါလို့ ပြောပါတယ်။

"ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုပေါ်မှာ မူတည်ပြီးတော့ survey တွေ ကောက်ခံထားပါတယ်။
ပရိသတ်တွေအနေနဲ့ ဘာတွေကို လိုအပ်နေတယ်။ ဘာတွေကို နားဆင်ချင်နေလဲဆိုတာ တွေ
အပေါ်မူတည်ပြီး ဒီရေဒီယိုရှိုးကို လုပ်ထားတာဖြစ်ပါတယ်"လို့ လှယဉ် က ပြောပါတယ်။

"အရင်က ထုတ်လွှင့်ခဲ့တဲ့ မိနစ် ၂၀ ကြာမြင့်တဲ့ talk show မျိုးတွေကို ပရိသတ်တွေက အကြာကြီး
နားထောင်ရတာ ငြီးငွေ့တယ်လို့ စစ်တမ်းကောက် ကြည့်တဲ့အခါ သိရပါတယ်။

အဲဒါကြောင့် ဒီလိုက်ဖ်ရှိုးမှာတော့ နိုင်ငံတကာ တင်ဆက်မှုပုံစံအတိုင်းပဲ နှစ်နာရီအချိန်တိုအတွင်းမှာ
ပဲ ပုံစံမျိုးစုံ ရသမျိုးစုံကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်"လို့လည်း သူက ပြောပါတယ်။

လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ အမျိုးသမီးတွေရဲ့ ဆွေးနွေးပွဲတွေနဲ့ ယာဉ်
အန္တရာယ်ပတ်သတ်နဲ့ သတင်းတွေအပြင် စိတ်ဝင်စားစရာ ခေါင်းစဉ်လေးတွေနဲ့ တင်ဆက်မှုများကို
နားသောတဆင်ရမှာ ဖြစ်ပြီး ပထမဆုံးထုတ်လွှင့်တဲ့ မေ ၁ ရက်နေ့ရဲ့ အမျိုးသမီးများရဲ့ဆွေးနွေးပွဲ
(woman panel) ခေါင်းစဉ်အောက်မှာ ဆယ်ကျော်သက်အရွယ်အချစ်နဲ့ လူလတ်ပိုင်းအရွယ်မှာ
ချစ်ရတဲ့ မတူညီတဲ့ အချစ်တွေအကြောင်းကို ဆွေး နွေးခဲ့ကြသူတွေကတော့ အကယ်ဒမီ မယ်လိုဒီ၊
စာရေးဆရာမ လမင်းမိုမိုနဲ့ ဒါရိုက်တာဝင်းထွန်းထွန်းရဲ့ ဇနီး မသစ်သစ်မြင့်ဆိုင်တို့ပဲ ဖြစ်ပါတယ်။

"Traffic report နဲ့ပတ်သက်လို့ ကတော့ ဒါက စမ်းသပ်တာလည်း ပါပါတယ်။ တကယ်လက်တွေ့
မှာ နားထောင်တဲ့သူတွေအတွက် ထိရောက်မှု ရှိမရှိကို ကျွန်တော်တို့ feedback ပြန်ယူရဦးမှာပါ။
အချိန်နဲ့ တပြေးညီ ထုတ်လွှင့်လိုက်ပေမယ့် နားထောင်တဲ့သူက နားထောင်တဲ့ အချိန်နဲ့ သူရောက်
သွားတဲ့ အချိန်က တစ်ခုခု ပြောင်းသွားနိုင်တယ်ဆိုတော့ တကယ်ထိရောက်မှု ရှိမရှိကို နားထောင်
ပြီးမှ ပြင်ဆင်စရာ ပြုပြင်စရာတွေကို ဆက်လုပ်သွားမှာပါ"လို့ မန္တလေးအက်(ဖ်)အမ်မှ တာဝန်ရှိသူ
တစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းက ပြောပါတယ်။

"အရင်တုန်းက လိုက်ဖ်ရှိုးဆိုရင် Hybrid ကို သုံးတာများတော့ စက်ပိုင်းဆိုင်ရာကြောင့် edit ပြန်
လုပ်တယ်။ mixing ပြန်လုပ်ပြီး နည်းနည်းလေး နောက်ကျပြီးမှ လိုက်ဖ်ရှိုးဆိုပြီး ပြန်လွှင့်ရတယ်။
အခုတော့ တိုက်ရိုက်ထုတ်လွှင့်နိုင်မယ့် စက်တွေကို သုံးထားတယ်" လို့လည်း သူက ပြောပါတယ်။

မန္တလေး အက်(ဖ်)အမ်ကို ၂၀၀၈ ခုနှစ်၊ ဧပြီလက စတင်ကာ ၈၇ ဒသမ ၉ MHz ကနေ ထုတ်လွှင့်ခဲ့
ပြီး ခုလိုမျိုး တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွေ ကို နောက်ပိုင်းမှာ တိုးချဲ့သွားဖို့ အစီအစဉ်ရှိပြီး
မနက်ပိုင်းရှိုး၊ ညနေပိုင်း ရှိုးတွေအဖြစ် ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး