ဦးခင်ညွန့်ကိုယ်တိုင် ပြင်ဆင်ဖွင့်လှစ်လိုက်တဲ့ 'နဝဒေး' မြန်မာ့ယဉ်ကျေးမှု အနုပညာဥယျာဉ်လေး

ဦးခင်ညွန့်ကိုယ်တိုင် ပြင်ဆင်ဖွင့်လှစ်လိုက်တဲ့ 'နဝဒေး' မြန်မာ့ယဉ်ကျေးမှု အနုပညာဥယျာဉ်လေး

သစ်ပင်ပန်းပင်တွေကို အနုပညာဆန်ဆန် စိုက်ပျိုးထားပြီး သစ်ပင်ရိပ်တွေ အောက်မှာရှိနေတဲ့ ဘန်ဂလိုပုံစံ တိုက်သုံးလုံးကတော့ မေလ ၁၁ ရက် နေ့က အမှတ်(၂၇)၊ နဝဒေးလမ်း၊ မရမ်းကုန်းမြို့နယ်မှာ စတင်ဖွင့်လှစ်လိုက်တဲ့ 'နဝဒေး' မြန်မာ့ယဉ်ကျေးမှု အနုပညာဥယျာဉ်ရဲ့ ဆွဲဆောင်မှုတစ်ခု လို့ ပြောနိုင်ပါတယ်။

သစ်ပင်ပန်းပင်တွေကို အနုပညာဆန်ဆန် စိုက်ပျိုးထားပြီး သစ်ပင်ရိပ်တွေ အောက်မှာရှိနေတဲ့
ဘန်ဂလိုပုံစံ တိုက်သုံးလုံးကတော့ မေလ ၁၁ ရက် နေ့က အမှတ်(၂၇)၊ နဝဒေးလမ်း၊ မရမ်းကုန်း
မြို့နယ်မှာ စတင်ဖွင့်လှစ်လိုက်တဲ့ 'နဝဒေး' မြန်မာ့ယဉ်ကျေးမှု အနုပညာဥယျာဉ်ရဲ့ ဆွဲဆောင်မှုတစ်ခု
လို့ ပြောနိုင်ပါတယ်။

ပန်းချီပြခန်း၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်နဲ့ ကော်ဖီဆိုင်ကလေးပါ၀င်တဲ့ ဒီဥယျာဉ်လေးက
တော့ အေးချမ်းမှုကို တောင့်တမှုကြောင့် စိတ်ကူးကောင်းလေးတွေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်
ကိုယ်တိုင်အစကနေ အဆုံးထိ ဦးဆောင်ပြင်ဆင်ခဲ့တာလို့ သိရပါတယ်။

"အသက်အရွယ် ရလာပြီဆိုတော့ အခုချိန်မှာ အေးအေးချမ်းချမ်းလေး၊ သိမ်သိမ်မွေ့မွေ့လေးနဲ့ ဘဝ
ကို ရပ်တည်ချင်တယ်။ ဘာသာရေးလည်း လုပ်တယ်၊ လူမှုရေးလည်း လုပ်တယ်။ ဒါပေမဲ့ အဲဒါတွေ
နဲ့ မလုံလောက်သေးဘူး။ ပန်းချီပြခန်းလေး ထူထောင်ရင်တော့ ပန်းချီကားတွေ လာပြီးချိတ်လိမ့်
မယ်။ ချိတ်ရင် အဲဒီပန်းချီကားတွေကို ကြည့်ပြီးတော့မှ အေးချမ်းပြီး ပီတိဖြစ်တဲ့ ဘဝလေးကို
ငါတည်ဆောက်နိုင်မယ်ဆိုတဲ့ စိတ်ကူးလေးရလို့ ဒီပြခန်းကို ဖွင့်လိုက်တာပါ" လို့ ဦးခင်ညွန့်က
ပန်းချီပြခန်း ဖွင့်လှစ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်ကူး ဖြစ်တည်လာပုံကို ပြောပြပါတယ်။

စိတ်ကူးက လက်တွေ့အကောင် အထည်ပေါ်လာပြီ ဖြစ်တာကြောင့် သူ့ ပြခန်းလေးကို လှည့်ပတ်
ကြည့်ရှုနေတဲ့ ဦးခင်ညွန့်ရဲ့အသွင်အပြင်ဟာ ကြည်ကြည်လင်လင်နဲ့ ပျော်ရွှင်နေပုံရပါတယ်။

သူ့ရဲ့ ပန်းချီပြခန်းမှာ ဘယ်လိုပန်းချီကားမျိုးမှ လက်ခံမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိဘဲ ဦးရာလူ
စနစ်နဲ့ တစ်ကားကို တစ်ပတ်စီ အခမဲ့ ချိတ်ဆွဲသွားနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါသေးတယ်။

"အိမ်မှာပဲ ပန်းချီကားတွေ ထောင်ထားရင် တကယ်စုဆောင်းချင်တဲ့ လူတွေဆီကို ရောက်ချင်မှ
ရောက်မယ်။ ကြားလူတွေက တန်ဖိုးကို နှိမ့်ပြီးဝယ်၊ မြှင့်ပြီး ပြန်ရောင်းဆိုတော့ ပန်းချီ ပညာရှင်တွေ
ရဲ့ ပန်းချီတန်ဖိုးက ကျသွားတာပေါ့။ အဲဒါကို မဖြစ်စေချင်လို့ အားလုံးအတွက် အပြည့်အဝတော့
ပံ့ပိုးချင်နိုင်မှ ပံ့ပိုးနိုင်မယ်။ ဒါပေမဲ့ တစ်ဖက်တစ်လမ်းက ပံ့ပိုးတဲ့အနေနဲ့ လုပ်ဖြစ်တာပါ"လို့လည်း
သူ့ရဲ့ အနုပညာချစ်တဲ့စိတ်နဲ့ ပြုလုပ်ခြင်း ဖြစ်ကြောင်းကိုလည်း ပြောပြပါတယ်။

ပန်းချီပြခန်းမှာ ပန်းချီကားတွေ တင်နိုင်မှလည်း တကယ့်မှန်ကန်တဲ့တန်ဖိုးကို တန်ဖိုးရှိရှိနဲ့ အနုပညာ
သမားတွေ ရနိုင်မှာဖြစ်တယ်လို့လည်း ဦးခင်ညွန့်က ပြောပါတယ်။

မှန်တွေအပြည့်နဲ့ ကာရံထားတဲ့ အိမ်ငယ်လေးနှစ်ခုမှာတော့ မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာ
တွေနဲ့ ပြုလုပ်ထားတဲ့ ငွေထည်ပစ္စည်းတွေ၊ ပန်းပု၊ ရွှေချည်ထိုး၊ ငွေချည်းထိုး စတဲ့ အနုပညာ
လက်ရာမြောက်ပြီး လက်ဆောင်ပစ္စည်းအနေနဲ့လည်း သင့်လျော်တဲ့ပစ္စည်းတွေကို ဦးခင်ညွန့်ရဲ့ဇနီး
က ဖွင့်လှစ်ရောင်းချပြီး ဒီပန်းဥယျာဉ်ရဲ့ အခရာဖြစ်တဲ့ ပန်းချီပြခန်းကိုတော့ လက်ဆောင်ပစ္စည်း
အရောင်းဆိုင် နှစ်ခုကို ဖြတ်ကျော်ပြီး ညာဘက်ခြမ်းမှာ တွေ့ရမှာပါ။

ပန်းချီပြခန်းရဲ့နောက် ခြံဝင်းရဲ့နောက်ဘက်ဆုံးမှာတော့ ဖွင့်လှစ်ထားပြီးတဲ့ Cafe Aroma တွေရဲ့
ဆိုင်ခွဲကို ဦးခင် ညွန့်ရဲ့သားဖြစ်သူ ကိုရဲနိုင်ဝင်းက ဦးစီးဖွင့်လှစ်တာ ဖြစ်ပါတယ်။

သဘာဝအေးချမ်းမှုရသတွေကို ခံစားစေနိုင်ဖို့ အတွက် ဆိုင်အပြင်အဆင်ကို သစ်ပင်ရိပ်တွေရဲ့
အောက်မှာ open air ပုံစံလေး ဖန်တီးထားတာ တွေ့ရပါတယ်။

နဝဒေးဥယျာဉ်ကို နေ့စဉ်မနက် ၉ နာရီ ကနေ ည ၉ နာရီအထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး