မြန်မာအမျိုးသမီး ခြောက်ဦးရဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတို ခြောက်ကားကို တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် International Women's Film Festival မှာ ပါ၀င်ပြသဖို့ ဖိတ်ကြားခံရတယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီး ခြောက်ဦးရဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတို ခြောက်ကားကို တောင်ကိုးရီးယား
နိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် International Women's Film Festival မှာ
ပါ၀င်ပြသဖို့ ဖိတ်ကြားခံရတယ်လို့ သိရပါတယ်။
ဖိတ်ကြားခံရသူ အားလုံးဟာ Yangon Film School (YFS) မှ ကျောင်းသူများ ဖြစ်ကြပြီး မေလ
၂၄ ရက်နေ့မှာ မြန်မာပြည်ကနေ ထွက်ခွာမယ်လို့ သိရပါတယ်။
"အစ်မ ဖလင်က ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံအကြောင်းလေးကို ရိုက်ပြထားတာပါ"
လို့ YFS ရဲ့ ၂၀၁၂ ခု နှစ် ဩဂုတ်လ သင်တန်းမှာ တက်ရောက်ခဲ့ပြီး အခု ရုပ်ရှင်ပွဲတော်မှာ သွား
ရောက် ပြသမယ့်သူ တစ်ဦးဖြစ်တဲ့ မချိုပြံုးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ တည်ရှိပြီး ပန်းဆိုးတန်းပန်းချီပြခန်းအပါအဝင်
လူအများနေထိုင်နေတဲ့ နှစ် ၁၀၀ ကျော်ရှိတဲ့ တိုက်ကြီးရဲ့ ဖြတ်သန်းမှုကို တိုက်အတွင်း နေထိုင်တဲ့
လူတွေရဲ့ ဘဝနေထိုင်မှုတွေနဲ့ ပေါင်းစပ်ပြီး ကြည့်ချင်စဖွယ်လေးဖြစ်အောင် သူ့ဇာတ်ကားကို
ရိုက်ကူးထားတယ်လို့လည်း ဆိုပါတယ်။
"အစ်မချပြချင်တာကတော့ သူတို့ ဒီအဆောက်အဦးကို ထိန်းသိမ်းထားဖို့လိုပြီ။ ဂရုစိုက်စေလိုတဲ့
ရည်ရွယ်ချက်နဲ့ပါ။ လူအမျိုးစုံ တာဝန်ထမ်းနေတဲ့ ဒီတိုက်က ညစ်ပတ်ဟောင်းနွမ်းသွားတာကို မမေ့
သွားပဲ တန်ဖိုးထား ဂရုစိုက်လုပ်စေဖို့ပါ။ နှစ်ပေါင်း ၁၀၀ ကျော် အဆောက်အအုံတစ်ခုရဲ့ ဖြတ်သန်းမှု
လေးပါ။ ဟာသလည်း ပါသွားသေးတယ်" လို့ သူ့ဇာတ်ကားအကြောင်းကို ပြောပြပါတယ်။
"အိမ်ပေါ်က နင်ချခံထားရတဲ့ ပန့်ခ်ကောင်လေးနဲ့ စကားပြောကြတဲ့ အခန်းကရယ်ရတယ်။ သူတို့ရဲ့
အတွေးအခေါ် လေးတွေ၊ စကားလုံးလေးတွေက ရယ်ရတယ်။ ဆင်ရိုက်တာ မဟုတ်ဘူး" လို့လည်း
ပြောပါတယ်။
မှတ်တမ်းရုပ်ရှင်ရဲ့ နာမည်ကို "No. 62, Pansodan Street" လို့ အဆောက်အအုံ နံပါတ်ကိုပဲ
ရိုးရိုးလေး ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒီရုပ်ရှင်ပွဲတော်ကိုတော့ ၁၉၉၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှ မြန်မာနိုင်ငံ
ကို ပထမဆုံးအကြိမ် စတင်ဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။















