ဦးသန့် ပုံတူပန်းချီနဲ့ ပန်းပု လက်တွေ့ ရေးဆွဲထုလုပ်မည်

ဦးသန့် ပုံတူပန်းချီနဲ့ ပန်းပု လက်တွေ့ ရေးဆွဲထုလုပ်မည်

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ပုံတူပန်းချီနဲ့ ပန်းပုကို ပန်းချီ ရွှေမြင့်နဲ့ ပန်းပုကျော်ကျာ်မင်းတို့မှ ဇွန်လ ၃ ရက်နေ့မှာ မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီထိ ပြည်လမ်းပေါ်က ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ထုလုပ်ရေး ဆွဲကြမှာဖြစ်ပြီး မည်သူမဆို သွားရောက် ကြည့်ရှုနိုင်ကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ပုံတူပန်းချီနဲ့ ပန်းပုကို ပန်းချီ ရွှေမြင့်နဲ့ ပန်းပု
ကျော်ကျာ်မင်းတို့မှ ဇွန်လ ၃ ရက်နေ့မှာ မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီထိ ပြည်လမ်းပေါ်က
ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ထုလုပ်ရေး ဆွဲကြမှာဖြစ်ပြီး မည်သူမဆို သွားရောက် ကြည့်ရှုနိုင်ကြပါ
တယ်။

ဖန်တီးပြီးတဲ့ ပုံတူပန်းပုနဲ့ ပန်းချီကား ဖွင့်ပွဲကို အဲဒီနေ့ ညနေ ၆ နာရီ မှာ ကျင်းပမှာဖြစ်ပြီး ဇွန်လ ၄
ရက်နေ့မှာလည်း မနက် ၁၀ နာရီကနေ ည ရ နာရီအထိ ပြသထားမှာဖြစ်ပါတယ်။

"အရင်က သက်ရှိထင်ရှား ပန်းချီဆရာကြီးတွေရဲ့ ပုံတူပန်းပုတွေ ထုပါတယ်။ သက်ကြီးဝါကြီး ပန်းချီ
ဆရာကြီး တော်တော်များများရဲ့ ပုံတူတွေ ထုပြီးလို့ စုံသလောက် ရှိပါပြီ။ ဒါကြောင့် ဓာတ်ပုံကြည့်ပြီး
ထုမယ်လို့ စဉ်းစားတဲ့အခါ အဘဦးသန့်ကို စဉ်းစားမိပါတယ်။ အဘဦးသန့်က ခေတ်အဆက်ဆက်
ဂုဏ်ယူုရမယ့် ပုဂ္ဂိုလ်လည်း ဖြစ်တယ်" လို့ ပန်းပုကျော်ကျော်မင်းက ပြောပါတယ်။

"ဦးသန့်က အနောက်နိုင်ငံက တက္ကသိုလ်ကြီးတွေက ဘွဲ့ရတစ်ယောက် မဟုတ်ပါဘူး။ ရန်ကုန်
တက္ကသိုလ်က အိုင်အာဘွဲ့နဲ့ ကျောင်းပြီးသွားတဲ့ သူတစ်ယောက်က ကမ္ဘာ့ကုလသမဂ္ဂလို နေရာမျိုး
မှာ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးတာဝန်နဲ့ တတိယကမ္ဘာစစ် မဖြစ်အောင် တားနိုင်ခဲ့တဲ့
လူတော်တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ ပါတီအသင်းအဖွဲ့တွေမှာ ဦးသန့်ရဲ့ပုံကို
ဘယ်တော့မှ ချိတ်ဆွဲတာ မတွေ့ရပါဘူး"လို့လည်း သူက ပြောပါတယ်။

ဦးသန့်ရဲ့ မူတစ်ခုဖြစ်တဲ့ မူမတူသော်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကို ပါတီတွေ
လိုက်နာကျင့်သုံးပြီး ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပါတီတွေမှာ ဦးသန့်ပုံကို ချိတ်ဆွဲထားသင့်ပါတယ်
လို့လည်း ဆိုပါတယ်။

"ဦးသန့်ကို ဂုဏ်ပြုတဲ့ သီချင်းစပ်ဆိုထားတာ မရှိသလို ရုပ်ရှင်လည်း မရှိပါဘူး။ ကျွန်တော်က ပန်းပု
ဆရာတစ်ယောက် ဖြစ်တာကြောင့် ဦးသန့်ပန်းပု ကိုထုပြီး ဂုဏ်ပြုချင်ပါတယ်"လို့လည်း ပန်းပု
ကျော်ကျော်မင်းက ပြောပါတယ်။

ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ပြသပြီးတဲ့အခါ ပန်းပုနဲ့ ပန်းချီကားကို ပန်းဝါလမ်းမှာရှိတဲ့ ဦးသန့်နေခဲ့တဲ့
အိမ် (ယခုပြတိုက်အဖြစ် မွမ်းမံနေဆဲ)မှာ အမှတ်တရအဖြစ် ထားရှိသွားမယ်လို့လည်း သူကပြော
ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး