ကမ္ဘာကျော် အဲဆပ်ပလိုင်းအဖွဲ့ မြန်မာပြည်သို့ လာရောက်ဖျော်ဖြေမည်

ကမ္ဘာကျော် အဲဆပ်ပလိုင်းအဖွဲ့ မြန်မာပြည်သို့ လာရောက်ဖျော်ဖြေမည်

မြန်မာနိုင်ငံရဲ့ တတိယမြောက် နိုင်ငံတကာဖျော်ဖြေပွဲအနေနဲ့ ကမ္ဘာကျော် Air Supply အဖွဲ့ရဲ့  ဖျော်ဖြေပွဲကို ဩဂုတ်လ ၁၅ ရက်နေ့မှာ ကြည့်ရှုရ တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယမြောက် နိုင်ငံတကာဖျော်ဖြေပွဲအနေနဲ့ ကမ္ဘာကျော် Air Supply အဖွဲ့ရဲ့
ဖျော်ဖြေပွဲကို ဩဂုတ်လ ၁၅ ရက်နေ့မှာ ကြည့်ရှုရ တော့မှာဖြစ်ပါတယ်။

ဒီပွဲကိုတော့ ပုဂံအင်တာတိန်းမန့်နဲ့ ထူးဖောင်ဒေးရှင်းတို့က စီစဉ်တာဖြစ်ပြီး ဖျော်ဖြေပွဲရက်ကတော့
သေချာပြီလို့ သိရပါတယ်။

"ဩဂုတ်လ ၁၅ ရက်နေ့ ပြုလုပ်မှာကတော့ သေချာတယ်။ ဒါပေမယ့် ခွင့်ပြုမိန့်တို့၊ ဘယ်မှာကျင်းပ
မယ်ဆိုတာတော့ မသေချာသေးဘူး" လို့ ပုဂံ အင်တာတိန်းမန့်မှ မန်နေဂျာ ကိုညီညီ က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

နေရာအတွက်ကိုတော့ သုဝဏ္ဏအားကစားရုံနဲ့ အမ်စီစီကို လျာထားတာဖြစ်ပြီး ဘယ်နေရာမှာ
ကျင်းပဖြစ်မလဲဆိုတာကတော့ မသေချာသေးပါဘူးတဲ့။

ဒီပွဲကတော့ လက်မှတ်ရောင်းချပြီး ပြုလုပ်မယ့်ပွဲဖြစ်ပေမယ့် အရင်နိုင်ငံတကာပွဲဖြစ်တဲ့ Michael
Learns to Rock ပွဲလောက် ဈေးကြီးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

"လောလောဆယ် လက်မှတ်ဈေး နှုန်းကိုတော့ မသတ်မှတ်ရသေးဘူး။ ဒါပေမဲ့ သင့်တင့်လျောက်
ပတ်တဲ့ ဈေးလောက်ပဲ ဖြစ်မယ်။ ကျွန်တော်တို့ အနေနဲ့ အဓိကက အားလုံးကြည့်နိုင်အောင်လို့ပါ။
Michael Learns to Rock လောက်မကြီးဘူး။ အိုင်စီဈေးနှုန်းလောက် သောင်းဂဏန်းလောက်ပဲ
ဖြစ်မှာပါ။ လူများများလာလို့ရအောင် နေရာကျယ်ကျယ် စီစဉ်နေပါတယ်" လို့လည်း သူက
ပြောပါတယ်။

ဩစတြေးလျနိုင်ငံသားတွေဖြစ်တဲ့ Air Supply အဖွဲ့ကတော့ ဆော့ဖ်ရော့ခ်ဂီတအမျိုးအစားကို
ဖန်းတီးတင် ဆက်သူတွေဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ ပထမဆုံးအခွေဖြစ်တဲ့ "Air Supply" အခွေကိုတော့ ၁၉၇၆ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိခဲ့တာ
ဖြစ်ပြီး စုစုပေါင်း သီချင်းခွေ ၁၇ ခွေကို ထုတ်ဝေခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ရဲ့ နောက်ဆုံး ဖြန့်ချိခဲ့တဲ့အခွေကတော့ "Mumbo Jumbo" အခွေဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ
ဖြန့်ချိခဲ့တာလို့ သိရပါတယ်။

သူတို့ရဲ့ အရမ်းကိုအောင်မြင်ခဲ့တဲ့ တေးသီချင်းတွေထဲက လူသိများတဲ့ တေးသီချင်းတွေကတော့
"All Out of Love", "Making Love Out of Nothing At All", "The One That You
Love", "The Power of Love (You Are My Lady) တေးသီချင်းတို့လည်း အပါအဝင်ပါပဲ။

"Air Supply မှရယ်လို့ မဟုတ်ပါဘူး၊ အဓိကကတော့ ဒီအဖွဲ့ကို သုံးဆယ်ကျော် ၀န်းကျင်တန်း
လူတွေက မီခဲ့တယ်။ အရမ်းကြီး ရှေ့လည်းမကျဘူး နောက်လည်းမကျဘူး။ သူတို့ရဲ့ တချို့ သီချင်း
တွေကလည်း ခုထက်ထိပေါက်နေတုန်းပဲဆိုတော့ သူတို့ကို ရွေးချယ် ဖြစ်သွားတာပါ။ ဒီကပရိသတ်
နဲ့ အံဝင်ခွင်ကျဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သူတို့သီချင်းတွေကလည်း ဒီက
အဆိုတော်တွေ ပြန်ဆိုထားတာများတယ်လေ။ အခုအသစ် တွေခေါ်ရင်လည်း လူကြီးတွေက
သိပ်သိမှာမဟုတ်ဘူး" လို့ ကိုညီညီက ဒီအဖွဲ့ကို ရွေးဖိတ်ခေါ်ရတဲ့အကြောင်းကိုလည်း
ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး