ယူကျုဝက်ဘ်ဆိုက်ဟာ အင်တာနက်အထာကျွမ်းသူ၊ မျိုးဆက်သစ် အနုပညာရှင်တွေ ဖြစ်တဲ့ တောင်ကိုရီးယား အဆိုတော် Psy၊ Macklemore နဲ့ တခြားအနုပညာဝါသနာရှင်တွေ ဂီတလောကထဲ ၀င်နိုင်ဖို့ ခိုင်မာတဲ့ ခြေကုပ်တစ်ခုအဖြစ် ရပ်တည်ပေးနေပါတယ်။
ယူကျုဝက်ဘ်ဆိုက်ဟာ အင်တာနက်အထာကျွမ်းသူ၊ မျိုးဆက်သစ် အနုပညာရှင်တွေ ဖြစ်တဲ့
တောင်ကိုရီးယား အဆိုတော် Psy၊ Macklemore နဲ့ တခြားအနုပညာဝါသနာရှင်တွေ ဂီတလောက
ထဲ ၀င်နိုင်ဖို့ ခိုင်မာတဲ့ ခြေကုပ်တစ်ခုအဖြစ် ရပ်တည်ပေးနေပါတယ်။
ဂူးဂဲလ်ပိုင် ယူကျုဝက်ဘ်ဆိုက်ဟာ Psy၊ Macklemore၊ ဂျပ်စတင်ဘီဘာ နဲ့ တခြားအဆိုတော်တွေ
ကို သီချင်း ဒေါင်းလုပ်ဆွဲယူမှုတွေ၊ ဖျော်ဖြေပွဲတွေ၊ အွန်လိုင်းကြော်ငြာတွေ၊ စပွန်ဆာရ ဂီတဗီဒီယို
ခွေတွေကနေ အခွင့်ကောင်းယူ ငွေရှာလို့ရနိုင်တဲ့ ကမ္ဘာ့စင်မြင့်ထက်ဆီ တွန်းတင်ပေးနေပါတယ်။
"ဂီတဟာ ကမ္ဘာ့ဘာသာစကား တစ်ခုအဖြစ် အမြဲတည်ရှိနေခဲ့တာပါ။ ပြီးတော့ ယူကျုဟာ ဂီတ
ဆိုတဲ့ ဖန်တီးမှုတစ်ခုအတွက် အသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ အကောင်းဆုံးလမ်းကြောင်း
တစ်ခုပါ"လို့ ယူကျုသီချင်းများ အစုစပ်လုပ်ငန်း ဒါရိုက်တာတစ်ဖြစ်လဲ အနုပညာရှင်ဆိုင်ရာ ရှေ့နေ
ဗီဗီယန်လူးဝစ်က ပြောပါတယ်။
"ယူကျုရဲ့ ကျေးဇူးကြောင့် တောင်ကိုရီးယားမှာ Psy လတ်တလော ဘာတွေလုပ်နေသလဲဆိုတာ
ကို အမေရိကန်က ပရိသတ်တွေလည်း ချက်ချင်း သိနိုင်ကြပါတယ်။ အခုခေတ်မှာ နယ်ပယ်ဆိုတာ
မရှိတော့ပါဘူး။ တခြားအနု ပညာရှင်တွေရဲ့ နယ်ပယ်တွေလည်း ကမ္ဘာအနှံ့ ရောက်ရှိနေပါပြီ"လို့
သူက ပြောပါတယ်။
Psy ဟာ ယူကျုမှာ သူ့ရဲ့ "Gangnam Style" သီချင်းဗီဒီယိုကို ကြည့်ရှုသူအရေအတွက်
တစ်ဘီလျံကျော် သွားပြီးတဲ့နောက်မှာ "Gentleman" ဆိုတဲ့ သီချင်းဗီဒီယိုဖိုင်အသစ်ကို ဧပြီလက
ထပ်တင်ပေးခဲ့ပြီး မေလ ၅ ရက်နေ့အထိ ကြည့်ရှုသူပေါင်း ၂၇၅ သန်းကျော် ရှိပါပြီ။
ပတ်ဂျေဆောင်မြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် တောင်ကိုရီးယား ရပ်ပါ Psy ဟာ
ယူကျုမှာ တင်ထားတဲ့ "Gangnam Style" သီချင်းဗီဒီယိုကနေ ၀င်ငွေဒေါ်လာ ရှစ်သန်းကျော် ရရှိ
ထားတယ်လို့လည် ပြောဆိုနေကြတာပါ။
နာမည်ကြီးသီချင်း ဗီဒီယိုဖိုင်တွေကနေ ယူကျုလည်း ၀င်ငွေတွေ ရရှိတယ်လို့ သိရပေမယ့်
ဘယ်လောက်ရသလဲဆိုတာကိုတော့ ထုတ်ဖော် ပြောကြားထားတာမျိုး မရှိပါဘူး။
"ယူကျုကနေ သူတို့ရဲ့ ဖန်တီးမှုတွေ ကို တင်ပေးကြခဲ့ကြတဲ့ များပြားလှတဲ့ ဂီတပညာရှင်တစ်ဦးချင်း
စီဟာ တစ် နှစ်ကို ဒေါ်လာ တစ်သိန်းကျော်လောက် ၀င်ငွေ ရရှိကြပါတယ်။ သူတို့ တင်ထားတဲ့
ဗီဒီယိုဖိုင်တွေကနေသာမက ပရိသတ်တွေ တင်ထားတဲ့ သူတို့ သီချင်းဖိုင်တွေဆီကလည်း ၀င်ငွေရ
ကြတာပါ" လို့ လူးဝစ်က အေအက်ဖ်ပီ ကို ပြောပြပါတယ်။
တင်ထားတဲ့ ဗီဒီယိုခွေတွေနဲ့ အဆက်အစပ်ရှိတဲ့ ဖိုင်တွေကို ရှာဖွေရာမှာ အသုံးပြုတဲ့ ဆက်စပ်ဖိုင်
တွေကိုလည်း ယူကျူက သီချင်းပိုင်ရှင်တွေကို အသုံးပြုခွင့် ပေးထားပါတယ်။
အဆက်အစပ်ရှိတဲ့ ဖိုင်တွေ့တဲ့အခါ သီချင်းပိုင်ရှင်ဟာ သီချင်းလမ်းကြောင်းကို ခြေရာခံပြီး သီချင်း
ကို ဆက်ပေးပြီး ၀င်ငွေရှာမလား၊ ပိတ်လိုက်မလား ကြိုက်တာ ဆုံးဖြတ်လို့ရပါတယ်။
ယူကျုဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အသံသွင်းလုပ်ငန်းအတွက် ကြော်ငြာကဏ္ဍကနေ ၀င်ငွေ
ဒေါ်လာ သန်း ၅၀၀ ကျော် ရှာပေးခဲ့ပါတယ်လို့ လူးဝစ်က ပြောပါတယ်။
လင်ဆေး စတာလင်ဟာ အကနဲ့ တယော တီးခတ်မှု တွဲဖက်ထားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်ကို ယူကျုမှာ
တင်ထားပြီးတဲ့နောက်မှာ သာမန် မထင်မရှား ဘဝကနေ နာမည်ကျော် အနုပညာရှင် တစ်ဦး
ဖြစ်လာခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကယ်လီဖိုးနီးယားသူ အနုပညာရှင်မလေး လင်ဆေးစတာလင်ကို ယူကျု
မှာ ကြည့်ရှုသူ အရေအတွက်ဟာ အခုအချိန်မှာ နှစ်သန်းကျော် ရှိပါတယ်။
သူ့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဟာ ဒစ်ဂျစ်တယ် ဒေါင်းလုပ်အဖြစ်နဲ့ အချပ်ရေ တစ်သိန်းရှစ်ထောင်
လောက် ရောင်းချခဲ့ရပြီး ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ အခွေထွက်ပြီးကတည်းက ကမ္ဘာလှည့်ဖျော်ဖြေပွဲ
တွေကို မနားတမ်း ဖျော်ဖြေပေးနေရပါတယ်။
ဥရောပတစ်ခွင် ဖျော်ဖြေပွဲမှာလည်း လက်မှတ်တွေ ရောင်းကုန်ခဲ့ပါတယ်။
"ယူကျုကြောင့်သာ မဟုတ်ရင် အခုလို နယ်လှည့်ဖျော်ဖြေမှုတွေ ကျွန်မလုပ်နိုင်မှာ မဟုတ်ပါဘူး။
ကျွန်မ ထုတ်ခဲ့တဲ့ အယ်လ်ဘမ်လည်း ကျွန်မ အဖွားနဲ့ အမေပဲဝယ်တဲ့ အခွေတစ်ခုပဲ ဖြစ်လာမှာပါ
ရှင်"လို့ စတာလင်က ပြောပါတယ်။
သူမဟာ ကြော်ငြာတွေနဲ့ လူကြိုက်များတဲ့ ဗီဒီယိုဂိမ်း Ubisoft အတွက် နမူနာကားတစ်ခုရဲ့
စပွန်ဆာလင့်ခ် တစ်ခုနဲ့ အဆုံးသတ်သွားတဲ့ Assassin's Creed 3 ဂီတဗီဒီယို တစ်ခုကနေလည်း
၀င်ငွေတွေရခဲ့ပေမယ့် သူ့ရဲ့ တကယ့် အမြတ်ငွေတွေကတော့ Apple ရဲ့ iTune ဆိုင်ကရတဲ့
အယ်လ်ဘမ် ရောင်းရငွေတွေနဲ့ နယ်လှည့် ဖျော်ဖြေပွဲတွေဆီကပဲ ဖြစ်ပါတယ်။
"ဟုတ်ပါတယ်။ ကြော်ငြာတွေကနေ ကျွန်မ ၀င်ငွေတချို့ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့
ကမ္ဘာအနှံ့က ပရိသတ်တွေရဖို့အတွက် ယူကျုကို အသုံးပြုခဲ့တာပါ။ ယူကျူဟာ ဘဝတစ်ခု
ကိုယ်တိုင် တည်ဆောက်နိုင်ဖို့အတွက် အခကြေးငွေ ပေးစရာမလိုတဲ့ ဈေးကွက်လမ်းကြောင်း
တစ်ခုပါ"လို့ လည်း ပြောပါတယ်။
ယူကျု chat feature တွေနဲ့ ယူကျုရဲ့ Google+ social network က အုပ်စုလိုက် အသုံးပြုနိုင်
တဲ့ "Hangout" online video chat တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ စွမ်းရည်ကြောင့်
အနုပညာရှင်တွေဟာ သူတို့ရဲ့ ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့ အဆင်ပြေလှပါတယ်။
"အသံသွင်း ကုမ္ပဏီတွေ၊ အေဂျင်စီ တွေဟာ သူတို့လိုချင်တဲ့ အနုပညာရှင် မျိုးဖြစ်အောင် ပုံစံသွင်း
ချင်ကြပါတယ်။ ယူကျုပေါ်မှာ ဆိုရင်တော့ ကျွန်မတို့ရဲ့ ပရိသတ်တွေဟာ ကျွန်မတို့ ပေးချင်တာ
ပေးလို့ရတဲ့ သူတွေပါ။ ဒါကြောင့် ကျွန်မတို ့ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးပြီး ပရိသတ်တွေကို
ပေးနိုင်ပါတယ်"လို့ သူက ပြောပါတယ်။
အွန်လိုင်းပေါ်မှာ ပရိသတ်ရဲ့ စိတ်ဝင်စားမှု ရနိုင်ပြီး အသစ်အဆန်းတွေ ချပေးနိုင်တဲ့အတွက်
အင်တာနက်ခေတ် အနုပညာရှင်တွေကို စင်ပေါ်မှာထက် ပိုပြီး ကြိုးစားလာအောင် လှုံ့ဆော်ပေးပါ
တယ်။
"ယူကျုသုံးတဲ့ သူတစ်ဦးဖြစ်ရတာ ပျော်စရာ အရမ်းကောင်းတဲ့ ပုံပေါက်ပါတယ်။ ယူကျုသုံးတဲ့
သူတိုင်းဟာ သူတို့လုပ်တဲ့ အလုပ်အပေါ် ကျေနပ်နေကြပါတယ်။ ဒါမှမဟုတ် စိတ်ကုန်ချင်ကုန်သွား
မယ်။ သူတို့ ဖန်တီးချင်တာတွေအတွက် အရမ်းကို ကြိုးစားကြပါတယ်" လို့ စတာလင်က ရယ်မော
ရင်း ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းနွယ်ဖွား စန္ဒရားပညာရှင် Valentina Lisitsa၊ ဒါမှမဟုတ် Bohemian Rhapsody
by Queen သီချင်းကို လေးကြိုးတပ် ဟာဝိုင်အီ ဂစ်တာလေးနဲ့ ဖျော်ဖြေပေးခဲ့တဲ့ Jake Shimabu-
kuro တို့လို အကျော်အမော်တွေရဲ့ သီချင်းတွေကို ယူကျုပေါ်မှာ ပြန်လည်ဆန်းသစ် ဖော်ထုတ်ပေး
နေပါတယ်။
ယူကျုဟာ အောင်မြင်မှုရနေတဲ့ အဆိုတော်တွေကိုလည်း ဆွဲဆောင်ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်မှာ တေလာဆွဖ်ဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ယူကျုအင်တာဗျူးတစ်ခုမှာ ပါ၀င်ခဲ့ပြီး
သူမရဲ့ အယ်လ်ဘမ်သစ် "Red" ကိုလည်း ၀က်ဆိုက်ကနေ ပွဲထုတ်ခဲ့ ပါတယ်။
"ခုခေတ်မှာ အင်တာနက်ဟာ သီချင်းနားထောင်တဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။ အင်တာနက်ဟာ
ဂီတဝါသနာရှင်တွေ နာမည်ကျော် ဖြစ်လာ နိုင်စေတဲ့ လမ်းကြောင်းသစ်တစ်ခုပါ။ ပြီးတော့လည်း
တေးသံသွင်းကုမ္ပဏီမပါဘဲ ဂီတနဲ့ဆိုင်တဲ့ အလုပ်တွေအားလုံး လုပ်လို့ရပါတယ်" လို့ အဆိုရှင်မ
လေး လင်ဆေးစတာလင်က ပြောပါတယ်။
(အေအက်ဖ်ပီ)
















