ဂျပန်နိုင်ငံမှ နာမည်ကျော် ဘေ့စ်ဂီတာသမား ရန်ကုန်မှာ လာရောက်ဖျော်ဖြေမည်

ဂျပန်နိုင်ငံမှ နာမည်ကျော် ဘေ့စ်ဂီတာသမား ရန်ကုန်မှာ လာရောက်ဖျော်ဖြေမည်

ဂျပန်လူမျိုး ဘေ့စ်ဂစ်တာ ပညာရှင်တစ်ဦး ဖြစ်တဲ့ ခဂဲရိုအီမာဇဝါဟာ မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာ ဂီတပညာရှင်တွေနဲ့ ဂီတပညာကို ဆွေးနွေးဖလှယ်ကြမယ့်အပြင် မေလ ၃၁ ရက်နေ့မှာ Excel Tower မှာ ဘေ့စ်ဂီတနဲ့ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။

ဂျပန်လူမျိုး ဘေ့စ်ဂစ်တာ ပညာရှင်တစ်ဦး ဖြစ်တဲ့ ခဂဲရိုအီမာဇဝါဟာ မြန်မာနိုင်ငံကို လာရောက်ပြီး
မြန်မာ ဂီတပညာရှင်တွေနဲ့ ဂီတပညာကို ဆွေးနွေးဖလှယ်ကြမယ့်အပြင် မေလ ၃၁ ရက်နေ့မှာ
Excel Tower မှာ ဘေ့စ်ဂီတနဲ့ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။

ခဂဲရို အီမာဇဝါဟာ သူ့ရဲ့ ဂီတ စွမ်းရည်ထူးချွန်မှုကြောင့် ဂျပန်ဂီတ အသိုင်းအဝိုင်းမှာ 'ဘေ့စ်နင်ဂျာ'
လို့ ခေါ်ဝေါ် သမုတ်ခံရသူဖြစ်ပြီး မြတ်ပိုး နွယ် စီးပွားရေးလုပ်ငန်းစုရဲ့ ဆက်သွယ်ပေးမှုနဲ့ ဟိန်းမီဒီယာ
ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဒီဖျော်ဖြေပွဲ ဖြစ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ ခဂဲရိုအီမာဇဝါ နဲ့အတူ မြန်မာဂီတပညာရှင်တချို့ရဲ့ ဖျော်ဖြေမှုကိုလည်း တွဲဖက်ခံစား
ရမှာ ဖြစ်ပါတယ်။

"ကျွန်မကို ဒီပညာရှင်နဲ့ အတူတွဲပြီးတော့ ဖျော်ဖြေဖို့ စခေါ်တဲ့အချိန်မှာ ဒီဂီတပညာရှင် တီးထားတဲ့
လင့်ခ်လေး ၀င်ကြည့်လိုက်ပါဆိုလို့ ၀င်ကြည့်လိုက်တဲ့အခါမှာ ဘေ့စ်တစ်လက်တည်းနဲ့ အဲဒီလို
တီးလို့ရလားဆိုပြီး တအား အံ့ဩသွားတယ်။ အရင်တုန်းက ပီယာ နိုတို့၊ တယောတို့၊ ဂစ်တာတို့
solo တီးပြတာတွေ မြင်ဖူးတယ်၊ ကြားဖူးတယ်။ ဒါပေမဲ့ သူက ဘေ့စ်ကို solo တီးပြတာ ကြည့်
လိုက်တဲ့အချိန်မှာ အံ့ဩစရာကောင်းတဲ့ သူ့ရဲ့ ဖန်တီးမှု တွေကို မြင်ရတယ်။ သူ solo တီးနေရင်းနဲ့
backing ကိုလည်း သူ့ဟာသူလုပ်သွားတာကို တွေ့ရတယ်"လို့ ဖျော်ဖြေပွဲမှာ ပါ၀င်ဖျော်ဖြေပေးမယ့်
အဆိုတော် အမ်ဆိုင်းက မေလ ၂၄ ရက်နေ့က My Garden စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့
စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ဒီလို တကယ်တော်တဲ့ ဂီတပညာရှင်တစ်ယောက် မြန်မာပြည်ကို လာတယ်ဆိုတာ ငါတို့ကို
အသိအမှတ်ပြုပါလား၊ ကမ္ဘာက ပစ်မထားပါလား၊ လက်တွဲခေါ်ချင်တယ်ဆိုတဲ့ အသိက နွေးထွေးမှု
ကို ခံစားရစေတယ်။ တခြားလူတွေ ဂုဏ်ယူ မယူတော့မသိပေမယ့် ကျွန်မက မြူးဇစ်ကို ချစ်မြတ်နိုး
တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူတယ်"လို့လည်း သူကဆိုပါတယ်။

ခဂဲရိုအီမာဇဝါဟာ ဂီတပညာရှင်တစ်ယောက်အဖြစ် ၁၉၉၀ ပြည့်နှစ်ကစပြီး ဂျပန်နိုင်ငံမှာ စတင်
ရပ်တည်ခဲ့ကာ ကမ္ဘာ့နိုင်ငံအတော်များများမှာ solo ပွဲတွေ တီးပြဖျော်ဖြေနေသူလည်း ဖြစ်ပါတယ်။

တစ်ကိုယ်တော် အယ်လ်ဘမ် ၁၅ ခွေကိုလည်း ထုတ်လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။

ဖျော်ဖြေပွဲကို ည ရ နာရီခွဲကနေ ၁၀ နာရီခွဲအထိ ပြုလုပ်မှာဖြစ်ပြီး စိတ်ပါ၀င်စားသူ မည်သူမဆို
သွားရောက် ကြည့်ရှုနိုင်ကြပါတယ်။ ၀င်ကြေးအခမဲ့ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး