တေးရေးဆရာ ကေအေတီ (ကျော်အောင်)ရဲ့ ဈာပနကို ဇွန်လ ၃ ရက်၊ တနင်္လာနေ့မှာ ချစ်ခင်ကြတဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနုပညာ ညီအစ်ကိုမောင်နှမတွေ အပါအဝင် မိသားစုဝင်တွေက မီးသင်္ဂြိုဟ်ပြီး အရိုးအိုးကို ကေအေတီရဲ့ ညီမနဲ့ ညီတို့က ဂူသွင်းပေးခဲ့တယ်လို့ သိရပါတယ်။
တေးရေးဆရာ ကေအေတီ (ကျော်အောင်)ရဲ့ ဈာပနကို ဇွန်လ ၃ ရက်၊ တနင်္လာနေ့မှာ ချစ်ခင်ကြတဲ့
မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနုပညာ ညီအစ်ကိုမောင်နှမတွေ အပါအဝင် မိသားစုဝင်
တွေက မီးသင်္ဂြိုဟ်ပြီး အရိုးအိုးကို ကေအေတီရဲ့ ညီမနဲ့ ညီတို့က ဂူသွင်းပေးခဲ့တယ်လို့ သိရပါတယ်။
"အချိန်တိုတိုအတွင်းမှာ ကိစ္စပြီးဆုံးတဲ့ သူ့သေခြင်းကို အားကျတယ်"လို့ ဈာပနလိုက်ပါပို့ဆောင်
အပြီး အပြန်လမ်းမှာ ကေအေတီရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆရာကျောင်း(မျိုးဆွေသန်း)က လေးဖြူနှင့်
ပြောဖြစ်ကြပုံကို ပြောပါတယ်။
"ကျွန်တော် ထင်တာတော့ သူ့အိမ်နဲ့ လမ်းထိပ်က ကန်တော်လေးဆေးရုံကြားမှာ နှလုံးခုန်ရပ်တယ်
လို့လည်းထင်ပါတယ်။ သူက အာနာပါနလည်း ရှုတော့ သတိတော့မလွတ်ဘူး" လို့ သူက ပြောပါ
တယ်။
"နှလုံးရောဂါကြောင့် အသက်ရှူကျပ်လို့ သျှင်ပါကူဆေးရုံတင်လိုက်ရတာကို သူငယ်ချင်း
တစ်ယောက်က ဖုန်းဆက်ပြောမှ သိခဲ့ရတာပါ"လို့ ဆရာကျောင်းက ပြောပါတယ်။
ကေအေတီရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး ပထမနှစ်ကျောင်းသားဘဝကတည်းက ခင်မင်ခဲ့တဲ့၊ ဆရာ
ကျောင်းက တေးရေးဆရာ ကေအေတီ သေဆုံးမှုနဲ့ ပတ်သက်ပြီး အလွန်စိတ်ထိခိုက်ခံစားရသလို
အရွယ်မတိုင်ခင် အသေစောတဲ့သူ့ကို နှမြောမိပါတယ်လို့လည်း သူ့ရဲ့ခံစားချက်ကို ဖွင့်ပြောပါတယ်။
"တေးသီချင်းတွေကိုလည်း အတူတူဖန်တီးခဲ့ပြီး အမှတ်တရများစွာ ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ
၀ိုင်ဝိုင်းရဲ့ သီချင်း 'အလွမ်းများ' ကိုတော့ အမှတ်ရဆုံးပါပဲ"လို့ ဆရာကျောင်းက ကေအေတီရဲ့
တေးသီချင်းများနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
တေးရေး ကေအေတီဟာ အသက် ၄၈ နှစ်အရွယ်မှာ နှလုံးရောဂါဖြင့် ဇွန်လ ၁ ရက်နေ့က သျှင်ပါဂူ
ဆေးရုံမှာကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်အထိ 'နောက်ဆုံးရထား'၊ 'စိတ်ထဲကပဲ နှုတ်ဆက်ချင်တယ်'၊
'ဒီက စောင့်နေသူ' ၊ 'အလွမ်းများ' စတဲ့ ပရိသတ်အကြိုက် နဲ့ ထပ်တူညီတဲ့ နာမည်ကျော်
တေးသီချင်းပေါင်းများစွာကို ရေးသားခဲ့ပြီး တေးသီချင်းဆိုပြိုင်ပွဲတွေမှာလည်း အကဲဖြတ်ဒိုင်အဖြစ်
ပါ၀င်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
















