ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်လယ်စာနဲ့ ခရမ်းချဉ်းသီး ဟင်းချက်နည်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်လယ်စာနဲ့ ခရမ်းချဉ်းသီး ဟင်းချက်နည်း

ပါ၀င်ပစ္စည်းများ (လေးယောက်စာ အတွက်) White Fish ၃၀၀ ဂရမ် (အတုံးလေးတွေ လှီးဖြတ်လျက်) ပုစွန်တုပ် ၃၀၀ ဂရမ်(သို့)၂၀ ကျပ်သား (အခွံနွှာထားလျက်) နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ကြက်သွန်နီ ငါးလုံး ...

ပါ၀င်ပစ္စည်းများ
(လေးယောက်စာ အတွက်)

White Fish ၃၀၀ ဂရမ် (အတုံးလေးတွေ လှီးဖြတ်လျက်)
ပုစွန်တုပ် ၃၀၀ ဂရမ် (သို့) ၂၀ ကျပ်သား (အခွံနွှာထားလျက်)
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သွန်နီ ငါးလုံး
ကြက်သွန်ဖြူ ငါးမွှာ
အနီရောင် ငရုတ်သီးတောင့် (နှစ်တောင့် (သို့) သုံးတောင့်)
လတ်ဆတ်တဲ့ ဂျင်း လက်တစ်ဆစ်စာ (အခွံခွာထားလျက်)
ဟင်းသီးဟင်းရွက်ဆီ ထမင်းစားဇွန်း သုံးဇွန်း
Paprika လက်ဖက်ဇွန်း တစ်ဝက်
လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၈၀၀ ဂရမ် (သို့) ၅၀ ကျပ်သား) (အတုံးလေးတွေ တုံးထားလျက်)
ငါး (သို့) ဟင်းသီးဟင်းရွက် stock ၁၀၀ မီလီလီတာ
လတ်ဆတ်တဲ့ နံနံပင် အနည်းငယ်
သံပုရာသီး တစ်လုံး(ဟင်းပွဲပြင်ရန်)(အစိတ်လေးတွေစိတ်လျက်)

ချက်ပြုတ်နည်း

နနွင်းမှုန့်၊ ငံပြာရည်နဲ့ ရေအနည်းငယ်ရောပြီး အနှစ်ပြုလုပ်ပါ။

ငါးနဲ့ ပုစွန်တွေအပေါ် သုတ်လိမ်းပြီး ပန်းကန်ပြားတစ်ချပ်ထဲထည့်ကာ ၁၅၂၀ မိနစ်လောက် နှပ်ထား
လိုက်ပါ။

ပင်လယ်စာတွေ နှပ်ထားတဲ့အချိန်မှာ ကြက်သွန်နီ၊ ဖြူ၊ ငရုတ်သီးနီတောင့်တွေနဲ့ ဂျင်းကို ကြိတ်စက်
ထဲမှာပဲဖြစ်ဖြစ်၊ ငရုတ်ဆုံထဲမှာပဲဖြစ်ဖြစ် အနှစ်ရလာတဲ့အထိ ကျိတ်ပေး၊ ထောင်းပေးပါ။

ရလာတဲ့ အနှစ်တွေကို ဒယ်အိုးထဲမှာ ဆီထည့် အပူပေးပြီး ထည့်ဆီသတ်ပါ။

၂၃ မိနစ်လောက် မွှေပေးပြီး ဆီသတ်နံ့ မွှေးလာတဲ့အခါ paprika ထည့်ချက်ပါ။

ပြီးတဲ့အခါ ခရမ်းချဉ်တွေထည့်ပြီး နူးပြီးပျော်လာတဲ့အထိ ၅၆ မိနစ်လောက် ချက်ပေးပါ။

Stock ရေလောင်းထည့်ပြီး ဆူလာတဲ့အထိ တည်ပါ။

ပုစွန်ထည့်ချက်ပြီး ၂ မိနစ် လောက် ဆက်တည်ပါ။

ပြီးရင် ငါးထည့်ချက်ပါ။

ဟင်းအိုးကို အဖုံးအုပ်ထားပြီး မီးအေးအေးနဲ့ ငါးမိနစ်လောက် ဆက်ချက်ပါ။

မဟုတ်လည်း ပုစွန်တွေ ပန်းရောင်သန်းလာပြီး ငါးတုံးတွေလည်း အပေါ်ယံအသားတွေ ပိတ်သွားပြီ
ဆိုရင် ကျက်ပါပြီ။

နံနံပင်တချို့ကို ဟင်းပွဲပြင်ရာမှာ အသုံးပြုဖို့အတွက် ချန်ထားလိုက်ပြီး ကျန်တာတွေကို ခပ်ကြမ်း
ကြမ်းလေး လှီးထားလိုက်ပါ။

ပြီးရင် ဟင်းအိုးထဲထည့်ကာ ခပ်သာသာလေး မွှေပေးပါ။

အရသာမြည်းကြည့်ပြီး ကြိုက်တယ်ဆိုရင် ငံပြာရည် နဲ့ သံပုရာရည် ထပ်ထည့်ပါ။

ထမင်းနဲ့ တွဲစားနိုင်ပြီး စားခါနီးတော့မှ ချန်ထားတဲ့ နံနံပင်တွေကို ဟင်းပွဲပေါ်မှာ အုပ်လိုက်ပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး