ကမ္ဘာပေါ်မှာ ရောဘတ် ဒေါင်းနင်း ဂျူနီယာရဲ့ "Iron Man 3" ကနေ အနိုင်မယူနိုင်တဲ့ ဈေးကွက်ဆိုတာ မရှိတော့ပါဘူး။
ကမ္ဘာပေါ်မှာ ရောဘတ် ဒေါင်းနင်း ဂျူနီယာရဲ့ "Iron Man 3" ကနေ အနိုင်မယူနိုင်တဲ့ ဈေးကွက်
ဆိုတာ မရှိတော့ပါဘူး။
မြောက်အမေရိကမှာ ဒုတိယ ရုံဝင်ခ အများဆုံးဇာတ်ကားအဖြစ် ဒေါ်လာ ၁၇၅ ဒသမ ၃ သန်း ရရှိခဲ့
သလို ဥရောပနဲ့ အာရှတစ်လွှားမှာလည်း ၀င်ငွေအများဆုံး ရခဲ့ပြီးတဲ့ နောက်မှာ ဒစ္စနေရုပ်ရှင်ကုမ္ပဏီ
ဟာ ရုပ်ရှင်နယ်ပယ်မှာ ကမ္ဘာကြီးနဲ့ အလှမ်းအဝေးဆုံးနဲ့ တိုးတက်မှု အနည်းဆုံး နေရာတစ်ခုဖြစ်တဲ့
မြန်မာနိုင်ငံမှာလည်း စံချိန်တင် ၀င်ငွေရရှိနိုင်တဲ့ အခွင့်အလမ်းရရှိစေဖို့ အလျင်အမြန်လှုပ်ရှားခဲ့ပါ
တယ်။
သမ္မတဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ် ကစပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့နောက်မှာ
တစ်ချိန်က အပယ်ခံနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံက အစိုးရအဖွဲ့ တွေ၊ စီးပွားရေး
လုပ်ငန်းရှင်တွေနဲ့ အဆက်အသွယ် ပြန်လည် ရရှိလာခဲ့ပါတယ်။
မီဒီယာတွေပေါ်မှာ ချမှတ်ထားတဲ့ တင်းကျပ်မှုတွေကို တရားဝင်ဖယ်ရှားပေးခဲ့ပြီး နိုင်ငံရဲ့ ဆင်ဆာ
အဖွဲ့ ကလည်း အသင့်အတင့်မျှသာရှိတဲ့ ပြည်တွင်း ရုပ်ရှင်ကားတွေအပေါ်မှာလည်း စည်းကမ်း
လျှော့ပေါ့ပေးနေတာတွေကြောင့် Twentieth Century Fox ရုပ်ရှင်ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်၊
ဩဂုတ်လမှာ ရန်ကုန်မြို့က ရုပ်ရှင်ရုံ တစ်ရုံမှာ တိုက်တန်းနစ် သရီးဒီရုပ်ရှင်ကားကို ပထမအကြိမ်
ပြသခဲ့ပါတယ်။
ဒါကြောင့် Fox ကုမ္ပဏီဟာ မြန်မာ နိုင်ငံမှာ ဟောလိ၀ုဒ်ရုပ်ရှင်ကားတစ်ကားကို ဆယ်စုနှစ်ပေါင်း
များစွာအတွင်း ပထမဆုံးအကြိမ် တရားဝင်ပြသပေးခဲ့တဲ့ အမေရိကန်ရုပ်ရှင် ကုမ္ပဏီကြီးတစ်ခု
ဖြစ်လာခဲ့ပါတယ်။
Fox ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်းရရှိတဲ့ ရုံဝင်ခကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေမယ့် မြန်မာနိုင်ငံ
က ရုပ်ရှင်ရုံတွေမှာ Iron Man 3 ကို ရုံတင်တဲ့ ပထမတစ်ပတ်အတွင်းမှာ ကန်ဒေါ်လာ ၁၀၉,၀၀၀
(မြန်မာငွေ ၉၇ ဒသမ ၉သန်း) ရရှိခဲ့တဲ့အတွက် ဒစ္စနေကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဟောလိ၀ုဒ်
ဇာတ်ကား တစ်ကားအတွက်တော့ အချိန်မရွေး ရုံဝင်ခ စံချိန်သစ် တင်နိုင်တယ်ဆိုတာကိုတော့
ယုံကြည်ထားပါတယ်။
ဒါပေမဲ့ ဒီနှုန်းထားဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ ရရှိထားတဲ့
ဒေါ်လာ ၆၈၀ ဒသမ ၁ သန်း နဲ့ ယှဉ်လိုက်ရင်တော့ နည်းပါတယ်။
ဒီရုပ်ရှင်ကားကို ရန်ကုန်က Junction Cineplex ပိုင် ရုပ်ရှင်ရုံ နှစ်ရုံ၊ မင်္ဂလာရုပ်ရှင်လုပ်ငန်းအုပ်စုပိုင်
ရုံသုံးရုံ (ရန်ကုန်မှာ နှစ်ရုံ၊ မန္တလေးမှာ တစ်ရုံ)နဲ့ နေပြည်တော်က အောင်သပြေရုံ စုစုပေါင်း ရုပ်ရှင်ရုံ
ခြောက်ရုံ မှာ ပြသနေပါတယ်။
မြန်မာပရိသတ်တွေဟာ "သရီးဒီ ဇာတ်ကားတွေကို ပိုကြိုက်ကြပြီး" "အက်ရှင်ကားတွေကို တအား
ကြိုက်ကြတယ်" လို့ ဒစ္စနေရုပ်ရှင်ကုမ္ပဏီရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ ခရစ်မာ့ရှ်က
ဟောလိ၀ုဒ်သတင်းထောက်ကို ပြောပြပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ရုပ်ရှင်ရုံ အနေအထားနဲ့ တစ်ဒေါ်လာ ၀န်းကျင်ရှိတဲ့ ရုပ်ရှင်လက်မှတ်နှုန်းထား
တွေအရ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံမှာ ဒီဇာတ်ကားကို ပြသတဲ့ ရည်မှန်းချက်ဟာ အခုအချိန်မှာ ၀င်ငွေ
စံချိန်တင် ရရှိဖို့ထက် ရေရှည် ပရိသတ်ရရှိဖို့ကို ပိုပြီး ဦးစားပေးလိမ့်မယ်လို့ ထင်ကြမှာပါ။ လူဦးရေ
သန်း ၅၀ နီးပါးရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးလောကနဲ့ တဖြည်းဖြည်း အဆက်အစပ်ရှိလာ
ပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာရုပ်ရှင် ကုမ္ပဏီတွေအတွက် အလားအလာကောင်းတဲ့
နယ်သစ် တစ်ခုအဖြစ် သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ပေါ်ထွက်လာနိုင်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေကြားမှာ တစ်ချိန်က အပယ်ခံနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က
မမြင်မတွေ့ခဲ့ရတဲ့ မြင်ကွင်းတစ်ခုကို ခုဆိုရင် ရန်ကုန်က နေရာတချို့မှာ တွေ့မြင်နေရပါပြီ။
အဲဒါကတော့ ရောဘတ်ဒေါင်းနင်းရဲ့ ရုပ်ပုံကြီးနဲ့ Iron Man 3 ဇာတ်ကားကြော်ငြာဘီလ်ဘုတ်တွေပဲ
ဖြစ်ပါတယ်။
hollywood-reporter.com
















