စိန့်မေရီ ဘုရားကျောင်းရှေ့တွင် သရုပ်ဆောင်ရဲတိုက် တကိုယ်တော် ဆန္ဒပြရာ အထိန်းသိမ်းခံရ

စိန့်မေရီ ဘုရားကျောင်းရှေ့တွင် သရုပ်ဆောင်ရဲတိုက် တကိုယ်တော် ဆန္ဒပြရာ အထိန်းသိမ်းခံရ

မေလ ၂၈ ရက်နေ့၊ နေ့လည် ၁ နာရီခွဲကျော်က ဗိုလ်အောင်ကျော်လမ်း၊ အထက်ဘလောက်ရှိ စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းရှေ့ တည့်တည့်တွင် သရုပ်ဆောင်ရဲတိုက်မှ တစ်ကိုယ်တော် ဆန္ဒပြသခဲ့သည်။

မေလ ၂၈ ရက်နေ့၊ နေ့လည် ၁ နာရီခွဲကျော်က ဗိုလ်အောင်ကျော်လမ်း၊ အထက်ဘလောက်ရှိ
စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းရှေ့ တည့်တည့်တွင် သရုပ်ဆောင်ရဲတိုက်မှ တစ်ကိုယ်တော်
ဆန္ဒပြသခဲ့သည်။

အဆိုပါကိစ္စနဲ့ ဆက်လျဉ်းပြီး ရဲတိုက်ရဲ့ သူငယ်ချင်းဖြစ်သူတစ်ဦးက "သူက ကားရေလာဆေးတာ၊
ကားရေဆေးတာ ကြာမယ်ဆိုလို့ ဘုရားဝင်ဖူးမယ်ဆိုပြီး တစ်ခေါက် သွားတယ်။ ပြီးတော့ ပြန်လာ
တယ်။ နောက်တစ်ခေါက် ထပ်သွားတော့ ချာချ် ကျောင်းထဲက တာဝန်ရှိတဲ့ တစ်ယောက်က
'မင်းမလာနဲ့။ မင်းနဲ့ ဘာပတ်သက်လို့လည်း မင်းဘာလဲဆိုတာ သိတယ်၊ လာမရှုပ်နဲ့၊ သွားစရာ
ရှိတာသွား' ဆိုပြီး ပြောလိုက်လို့ စိတ်ဆိုးသွားတာ။

တစ်ကိုယ်တော်ဆန္ဒပြသနေတဲ့ ရဲတိုက်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

သူပြောသွားတာက 'အဲဒီကျောင်းထဲကို ဘယ်သူမဆို ၀င်ခွင့်ရှိတယ်။ ကန့်ကွက်ခွင့်မရှိဘူး။
သူ့ကိုးကွယ်တဲ့ ဘာသာအကြောင့် သူ့ကို တစ်ဖက်သတ် ကြီးနှိပ်ကွပ်တာ'လို့ ပြောပြီးတော့ အဲဒီ
စာတန်းတွေရေးပြီး ချာချ်ကျောင်းကို နေ့လည် ၁ နာရီခွဲလောက်ထဲက သွားတာ အခုဆို တစ်နာရီ
ကျော်သွားပြီ။ ကျန်တာတော့ ဘာရည်ရွယ်ချက်ကြောင့်မှ မဟုတ်ပါဘူး"လို့ နေ့လည် ၃ နာရီ
လောက်မှာ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဗိုလ်အောင်ကျော် ကားရေဆေးရာ နေရာမှ သရုပ်ဆောင်ရဲတိုက်၏ ကားကို ဆေးပေးသည့်
အမျိုးသားကလည်း "ကျွန်တော် သူ့ကားကို ဆေးပေးရတာပါ။ သူက ဘာမှ သောက်စားတာလည်း
မရှိဘူး။ အကုန်လုံး အကောင်းကြီးပဲ။ သူ့ဘာသာ ဘုရားသွားရှိခိုးမယ်ဆိုပြီး ၀င်သွားတာ။ သူ့ကား
ကို ရေဆေးရင်းနဲ့ အချိန်ကြာမှာစိုးလို့ ဘုရားဝင်ဖူးတာကို မောင်းထုတ်လိုက်လို့ စိတ်ဆိုးသွားတာ။
အဲဒါနဲ့ နောက်တစ်ခေါက် ပြန်ဝင်လာပြီး ဗိုလ်အောင်ကျော်လမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ
စာရေးပြီးတော့ ပြန်ဝင်လာတာ။ လုပ်စရာရှိတဲ့ အလုပ်တောင် ဆက်မလုပ်တော့ဘူး"လို့ ပြောပါ
တယ်။

ဆန္ဒပြပြီး နှစ်နာရီကျော် အကြာတွင် သရုပ်ဆောင်ရဲတိုက်ကို ရဲတပ်ဖွဲ့မှလာရောက် ခေါ်ဆောင်သွား
တယ်လို့ သိရပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြသနေတဲ့ ရဲတိုက်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အခင်းဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသည့် ဓာတ်ပုံဆရာ တစ်ဦးကလည်း ဆန္ဒပြစဉ် ရဲတိုက်က
ဘုရားကျောင်းမှ တာဝန်ရှိသူအား ထိုးကြိတ်ရန် ရွယ်လိုက်သော်လည်း တစ်ကယ်တမ်းတွင်
မထိုးဖြစ်ကြောင်း ပြောပြပါတယ်။

"ရဲတိုက်က အဲဒီလူကို ထိုးဖို့ ရွယ်လိုက်တယ်။ ဒါပေမဲ့ တစ်ကယ်တမ်း မထိုးဖြစ်လိုက်ဘူး။ အဲဒီလူ
ကပဲ ရဲတိုက်ရဲ့ လည်ပင်းကို ထိုးလိုက်တာ မြင်လိုက်ရတယ်။ အသံတောင် ကြားရတယ်"လို့
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဘုရားကျောင်းမှ တာဝန်ရှိသူ တစ်ဦးကတော့ ဘုရားကျောင်းကို ၀တ်ပြုရန် ရောက်ရှိလာသည့်
သရုပ်ဆောင်ရဲတိုက်အား ဘုရားကျောင်းမှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့် မညီညွတ်တာ
ကြောင့် ဘုရားကျောင်းတွင်းသို့ အဝင်မခံခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြသနေတဲ့ ရဲတိုက်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

"ဘုရားကျောင်းထဲကို သူဝင်လာပြီး ၀တ်ပြုမယ် လုပ်တော့ ကျွန်တော်တို့က ဦးထုပ် ချွတ်ခိုင်းပါ
တယ်။ ဒါပေမဲ့ သူက ဘာလို့ ချွတ်ရမှာလဲလို့ ပြန်မေးတော့ ကျွန်တော်တို့က ဘုရားကျောင်းလာတဲ့
ဘယ်သူမဆို၊ နိုင်ငံခြားသား အပါအဝင် ဦးထုပ်ချွတ်ပြီးမှ ဘုရားဝတ်ပြုခွင့် ရှိတယ်လို့ ရှင်းပြပါတယ်။
နောက်ပြီး ဘုရားရုပ်တုကို မျက်နှာချင်းဆိုင် ၀တ်ပြုရမှာ သူက ကျောပေးပြီး ၀တ်ပြုပါတယ်။
သူနည်းနည်း လွတ်နေတဲ့ပုံပါပဲ"လို့ ပြောပါတယ်။

ရဲတိုက်ရဲ့ မိန်းကလေး ပရိသတ်တစ်ဦးကတော့ သူ့ချစ်တဲ့ အနုပညာရှင်ကို ရဲစခန်းကနေ ခေါ်ဆောင်
သွားတဲ့အတွက် ၀မ်းနည်းပြီး စိုးရိမ်မှုဖြစ်တဲ့ အကြောင်းကို လူမှုရေးဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့
ဖေ့စ်ဘွတ်ပေါ်မှာ ရေးတင်ထားပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြသနေတဲ့ ရဲတိုက်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး