KFC ကြက်ကြော် မြန်မာပြည်မှာ တရားဝင်မိတ်ဆက်ပြီ

KFC ကြက်ကြော် မြန်မာပြည်မှာ တရားဝင်မိတ်ဆက်ပြီ

စနေနေ့ ညနေခင်းလေးဟာ သာယာလို့ နေပါတယ်။ အဲဒီညနေခင်းလေးမှာ ခုတလောရေပန်းစားပြီး လူပြောများနေတဲ့ KFC ကြက်ကြော်ကုမ္ပဏီကနေ ဖိတ်ကြားလာတဲ့ ပွဲလေးကို တက်ရောက်ဖြစ်ခဲ့ပါတယ်။

စနေနေ့ ညနေခင်းလေးဟာ သာယာလို့ နေပါတယ်။ အဲဒီညနေခင်းလေးမှာ ခုတလော ရေပန်းစား
ပြီး လူပြောများနေတဲ့ KFC ကြက်ကြော်ကုမ္ပဏီကနေ ဖိတ်ကြားလာတဲ့ ပွဲလေးကို တက်ရောက်
ဖြစ်ခဲ့ပါတယ်။

နေရာက အင်းယားလိတ်ဟိုတယ်ထဲမှာ ကျင်းပခဲ့တာပါ။ တကယ်တော့ ဒီပွဲလေးကို တက်ရောက်ဖို့
ဖိတ်စာရရှိကတည်းက စိတ်ဝင်စားနေခဲ့တာပါ။

ဒီနှစ် အစောပိုင်းလောက်က ဒဂုံမြို့နယ်ထဲမှာ KFC ကြက်ကြော်ဆိုင်ဖွင့်တယ်လို့ သတင်းတွေကြား
ရသလို အဲဒီဆိုင်က အတုကြီးလို့လည်း ကြားရပြန်တာကြောင့် အစစ်အမှန်ဆိုင် ဘယ်တော့ဖွင့်လာ
လေမလဲဆိုပြီး စိတ်ဝင်တစား ရှိနေခဲ့တာပါ။

ခုတော့ KFC ကနေ တရားဝင်ဖိတ်ကြားလာတဲ့ ကြက်ကြော်မြည်းစမ်းပွဲကို တက်ရောက်ခွင့်ရခဲ့ပါ
တယ်။

ညနေ ၄ နာရီလောက် ရောက်ရှိသွားတဲ့ ကျွန်မတို့ သတင်းစာတိုက်က ဓာတ်ပုံဆရာမနဲ့ ကျွန်မတို့
ဟာ KFC ရဲ့ ကုန်အမှတ်တံဆိပ်တည်ထောင်မှုနဲ့ နိုင်ငံတကာလုပ်ငန်းတိုးချဲ့မှုတွေကို ဦးဆောင်ပေး
နေတဲ့ Yum Restaurants International & JU Vice President & Chief Marketing Officer
ဖြစ်တဲ့ Vipul Chawla ရဲ့ မိတ်ဆက်စကားအပြီးမှာ မြန်မာကို တကယ်ပဲရောက်လာတဲ့ KFC ကြက်
ကြော်တွေကို မြည်းစမ်းခွင့်ရခဲ့ပါတယ်။

စားပွဲပေါ်ချလာတဲ့ ရင်အုံ၊ ပေါင်စတဲ့ ဆီတွေ ဝေ့မနေဘဲ ခြောက်ခြောက်လေးဖြစ်နေတဲ့ ကြက်ကြော်
တုံးတွေရဲ့ မွှေးရနံ့ဟာ ကျွန်မတို့ရဲ့ အစာအိမ်တွေကို တပ်လှန့်လိုက်သလိုပါပဲ။

သဘာဝအရသာနဲ့ အစပ်အရသာဆိုပြီး မိတ်ဆက်ပေးတဲ့ ကြက်ကြော်နှစ်မျိုးမှာ ပထမတစ်မျိုး
အရင်မြည်းစမ်းလိုက်တဲ့ အချိန်မှာတော့ ကြက်သားအရေခွံတွေနဲ့အတူ ဂျုံသားတွေက ကြွပ်ရွနေပြီး
အထဲက ကြက်သားကတော့ အရည်ရွှမ်းရွှမ်းနဲ့ နူးညံ့နေတာကတော့ ကြက်ကြော်ရဲ့ အရည်အသွေး
ပြည့်ဝမှုကို သတိထားလိုက်မိပါတယ်။

ဒါပေမဲ့ အနည်းငယ် ငန်နေတာကြောင့် ထမင်းနဲ့ တွဲဖက်စားသုံးရရင် ပိုပြီး သင့်လျော်လိမ့်မယ်လို့
ထင်ပါတယ်။

အစပ်အရသာ ကြက်ကြော်ကတော့ အနံ့ပိုပြီး မွှေးတဲ့အပြင် အရသာကလည်း ချိုပြီးစပ်တာကြောင့်
စားလို့ ပိုခံတွင်းတွေ့ပါတယ်။

ဒါပေမဲ့ ကလေးတွေအတွက်တော့ သဘာဝအရသာလေးက ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။

ထိုင်းမှာဆိုရင် ကြက်ကြော်ကို ထမင်းနဲ့ တွဲဖက်ပြီး ဒေသအစားအစာကို အခြေခံထားတဲ့ အစိမ်း
ရောင်ဆော့စ်တွေ ရှိသလို အခြားနိုင်ငံတွေမှာလည်း ဒေသခံတွေရဲ့ အကြိုက်ကို အခြေခံပြီး ဖန်တီး
ထုတ်လုပ်လေ့ရှိတဲ့ KFC က မြန်မာနိုင်ငံမှာလည်း မြန်မာပြည်သူတွေ ကြိုက်နှစ်သက်မယ့် အရသာ
တွေကို လေ့လာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်တွေ လာဖွင့်ပြီဆိုရင်တော့ ကြက်ကြော်၊ ဆင်းဝှစ်ချ့်၊ အသုပ်စတဲ့ အစားအစာတွေကို
သောက်စရာတွေနဲ့ တွဲဖက်ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

ဒီမြည်းစမ်းပွဲကတော့ KFC က မြန်မာနိုင်ငံ ဈေးကွက်အနေအထားကို လေ့လာခြင်းဖြစ်ပြီး ဖွင့်လှစ်
မယ့်နေ့၊ နေရာနဲ့ ဆိုင်ခန်း ဘယ်လောက်ထိ ဖွင့်လှစ်သွားမယ်ဆိုတာကိုတော့ ဒီမြည်းစမ်းပွဲကနေ
ရလာတဲ့ ရလဒ်တွေပေါ်မှာ မူတည်ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး