သရုပ်ဆောင် မိုးယုစံတစ်ယောက် တစ်ကိုယ် လုံးနီးပါး မီးလောင်ခံရတဲ့ လေးနှစ်အရွယ် သမီးလေး ဖူးဖူး ဆေးကုသနိုင်ဖို့အတွက် အလှူငွေ ကျပ် ၁၃ သိန်း၊ ကစားစရာအရုပ်နဲ့ စားစရာမုန့်တွေကို ဖူးဖူး ရှိရာ ရန်ကုန်အရိုး အကြောဆေးရုံကြီးမှာ မေလ ၁၃ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
သရုပ်ဆောင် မိုးယုစံတစ်ယောက် တစ်ကိုယ် လုံးနီးပါး မီးလောင်ခံရတဲ့ လေးနှစ်အရွယ် သမီးလေး
ဖူးဖူး ဆေးကုသနိုင်ဖို့အတွက် အလှူငွေ ကျပ် ၁၃ သိန်း၊ ကစားစရာအရုပ်နဲ့ စားစရာမုန့်တွေကို ဖူးဖူး
ရှိရာ ရန်ကုန်အရိုး အကြောဆေးရုံကြီးမှာ မေလ ၁၃ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
"မိုးယုအနေနဲ့ အခုလို လှူဒါန်းခွင့်ရတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ ပြီးတော့ သမီးလေး ဖူးဖူး
ကလည်း မိုးယုကို တွေ့ချင် တယ်ပြောတဲ့အတွက် လူကိုယ်တိုင် သွားရောက်ခဲ့တာပါ"လို့ မိုးယုစံ
က မြန်မာတိုင်း(မ်) ကို ပြောပါတယ်။
ဖူးဖူးဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ သီတင်း ကျွတ်လထဲမှာ မီးလောင်ခံခဲ့ရတာဖြစ်ပြီး ခြောက်လကျော်
အကြာ ဒီနှစ်သင်္ကြန်အပြီးမှသာ ဆေးရုံစတက်နိုင်တာလို့ သိရပါတယ်။
"မီးလောင်ဒဏ်ရာကြောင့် ကွေးနေတဲ့ လက်နှစ်ဖက်ကို ဆေးကုဖို့ ၂၀၁၃ ခုနှစ်၊ ဧပြီ ၃၀ ရက်မှာ
ဆေးရုံ စတက်တာပါ။ အဲဒီနေ့မှာ ဖူးဖူးရဲ့အဖေက အလုပ်ရှာမယ်ဆိုပြီး ထွက်သွားတာ အခုထိ
ပြန်မလာတော့ဘူး" လို့ ဖူးဖူးရဲ့ မိခင်ဖြစ်သူ မခင်စန္ဒာလင်းက ပြောပြပြီး သားသမီးသုံးယောက်ထဲမှာ
ဖူးဖူးက အငယ်ဆုံး ကလေးလို့လည်း ဆိုပါတယ်။
ဖူးဖူးဟာ နေအိမ်က ခြင်ထောင်ထဲမှာ တစ်ယောက်တည်း အိပ်ပျော်နေတုန်း ဘုရားမီးပူဇော်ထားတဲ့
ဖယောင်းတိုင်မီးကနေ မီးစတင်လောင်ကျွမ်းကာ ခြင်ထောင်ပေါ်ကို မီးကျပြီး မီးစွဲရာမှ ဘယ်ဘက်
ခြေထောက်မှ လွဲလို့ တစ်ကိုယ်လုံး ရစရာမရှိအောင် မီးလောင်ခံခဲ့ရတာ ဖြစ်ပါတယ်။
"အဲဒီအချိန်တုန်းက ကျွန်မတို့က ရပ်ကွက်ရုံးကို ရောက်နေတာ။ ကျွန်မတို့အိမ်ရှင်က ကျွန်မတို့ကို
အိမ်စပေါ်ခ မပေးနိုင်လို့ အိမ်ပေါ်က နှင်ချတဲ့အတွက် ရပ်ကွက်လူကြီးကို သွားပြောတာပါ"လို့
မြောက်ဥက္ကလာမှာ နေထိုင်တဲ့ မခင်စန္ဒာလင်းက ပြောပါတယ်။
သရုပ်ဆောင်မိုးယုစံက သမီးလေး ဖူးဖူးရဲ့ အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားတဲ့ သတင်း
တွေကနေ သိခဲ့ရတာလို့ ဆိုပါတယ်။
"အခုလိုဖြစ်နေတဲ့ ဖူးဖူးကို တွေ့ရတာ စိတ်မကောင်းပါဘူး။ ပြီးတော့ ဖူးဖူးဆန္ဒကို ဖြည့်ဆည်းပေးရ
တဲ့အတွက် မိုးယု အရမ်းကို ပီတိဖြစ်ပါတယ်။ နောက်ထပ်လည်း လာဖို့ အစီအစဉ်ရှိပါတယ်"လို့
ပြောသလို "မိုးယုအနေနဲ့ ကိုယ်တတ်နိုင်သလောက် သူငယ်ချင်းတွေကို ပြောပြမယ်။ ဖေ့စ်ဘွတ်ခ်
ကနေလည်း ဖူးဖူး အတွက် အားလုံးသိသွားအောင် ဖော်ပြပေးမှာပါ"လို့လည်း ပြောပါတယ်။
မီးလောင်ဒဏ်ရာကြောင့် ခန္ဓာကိုယ်အနှံ့ ပျက်စီးသွားတဲ့သမီးလေး ဖူးဖူးက သူချစ်တဲ့ အနုပညာရှင်
တွေနဲ့ လူအများရဲ့ အားပေးကူညီ နှစ်သိမ့်မှုကြောင့် အခုဆိုရင် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်
ရာပါ တဖြည်းဖြည်း ကောင်းမွန်လာပြီလို့ သိရပါတယ်။
















