မက်တယ်ရော့ခ်တွေချည်း နားဆင်ရမယ့်ရှိုးပွဲ

မက်တယ်ရော့ခ်တွေချည်း နားဆင်ရမယ့်ရှိုးပွဲ

ရန်ကုန်မြို့မှာ ၂၀၁၀ ပြည့်နှစ်လောက်ကတည်းက Metal သီးသန့်ရှိုးတွေ မရှိသလောက် ရှားသွား ခဲ့ရာက လာမယ့် မေလ ၁၇ ရက်နေ့မှာတော့ Metal Rock ပရိသတ်တွေ တောင့်တနေတဲ့ Metalသီးသန့်ရှိုးပွဲကို မင်္ဂလာဈေးဝင်းထဲက Nasa Club မှာ မွန်းတည့် ၁၂ နာရီမှစတင်ကာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ၂၀၁၀ ပြည့်နှစ်လောက်ကတည်းက Metal သီးသန့်ရှိုးတွေ မရှိသလောက် ရှားသွား
ခဲ့ရာက လာမယ့် မေလ ၁၇ ရက်နေ့မှာတော့ Metal Rock ပရိသတ်တွေ တောင့်တနေတဲ့ Metal
သီးသန့်ရှိုးပွဲကို မင်္ဂလာဈေးဝင်းထဲက Nasa Club မှာ မွန်းတည့် ၁၂ နာရီမှစတင်ကာ ပြုလုပ်သွားမှာ
ဖြစ်ပါတယ်။

ပွဲအမည်ကိုတော့ "We Are The Legend" လို့ ပေးထားပါတယ်။

"လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကစပြီး သီးသန့်ပွဲတွေက မရှိတော့တာ။ ရှိုးတွေမရှိတော့ ပရိသတ်
တွေနဲ့လည်း အဆက်ပြတ်နေပြီး ပြန်ထိ တွေ့နိုင်အောင်လို့ပါ။ ပြီးတော့ ကျွန်တော်တို့က ခွေတွေ
လည်း မထွက်ကြတော့ ပွဲတွေလည်း လုပ်မယ်။ သီချင်းတွေကို ပရိသတ်နဲ့ ပြန်ရင်းနှီးအောင် လုပ်ပြီး
ရင် အခွေလည်း ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပွဲလုပ်ဖြစ်တာပါ"လို့ ပွဲမှာ ပါ၀င်ဖျော်ဖြေမယ့်
Darkest Tear From My Heart အဖွဲ့မှ အဆို ကိုမိုးလုံးက ပြောပါတယ်။

ပွဲကို Metal Rock အဖွဲ့များ ပူးပေါင်းစီစဉ်တာဖြစ်ပြီး Darkest Tear From My Heart, Fever
109, Suicidal Kid, Take My Last Breath, Suicide Plan, We Are The Waste နဲ့ တခြား
အဖွဲ့တွေလည်း ပါ၀င်ကြမှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းကို တစ်ယောက် ကျပ် ၃,၀၀၀ သတ်မှတ်ထားပြီး ၁၀ စောင်ဝယ်ရင် တစ်စောင်
အခမဲ့ ပေးမယ်လို့ ဆိုပါတယ်။

လက်မှတ်များကို U.B.O ဆိုင်တိုင်းတွင် ၀ယ်ယူရရှိနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး