အာရှရုပ်ရှင်တွေ နေရာရခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်

အာရှရုပ်ရှင်တွေ နေရာရခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်

ဒီနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်ကနေ ချီးမြှင့်လိုက်တဲ့ ဆုတွေဟာ အာရှရုပ်ရှင်လောကအတွက် ရွှေရောင်ကာလ တစ်ခုကို ဖြစ်ပေါ်စေပြီး တရုတ်ရုပ်ရှင်သမားရ ဲ့ ဖန်တီးမှုစွမ်းအား မြင့်တက်လာမှု ကိုလည်း အသိအမှတ်ပြုပေးခဲ့ပါတယ်။

ဒီနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်ကနေ ချီးမြှင့်လိုက်တဲ့ ဆုတွေဟာ အာရှရုပ်ရှင်လောကအတွက်
ရွှေရောင်ကာလ တစ်ခုကို ဖြစ်ပေါ်စေပြီး တရုတ်ရုပ်ရှင်သမားရ ဲ့ ဖန်တီးမှုစွမ်းအား မြင့်တက်လာမှု
ကိုလည်း အသိအမှတ်ပြုပေးခဲ့ပါတယ်။

တရုတ်၊ ဂျပန်၊ စင်ကာပူနဲ့ ကမ္ဘောဒီးယားက ဒါရိုက်တာတွေဟာ မေလ ၂၆ ရက်နေ့မှာ ကျင်းပပြီးစီး
ခဲ့တဲ့ ကမ္ဘာ့ဂုဏ်သတင်းအကြီးဆုံး ရုပ်ရှင်ပွဲတော် Palais des ရဲ့ စင်မြင့်ထက်မှာ ဆုတွေပိုက်ပြီး
မျက်နှာပွင့်လန်းခဲ့ကြပါတယ်။

ဆုပေးပွဲမှာ တရုတ်နိုင်ငံက ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာဖြစ်တဲ့ Jia Zhangke ကို သူ့ရဲ့ 
A Touch of Sin ဇာတ်ညွှန်းအတွက် ၀ိုင်းဝန်း ချီးမွမ်းခဲ့ကြပါတယ်။

ခေတ်သစ်တရုတ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကျင့်ပျက်ခြစားမှု၊ လောဘနဲ့ ခေါင်းပုံဖြတ် အမြတ်
ထုတ်မှု စတာတွေကို ပုံဖော်တင်ဆက်ပေးထားတဲ့ ဒီဇာတ်လမ်းလေးနဲ့ ပတ်သက်ပြီး ကိန်းစ်ရုပ်ရှင်ပွဲ
တော် ဒိုင်လူကြီးဖြစ်သူ စတီဗင်န် စပီးလ်ဘာ့ဂ်က "စိတ်ကူးကောင်း"တယ်ဆိုတဲ့ စကားအပြင်
တခြားပြောစရာမရှိတော့ပါဘူးလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Jia ကို ဆင်းရဲမွဲတေတဲ့ ပြည်နယ်တစ်ခု ဖြစ်တဲ့ Shanxi မှာ မွေးဖွားခဲ့ပါ
တယ်။

ဒီအခြေအနေက သူ့ကို အခြေခံလူတန်းစား အကြောင်းဇာတ်လမ်းတွေ အကောင်းဆုံး တင်ဆက်
ပေးနိုင်စေခဲ့ပါတယ်။

ပေကျင်း ရုပ်ရှင်ကျောင်းကနေ ဘွဲ့ရ ခဲ့ပြီးတဲ့နောက် ခါးပိုက်နှိုက်၊ လူဆိုး လူမိုက်၊ ပြည့်တန်ဆာစတဲ့
ရာဇဝတ်မှုမကင်းတဲ့ လူတန်းစားတွေရဲ့ ဘဝကို အရှိအတိုင်းတင်ဆက်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကား
တွေကို တစ်ကားပြီး တစ်ကား ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားတွေကို သူ့မွေးရပ်မြေ Shanxi မှာ သွားရောက် ရိုက်ကူးပြီး ဒေသခံလေသံတွေအတိုင်း
စကားပြောခန်း တွေကို ရိုက်ပြထားပါတယ်။

"A Touch of Sin" ရုပ်ရှင်ဟာ ကြံရာမရဖြစ်နေတဲ့ ဆင်းရဲသားတွေရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးခု
ကို အခြေခံထားတာဖြစ်ပြီး အရင်းရှင် ကွန်မြူနစ်တရုတ်အစိုးရကို ဗြောင်ကျကျ ဝေဖန်ပြောဆိုချက်
တွေလည်း ထည့်ထားပါတယ်။

ဒီရုပ်ရှင်ရဲ့ နမူနာအခန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြသခဲ့ရာမှာ "ဒီဇာတ်ကားကိုတော့
တရုတ် နိုင်ငံမှာ ပြသခွင့်ရမှာ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရမယ့်
ပုံစံမျိုးမဟုတ်ဘူး" ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ အင်တာနက်ပေါ်မှာ ပွက်လောရိုက်သွားပါသေး
တယ်။

ဒါပေမဲ့ ရုပ်ရှင်ပွဲတော် စတင်တဲ့နေ့မှာ ပြုလုပ်ခဲ့တဲ့ အေအက်ဖ်ပီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Jia က
နိုင်ငံပိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Shanghai Film Group Corporation ရဲ့ ငွေတချို့တစ်ဝက်ပါတဲ့
ဒီရုပ်ရှင်ကို တရားဝင် ပြသခွင့်ရထားပြီးဖြစ်ကြောင်းနဲ့ စိစစ်ဖြတ်တောက်ခြင်းမပြုဘဲ ပြသခွင့်ရထား
တယ်လို့ ပြောကြားခဲ့ပါတယ်။

"ရုပ်ရှင်က ကျွန်တော့်ဘဝကို ဆက်လက် ရှင်သန်နေစေပါတယ်" လို့ အကောင်းဆုံးဇာတ်ညွှန်းဆု
ကို လက်ခံစဉ်မှာ ပြောကြားခဲ့ပါတယ်။

"တရုတ် နိုင်ငံက အလျင်အမြန် ပြောင်းလဲဖြစ်ပေါ် နေပါတယ်။ ကျွန်တော်ကတော့ ရုပ်ရှင်ဟာ
လွတ်လပ်ခြင်းကို ရှာဖွေဖို့ အကောင်းဆုံးနည်းလမ်းပဲလို့ ထင်ပါတယ ်"လို့လည်း ပြောခဲ့ပါတယ်။

စပီးလ်ဘာ့ဂ်နဲ့ အော်စကာဆုရ ထိုင်ဝမ်ဖွား အမေရိကန်မင်းသား အန်းလီက တရုတ်နိုင်ငံရဲ့
စိတ်လှုပ်ရှားဖွယ် အချိန်ကာလများကို ထောက်ပြပြောဆိုခဲ့ပြီး တရုတ်ရုပ်ရှင်လောကရဲ့ အနာဂတ်
အခြေအနေကိုလည်း လီက သတိပေးပြောကြားခဲ့ပါတယ်။

"တရုတ်နိုင်ငံဟာ နိုင်ငံတကာ ရုပ်ရှင်လောကရဲ့ ဈေးကွက်တွင်းမှာ နေရာရလာရုံမကပါဘူး။ တီထွင်
ဖန်တီးမှုပိုင်းမှာလည်း အားကောင်းလာနေပါပြီ" လို့ စပီးလ်ဘာ့ဂ်က သတင်းစာရှင်းလင်းပွဲမှာ
ပြောကြားခဲ့ပါတယ်။

လီက "A Touch of Sin" ဇာတ်လမ်းဟာ ဒိုင်အဖွဲ့ဝင်အားလုံး နှစ်သက်ကြတဲ့ အရေးပါတဲ့ ရုပ်ရှင်
ကားတစ်ကားပါလို့ ပြောကြားခဲ့ပါတယ်။

"တရုတ်ဈေးကွက်နဲ့ ရုပ်ရှင်ဇာတ်ကားတွေကို နှစ်သက်ကြတဲ့ ပရိသတ်အရေအတွက်ဟာ အတိုင်း
အတာတစ်ခုအထိ တော်တော်များများ ကြီးထွားလာနေပြီး တစ်နေ့မှာ အင်္ဂလိပ်စကား ပြော
ဇာတ်ကားနယ်ပယ်တွေ ထက်တောင် ကျော်လွန်သွားနိုင်တယ်" လို့ လီက ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဆုပေးပွဲမှာ ဆုရ အာရှသား နောက်တစ်ဦးကတော့ "Like Father Like Son"
ဇာတ်ကား ရိုက်ကူးသူ ဂျပန်နိုင်ငံသား ဟီရိုကာဇူခိုရီဒါပဲ ဖြစ်ပါတယ်။

အသက် ၅၀ ရှိပြီဖြစ်တဲ့ ခိုရီဒါဟာ "Nobody Knows" ဇာတ်ကားနဲ့ ၂၀၀၄ ခုနှစ်မှာ နိုင်ငံတကာ
အသိအမှတ်ပြုဆု ရရှိခဲ့ဖူးပါတယ်။

ဒီရုပ်ရှင်မှာ ပါ၀င်ခဲ့တဲ့ အဲဒီတုန်းက အသက် ၁၄ နှစ်ပဲ ရှိသေးတဲ့ Yuuya Yagira ဟာ ကိန်းစ်ကပေး
တဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုရရှိခဲ့တဲ့ အငယ်ဆုံးသရုပ်ဆောင် ဖြစ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ မိခင်က စွန့်ပစ်သွားတဲ့အတွက် ကိုယ့်ဘဝကိုယ်ကျောင်းခဲ့ရတဲ့ မောင်နှမလေးယောက်
အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံသား အန်သိုနီချန်း ကတော့ Camera d'Or ဆုကို ရရှိ ခဲ့ပါတယ်။

စင်ကာပူရုပ်ရှင်ကားတွေထဲမှာ ကိန်းစ်ရုပ်ရှင်ဆုကို ပထမဦးဆုံးအကြိမ် ရရှိစေခဲ့တဲ့ "Ilo Ilo"
ဇာတ်ကားဟာ စင်ကာပူနိုင်ငံရဲ့ အလုပ်အရမ်းလုပ်တဲ့ ရည်မှန်းချက်ကြီးသူ လူလတ်တန်းစားတွေနဲ့
သူတို့ မှီခိုအားထား နေရတဲ့ အိမ်အကူုတွေရဲ့ဘဝကို ဖော်ပြပေးထားတာဖြစ်ပြီး ၁၉၉၇ ခုနှစ် အာရှ
ငွေကြေး အကျပ်အတည်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးတင်ဆက်ပေးထားတာပါ။

ခမာနီခေတ် မှတ်တမ်းတင်ရုပ်ရှင်ကား နဲ့ ကမ္ဘောဒီးယားနိုင်ငံသား Rithy Panh က တက်သစ်စ
ဒါရိုက်တာတွေ အတွက်ပေးတဲ့ ဆုအမျိုးအစားမှာ ထိပ်တန်းဆုကို ရရှိခဲ့ပါတယ်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး