မေရီချက်(ပ်)မင်း ကျောင်းက ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ အရင်က တစ်ကြိမ်တစ်ခါမှ စကိတ်မစီးဖူးကြပေမယ့် ၀ါသနာရှင် စကိတ်အဖွဲ့ကနေ စီစဉ်ပြုလုပ်တဲ့ စကိတ်စီးပြိုင်ပွဲကို သူတို့ ကျောင်းဝင်းထဲက ခန်းမထဲမှာ လာရောက် ကျင်းပရာက စကိတ်အားကစားအပေါ် စိတ်ဝင်တစားဖြစ်လာကြပါတယ်။
မေရီချက်(ပ်)မင်း ကျောင်းက ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ အရင်က တစ်ကြိမ်တစ်ခါမှ
စကိတ်မစီးဖူးကြပေမယ့် ၀ါသနာရှင် စကိတ်အဖွဲ့ကနေ စီစဉ်ပြုလုပ်တဲ့ စကိတ်စီးပြိုင်ပွဲကို သူတို့
ကျောင်းဝင်းထဲက ခန်းမထဲမှာ လာရောက် ကျင်းပရာက စကိတ်အားကစားအပေါ် စိတ်ဝင်တစား
ဖြစ်လာကြပါတယ်။
ခုဆိုရင် စကိတ်ဝါသနာရှင် လူငယ်တစ် စုဟာ ရန်ကုန်မြို့၊ သံတမန်လမ်း က မေရီချက်(ပ်)မင်းကျောင်းမှ ဆွံ့အ၊ နားမကြားသူ လူငယ်လေးများရဲ့ တောင်းဆိုမှုကြောင့် စိတ်အားထက်သန် စွာနဲ့ စကိတ်စီးအားကစားကို သင်ကြားပေးနေပါတယ်။ အပတ်စဉ်တိုင်း ကျောင်းပိတ်ရက်တွေ ဖြစ်တဲ့ စနေ (သို့) တနင်္ဂနွေနေ့မှာ သင်ကြား ပေးပြီး ယောကျ်ားလေးနဲ့ မိန်းကလေး စုစုပေါင်း အယောက် ၂၀ လောက်ကို ဆရာလေးဦးမှ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ စကိတ်စီး သင်ကြားပေးသူ တစ်ဦး ဖြစ်တဲ့ ကိုရဲဝင့်ကိုက "ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် စကိတ်ပြိုင်ပွဲကို မေရီချက်(ပ်)မင်း ကျောင်းမှာ အလှူပွဲလေးနဲ့အတူ ပြုလုပ်ပြီးတဲ့နောက်ပိုင်း ကျောင်းအုပ်ဆရ ာမကြီး ကိုယ်တိုင်ရယ်၊ ကျောင်း သားတွေကိုယ်တိုင်က တောင်းဆိုလာ ကြတယ်။ စကိတ်အားကစားကို သင်ပေးဖို့ပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ လည်း သင်ပေးဖြစ်သွားတာပါ" လို့ ပြောပါတယ်။ မေရီချက်(ပ်)မင်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီးဖြစ်တဲ့ ဒေါ်ညွန့်ညွန့်သိ န်းက ဆွံ့အ၊နားမကြားတဲ့ ကလေး ငယ်အများစုဟာ ပညာရေးဘက်မှာ အားနည်းကြတာကြောင့် အားကစားနဲ့ အနုပညာဘက်မှာ ထူးချွန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စကိတ်စီးအားကစား ကို သင်စေချင်တာပါလို့ ပြောပါတယ်။ စကိတ်သင်တန်းကို မေ ၁၁ ရက်နေ့ မှာ စတင်ခဲ့တာဖြစ်ပြီး လက်သင်္ကေတ ဘာသာစကားကို အသုံးပြုပြီး သင် ကြားပေးတာ ဖြစ်ပါတယ်။ "သင်ကြားတဲ့နေရာမှာ အခက် အခဲကတော့ ပြောရဆိုရတာပါပဲ။ ကျွန်တော် ကျောင်းသားအရွယ်တုန်း က ဒီနားမှာရှိတဲ့ အထက်တန်းကျောင်း မှာ တက်ခဲ့တာလေ။ ဒီမေရီချက်(ပ်) မင်းကျောင်းက ကလေးတွေကလည်း ဒီမှာ ငါးတန်းထိ သင်ပြီးသွားရင် ကျွန်တော်တို့ကျောင်းကို ပြောင်းရ တယ်။ အဲတော့ ကျွန်တော်က ဒီလက် အသုံးပြု သင်္ကေတဘာသာစကားကို နှစ်အတော်ကြာ ထိတွေ့လာတာဆို တော့ အခက်အခဲ မရှိပါဘူး။ သင်ပေး နေတဲ့သူ အကုန်လုံးလည်း တော်တော် များများ တတ်နေကြပါပြီ။ တချို့စကား လုံးတွေပဲ ကျွန်တော်က ဘာသာပြန် ပေးရတာ" လို့ သင်တန်း ဆရာတစ်ယေ ာက်အဖြစ်ရော လက်သင်္ကေတ ဘာသာပြန်သူ အနေနဲ့ပါ ကူညီပေးတဲ့ စကိတ်သမား သုဝေက ပြောပါတယ်။ သင်ယူကြတဲ့ သင်တန်းသူ၊ သင်တန်း သားတွေဟာ အမြင်တစ်ခုကိုပဲ အာရုံစို က်ကြသူတွေ ဖြစ်တာကြောင့် တခြား သူတွေထက် ပိုပြီး စိတ်နှစ်နိုင်တယ်လို့ အားသာချက်ကို ပြောပြပြီး "သူတို့ လည်း သင်ရတာ အဆင်ပြေပြီး ပျော် တဲ့ပုံပါပဲ။ တတ်တာလည်း မြန်တယ်။ ဒီနေ့ စစချင်းမှာပဲ ခက်ခဲတဲ့အဆင့် တွေကို သင်နိုင်နေပြီ"လို့ သင်တန်း ပထမဆုံးရက်ဖြစ်တဲ့ မေလ ၁၁ ရက် နေ့မှာ ပြောပါတယ်။ သင်တန်းသူတစ်ဦးကတော့ သူ့ အတွက် စကိတ်စီး သင်ယူရတာ အခက်အခဲ အနည်းငယ် ရှိပေမယ့် ဆရာတွေလို စီးတတ်အောင် ကြိုးစား ပြီး သင်ယူသွားတယ်လို့ လက်သင်္ကေတ ဘာသာစကားနဲ့ ပြောပါတယ်။ "ညီမရဲ့ အဓိက ၀ါသနာပါတာက အကရယ်၊ ဒီစကိတ်စီးတာရယ်ပါ။ အကကိုလည်း တီဗီကနေ အမြင်နဲ့ လေ့ကျင့် သင်ယူနေပါတယ်။ အခု စကိတ်စီးတာကတော့ အခွင့်အရေး လည်း ရတုန်း ဖြစ်ချင်တဲ့အရာတွေထဲက ဒုတိယမြောက်ဖြစ်လို့ သင်ယူ တာပါ"လို့ စကိတ်စီးအပြီး စိုရွှဲနေတဲ့ နဖူးပေါ်က ချွေးတွေကို သုတ်လိုက် ရင်း ပြောပါတယ်။ စကိတ်စီးပြိုင်ပွဲကို မေရီချက်ပ်မင်း ကျောင်းမှာ မေလ ၅ ရက်က ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စကိတ်စီးသူ လူငယ်ပေါင်း အယောက် ၃၀ ခန့် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲကို နှစ်ပိုင်းခွဲ ပြုလုပ်ခဲ့ပြီး ပထမ ပိုင်းမှာ လူသစ်တန်း စကိတ်သမားများ အတွက်နဲ့ ဒုတိယပိုင်းကိုတော့ အတွေ့ အကြံုရှိပြီး စကိတ်သမားများအတွက် ကျင်းပခဲ့ပါတယ်။ "ကျွန်တော်တို့ ဒီပွဲလေးဖြစ်အောင် စီစဉ်နေတာကတော့ သင်္ကြန်မတိုင်ခင် ကတည်းကပါ။ ဒါပေမယ့် နေရာ မရ တာပေါ့။ ပွဲမတိုင်ခင်တုန်းက ဃငအပ ဃနညအမန ကို အရင်ပြောတာ၊ သူတို့ ဘက်က လုံခြံုရေးပိုင်းကို တာဝန်မယူ နိုင်ဘူး။ လုပ်ချင်တယ် ဆိုရင်တော့ လုံခြံုရေးကို ကိုယ်တိုင် တာဝန်ယူဆို ပြီး ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ အဆင်မပြေဖြစ်ပြီး ရန်ကုန်မှာ ကလည်း စကိတ်ကွင်းရယ်လို့ နေရာ သတ်သတ်မှတ်မှတ် မရှိတော့ အဆင်မပြေဘူး။ နေပြည်တော်မှာရှိတဲ့ စကိတ်ကွင်းကျတော့လည်း ဒီပွဲလုပ်ဖို့အတွက် သက်သက် ကြီးသွားရမှာဆိုတော့ အဆင်မပြေဘူး။ နောက်တော့ မေရီချက်(ပ်)မင်းကျောင်းမှာ ကျွန်တော် စီနီယာစကိတ်သမားတွေ အကုန်လုံးစုပြီး အလှူလေးတစ်ခု လုပ်ရင်း ခန်းမမှာ ဒီပြိုင်ပွဲလေး လုပ်ဖြစ်ခဲ့တယ်"လို့ ကိုရဲဝင့်ကို ပြောပြပါတယ်။
















