ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ဟာ မေလ ၁၉ ရက်နေ့ ညက ကျင်းပခဲ့တဲ့ ဘီလ်ဘုတ်ဂီတဆုပေးပွဲမှာ ဆုတံဆိပ်တွေ တစ်ပွေ့တစ်ပိုက် ရရှိခဲ့ပြီး ဂျပ်စတင်ဘီဘာ ခမျာမှာတော့ စင်မြင့်ထက် ဆုတက်ယူချိန်မှာ ပရိသတ်တွေရဲ့ ၀ိုင်းဝန်းလှောင်ပြောင်တာကို ခံခဲ့ရပါတယ်။
ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ဟာ မေလ ၁၉ ရက်နေ့ ညက ကျင်းပခဲ့တဲ့ ဘီလ်ဘုတ်ဂီတဆုပေးပွဲ
မှာ ဆုတံဆိပ်တွေ တစ်ပွေ့တစ်ပိုက် ရရှိခဲ့ပြီး ဂျပ်စတင်ဘီဘာ ခမျာမှာတော့ စင်မြင့်ထက် ဆုတက်
ယူချိန်မှာ ပရိသတ်တွေရဲ့ ၀ိုင်းဝန်းလှောင်ပြောင်တာကို ခံခဲ့ရပါတယ်။
Zuhair Murad ရဲ့လက်ရာ ကြည်ပြာရောင် ကိုယ်ကျပ်အတို ၀တ်စုံလေးနဲ့ ဆုပေးပွဲတက်လာသူ
အသက် ၂၃ နှစ်အရွယ် တေလာဆွစ်ဖ်ဟာ အကောင်းဆုံး အနုပညာရှင်ဆု၊ အကောင်းဆုံး
အမျိုးသမီး အနုပညာရှင်ဆုနဲ့ ကမ္ဘာတစ်လွှား အချပ်ရေ ၅ ဒသမ ၄ သန်း ကျော် ရောင်းချခဲ့ရတဲ့
သူ့ရဲ့နောက်ဆုံးအခွေ "Red" အတွက် အကောင်းဆုံး ဘီလ်ဘုတ်အယ်လ်ဘမ်ဆု ၂၀၀ အပါအဝင်
ဆုရှစ်ဆု ရရှိသွားပါတယ်။
ဆုတွေကို မနိုင်မနင်းနဲ့ ပိုက်ပြီး အံ့ဩမှင်တက်နေပုံရတဲ့ ဆွစ်ဖ်က ပရိသတ်တွေကို "ရှင်တို့ကတော့
ကျွန်မနဲ့ အချိန်အကြာဆုံး၊ အကောင်းဆုံး သံယောဇဉ်ရှိကြသူတွေပါ"လို့ ပြောကြားခဲ့ပါတယ်။
လေယာဉ်မှူးတွေသုံးတဲ့ နေကာမျက်မှန် အကြီးကြီး တပ်ဆင်ပြီး ပွဲတက်လာတဲ့ ဆယ်ကျော်သက်
အဆိုတော် ဘီဘာကတော့ ပရိသတ်တွေရဲ့ မဲနဲ့ ဆုံးဖြတ်ရွေးချယ်တဲ့ Billboard Milestone ဆုကို
လက်ခံဖို့အတွက် အထူးပွဲကြည့်စင်တစ်လျှောက်မှာ ထိုင်နေကြတဲ့ ပရိသတ်တွေက ၀ိုင်းလှောင်
ပြောင်ကြတာကို မမှုတဲ့ဟန်ပန်နဲ့ စင်မြင့်ဆီ လျှောက်သွားခဲ့ပါတယ်။
"ကျွန်တော် အခု ၁၉ နှစ် ရှိပါပြီ။ ကျွန်တော် ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်နေတယ်လို့ ထင်ပါ
တယ်။ ကျွန်တော် ပြောချင်တာက အဲဒါက ဂီတပဲ ဖြစ်သင့်ပါတယ်။ ဒါက ထွင်လုံးတော့ မဟုတ်ပါ
ဘူး။ ကျွန်တော်က အနုပညာရှင်တစ်ဦးပါ။ ပြီးတော့ ဒါကို ကျွန်တော် အလေးအနက်ထားပြီး
လုပ်သင့်ပါတယ်"လို့ ဆုလက်ခံအပြီးမှာ ဘီဘာက ပြောကြားခဲ့ပါတယ်။
နာဇီတွေရဲ့ လက်ချက်နဲ့ ကွယ်လွန်သွားခဲ့ရသူ ဆယ်ကျော်သက်မလေး Anne Fran ဟာ သူ့ရဲ့
ပရိသတ် ဖြစ်ချင်ဖြစ်နေမှာပါလို့ ပြောခဲ့တဲ့အတွက်ပြီးခဲ့တဲ့ရက်တွေမှာ ဘီဘာဟာ ပြင်းပြင်းထန်ထန်
ဝေဖန်ခံခဲ့ရပါတယ်။
လန်ဒန်နဲ့ ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ဂီတဖျော်ဖြေပွဲတွေကို နောက်ကျပြီးမှ ရောက်သွားခဲ့သလို ဂျာမနီ
လေဆိပ်မှာလည်း လိုအပ်တဲ့ စာရွက်စာတမ်း မပါတဲ့အတွက် သူ့ရဲ့ မျောက်ကလေးကို လေဆိပ်
အကောက်ခွန်ဌာနက သိမ်းလိုက်တာကိုလည်း ခံခဲ့ရပါသေးတယ်။
ဆုပေးပွဲမှာ ဘီဘာဟာ အမျိုးသား အကောင်းဆုံး အနုပညာရှင်ဆုနဲ့ လူမှုရေးကွန်ရက်မှာ ပရိသတ်
အများဆုံး အနုပညာရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။
ဒီနှစ် ဇန်နဝါရီလမှာ သူဟာ လေဒီဂါဂါထက် တွစ်တာမှာ ပရိသတ် ပိုများသွားတဲ့အတွက် လူမှုရေး
ကွန်ရက် ပရိသတ်အများဆုံး အနုပညာရှင်ဆုကို ရရှိခဲ့တာပါ။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ပွဲမှာ ဆုရသွားကြတဲ့ တခြားအနုပညာရှင်တွေထဲမှာ ဂရမ်မီဆုရထားတဲ့
"Somebody That I Used to Know" သီချင်းနဲ့အတူ တခြားသီချင်းတွေအတွက် ဆုလေးဆုရ
သွားတဲ့ ဘယ်လ်ဂျီယံ ဩစတြေးလျ အဆိုတော် Gotye နဲ့ အာရ်အင်န်ဘီ အမျိုးအစား သီချင်း
တွေနဲ့ ဆုလေးဆုရသွားတဲ့ အဆိုတော် ရီဟာနား တို့လည်း ပါ၀င်ပါတယ်။
(အေအက်ဖ်ပီ)
















