ဆယ်နှစ်ပြည့်အထိမ်းအမှတ် Nine Planets အဖွဲ့သားတွေရဲ့ ဖျော်ဖြေပွဲ အေးချမ်းစွာကျင်းပ

ဆယ်နှစ်ပြည့်အထိမ်းအမှတ် Nine Planets အဖွဲ့သားတွေရဲ့ ဖျော်ဖြေပွဲ အေးချမ်းစွာကျင်းပ

မိုးဦးရာသီမှာ ရော့ခ်အသည်းစွဲ ပရိသတ်တွေအတွက် Nine Planets က စီစဉ်တဲ့ သူတို့ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ ဖျော်ဖြေပွဲကြီးကို ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပြီး ပရိသတ်ကြိုက် Big Bag, Wanted, Idiots, Reason, Drive နဲ့ Fever 109 တို့က ဖျော်ဖြေခဲ့ကြပါတယ်။

မိုးဦးရာသီမှာ ရော့ခ်အသည်းစွဲ ပရိသတ်တွေအတွက် Nine Planets က စီစဉ်တဲ့ သူတို့ရဲ့ ၁၀ နှစ်
ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ ဖျော်ဖြေပွဲကြီးကို ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ
ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပြီး ပရိသတ်ကြိုက် Big Bag, Wanted, Idiots, Reason, Drive နဲ့
Fever 109 တို့က ဖျော်ဖြေခဲ့ကြပါတယ်။

ဖျော်ဖြေပွဲကို ညနေ ၆ နာရီမှာ စမယ်လို့ ကြေညာထားတာကြောင့် အဝင်ဝမှာ လူတွေက စုပြံုနေ
ကြပါပြီ။

ပွဲမစခင် အချိန်မှာ ရုတ်တရက် မိုးရွာသွန်းလိုက်တာမို့ မိုးလုံလေလုံနေရာမှာ ကျင်းပတာမဟုတ်တဲ့
အတွက် အရှိန်ကောင်းတဲ့ မိုးက ပွဲဖျက်မှာကို စိုးရိမ်နေခဲ့ပေမယ့် မိုးပြေးလေးသာ ဖြစ်တဲ့အတွက်
ပွဲပျက်မသွားခဲ့ပါဘူး။

ပွဲကို ညနေ ၆ နာရီစမယ်လို့ ကြေညာထားပေမယ့် ရ နာရီထိုးတဲ့အထိ မစနိုင်ခဲ့ပါဘူး။ ပရိသတ်
တချို့ကတော့ မကျေနပ်သံတွေထွက်နေပေမယ့် ပွဲစီစဉ်သူတွေဘက်မှာလည်း ပွဲမစနိုင်တဲ့
အကြောင်းရင်း အခိုင်အမာ ရှိနေပါတယ်။

ပွဲမစခင်ရွာလိုက်တဲ့ မိုးကြောင့် စင်ပေါ်က စက်ပစ္စည်းတွေကို နေရာပြန်ချရသလို စင်အနောက်မှာ
လည်း လုံခြံုရေးများရဲ့ အော်ဟစ်သံတွေကြောင့် သိလိုက်ရတာက ၀ါယာရှော့ခ်ဖြစ်နေတာပါ။

ဒါပေမယ့် တာဝန်ရှိသူတွေရ ဲ့ အချိန်မီပြင်ဆင်လိုက်နိုင်မှုကြောင့် ပြဿနာအကြီးအကျယ် မဖြစ်
လိုက်ပါဘူး။

၇ နာရီခွဲမှာတော့ ပွဲကို Dusty Way အဖွဲ့နဲ့ စတင်လိုက်ပြီး ကြိုတင်ကြေညာထားတဲ့ စာရင်းထဲ
မပါတာကြောင့် တချို့ပရိသတ်တွေကတော့ ဟာခနဲ စိတ်ညစ်ကြောင်း အသိပေးလိုက်ပါတယ်။

ဒါပေမဲ့လည်း တီးဝိုင်းအဖွဲ့သားတွေကတော့ သီချင်းအားလုံး လေးပုဒ်နီးပါး ဖျော်ဖြေသွားပါတယ်။

အဲနောက်မှာတော့ ပရိသတ်ရဲ့ အားပေးမှုတွေကို ခရက်ရှ်တုန်း အော်သံတွေနဲ့ အပိုင်သိမ်းသွားတာ
က တော့ Fever 109 ပါ။

သူ့ရဲ့အကြမ်းစား Metal သီချင်းတွေအောက်မှာတော့ ပရိသတ်က မိုးဖွဲဖွဲထဲ အပြိုင်အဆိုင်ခုန်ကြရင်း
စင်ပေါ်စင်အောက် ခေါင်းတွေရမ်း နေတာကလည်း မပင်ပန်းသလိုပါပဲ။

Idiots အဖွဲ့ကတော့ နာမည်ပဲ ကြေညာရသေးတယ် အောက်က ပရိသတ်က အော်သံနဲ့တစ်မျိုး၊
လက်ခုပ်သံနဲ့တစ်မျိုး အားပေးနေကြပါပြီ။

ရော့ခ်သီးသန့်ပွဲဖြစ်ပြီး နာမည်ကြီးတွေချည်း ဆုံတဲ့ပွဲဖြစ်လို့ ပရိသတ်ကတော့ အကြိုက်ပါပဲ။

ဟိုအရင်နှစ်တွေက ရော့ခ်ပွဲတွေဆို မိန်းကလေးပရိသတ် တွေ့ရခဲပေမယ့် ဒီပွဲမှာတော့ မိန်းကလေး
တော်တော်များများကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အကုန်လုံးရဲ့ ကိုယ်ပေါ်မှာ မြင်ရတာကတော့ အနက်ရောင်အဆင် တန်ဆာတွေပါ။

အပေါ်အောက် အနက်ဝမ်းဆက်နဲ့ လက်ပတ်၊ နားကပ်တွေကပါ အနက်ရောင်အသားပေးတွေချည်း
၀တ်ဆင်ထားတာဖြစ်လို့ အနက်ရောင်က အဲဒီညအတွက်တော့ ရော့ခ်သင်္ကေတတစ်ခုအလားပါပဲ။

အဲဒီအနက် ရောင်တွေထဲမှာ ထီးကတော့ မပါခဲ့ပါဘူး။

မိုးဖွဲဖွဲကျနေပေမယ့် အနက်ရောင် လူအုပ်ကြီးထဲမှာ ထီးဆောင်းထားတာကတော့ လူနည်းစုပါပဲ။

ဖျော်ဖြေတဲ့ အဖွဲ့တစ်ဖွဲ့ပြောင်းတိုင်း ပရိသတ်ကို ပြောတဲ့စကားကတော့ "မိုးထဲလေထဲ လာအားပေး
တဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ပြောပြီး သူတို့ ကိုယ်တိုင်လည်း ချွေးရွှဲနေအောင် ဖျော်ဖြေပေး
ခဲ့ကြတာကြောင့် ပရိသတ်အတွက် အပင်ပန်းခံရကျိုးနပ်တယ်လို့ ပြောလို့ရပါတယ်။

အဖွဲ့အကုန်လုံးက ပရိသတ်ကြိုက်အဆိုတော်ပဲ ဖြစ်ပေမယ့် အဲဒီနေ့ပွဲမှာ ပရိသတ်အလိုအရှိဆုံးက
Wanted ဖြစ်ပုံပါပဲ။

Wanted အဖွဲ့ရဲ့ အဆိုရှင် ဖော်ကာကတော့ သူ့ရဲ့ ပရိသတ်သိပြီးသား သီချင်းများနဲ့ နောက်ထွက်
မယ့် အခွေသစ်ထဲက သီချင်းအသစ်တွေကိုပါ ဖျော်ဖြေပေးသွားပါတယ်။

ပွဲကို နှစ်ပိုင်းခွဲ ဖျော်ဖြေပေးခဲ့ပြီး အဖွဲ့တစ်ဖွဲ့ကို သီချင်းကိုးပုဒ်ခန့် သီဆို ဖျော်ဖြေပေးခဲ့ပါတယ်။

ရော့ခ်ပွဲတွေရဲ့ အရင်အတွေ့ အကြံုတွေအရ ရန်ပွဲတစ်ပွဲလောက်မှ မဖြစ်လိုက်ရင် မပြည့်စုံသလိုဖြစ်
နေခဲ့ပြီး ယင်းနေ့ပွဲကတော့ ပွဲမစခင်ကတည်း Idiots အဖွဲ့ မှ အဆိုရှင် ရေမွန် မျှော်လင့်တဲ့အတိုင်း
ရန်ပွဲရှင်းပြီး အေးချမ်းစွာပဲ ပြီးဆုံးသွားခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး