မက်တယ်ဇုန် (Metal Zone) တေးဂီတအဖွဲ့ဟာ ဇွန်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ ကျင်းပမယ့် အာဆီယံ ငါးနိုင်ငံရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုအစီအစဉ်မှာ ပါ၀င်ဖျော် ဖြေကြမှာ ဖြစ်ပါတယ်။
မက်တယ်ဇုန် (Metal Zone) တေးဂီတအဖွဲ့ဟာ ဇွန်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ
ကျင်းပမယ့် အာဆီယံ ငါးနိုင်ငံရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုအစီအစဉ်မှာ ပါ၀င်ဖျော် ဖြေကြမှာ ဖြစ်ပါ
တယ်။
ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက တီးဝိုင်းအဖွဲ့ တွေလည်း ပါ၀င်ဖျော်ဖြေကြမှာ
ဖြစ်ပြီး မက်တယ်ဇုန်အဖွဲ့နဲ့အတူ အဆိုတော် ဇော်ပိုင်၊ နောနော်၊ ဗညားဟန်၊ အယ်လ်ဆိုင်းဇီ၊
ချမ်းချမ်းနဲ့ ဂျင်းနီတို့ လိုက်ပါ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
"ဇွန်လ ၁ ရက်နေ့ပွဲက ထိုင်းနိုင်ငံ (မဟာချိုင်)မှာ လုပ်မှာဆိုတော့ ဒီကနေ ၃၁ ရက်နေ့ သွားမယ်။
သီချင်းအမျိုးအစားကတော့ အဆိုတော် အများကြီးပါတော့ အမျိုးအစား အစုံဖြစ်မယ်။ ဇော်ပိုင်
ဆိုရင်လည်း အချစ်သီချင်းတွေ ဆိုနိုင်သလို နောနော်ဆိုရင်လည်း ရော့ခ်အမျိုးအစားတွေကို
အဓိကထားဆိုမှာပဲ။ ကျွန်တော်တို့ မက်တယ်ဇုန် တီးဝိုင်းက ပုံမှန်လေးယောက်ပဲပါမယ်။ ဒီပွဲ
ဖျော်ဖြေဖို့အတွက်က တာချီလိတ်က သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီးသိတဲ့ ထိုင်းလုပ်ငန်း
ရှင်တစ်ဦး ကနေ ငှားခဲ့တာ။ အင်တာနက်ထဲမှာကတော့ အာဆီယံငါးနိုင်ငံ အလံတွေနဲ့ အစ်ကိုတို့
အဆိုတော်တွေ ပုံတွေပါတယ်"လို့ မက်တယ်ဇုန်အဖွဲ့မှ လိဒ်ဂီတာတီးခတ်သူ ကိုဇော်လတ်က
ဖျော်ဖြေရမယ့် ပွဲအကြောင်းကို ပြောပြပါတယ်။
"အမှားအယွင်းမရှိအောင် ကိုယ့် နိုင်ငံအနေနဲ့ ဖျော်ဖြေဖို့အတွက် စိတ်ထဲမှာ အကောင်းဆုံးချည်းပဲ
လုပ်မယ်လို့ မှန်းထားတယ်။ ငတုံးတွေ၊ အချဉ်တွေ မဟုတ်ဘူးဆိုတာ သိအောင် အားရပါးရ
တီးခတ်ကြမှာပါ။ အခုလိုမျိုး သွားပြီး ကိုယ့်မြန်မာအဆိုတော်တွေနဲ့ ဖျော်ဖြေပေးရမယ်ဆိုတော့
ပျော်ပါတယ်။ ပြဿနာကင်းကင်းနဲ့ ဖျော်ဖြေနိုင်ဖို့လည်း မျှော်လင့်ပါတယ်" လို့လည်း သူက
ပြောပါတယ်။















