လွတ်လပ်ရေးနေ့၊ တောင်သူလယ်သမားများနေ့၊ မြန်မာ့ ရုပ်ရှင်နေ့ စတဲ့ အထိမ်းအမှတ်နေ့တွေများစွာရှိတဲ့အနက် 'တစ်နိုင်ငံလုံးဆိုင်ရာ ဂီတနေ့' ဆိုပြီး ဂီတလောကသားများအားလုံးကို ကိုယ်စားပြုတဲ့ နေ့တစ်နေ့ကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးကနေ ရွေးချယ်သတ်မှတ်လိုက်ပါပြီ။
လွတ်လပ်ရေးနေ့၊ တောင်သူလယ်သမားများနေ့၊ မြန်မာ့ ရုပ်ရှင်နေ့ စတဲ့ အထိမ်းအမှတ်နေ့တွေ
များစွာရှိတဲ့အနက် 'တစ်နိုင်ငံလုံးဆိုင်ရာ ဂီတနေ့' ဆိုပြီး ဂီတလောကသားများအားလုံးကို
ကိုယ်စားပြုတဲ့ နေ့တစ်နေ့ကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးကနေ ရွေးချယ်သတ်မှတ်လိုက်ပါပြီ။
ဇွန်လ ၂၇ ရက်နေ့ကို 'ဂီတနေ့' အဖြစ် ရွေးချယ်ခဲ့ပြီး မကြာခင်မှာ ကျရောက်တော့မယ့် အဲဒီနေ့မှာ
အခမ်းအနား ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ပြန်ကြားရေးမှူးဖြစ်တဲ့ ဦးစိုးထွဋ်ခိုင်
က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဒီရက်ကို ရွေးချယ်ရခြင်းမှာ ၁၉၃၆ ခုနှစ်က မြင်းခြံမြို့မှာ ကျင်းပခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ ဒုတိယ
အကြိမ် ပြည်လုံးကျွတ်ညီလာခံမှာ ၀ိုင်အမ်ဘီအေ ဆရာတင် ရေးစပ်သီကုံးသီဆိုတဲ့ ဒို့ဗမာ
(အမျိုးသားသီချင်း)ကို စတင်သီဆိုခဲ့တဲ့ အမှတ်တရနေ့လည်း ဖြစ်တာကြောင့်လို့ သိရပါတယ်။
"ဂီတနေ့လုပ်ဖို့အတွက် ဇွန်လ ၂၇ ရက်နေ့၊ ဇူလိုင်လ ၁၉ ရက်နဲ့ ဇူလိုင်လ ၂၀ ရက်ဆိုပြီး သုံးရက်
ယာယီသတ်မှတ်ခဲ့တယ်။ အဲဒီထဲကမှ ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည်နေ့ဖြစ်တာကြောင့်
အဲဒီနောက်ပိုင်းမှာ လုပ်ဖြစ်ရင်လည်း မသင့်တော်တာနဲ့ ဇွန်လ ၂၇ ရက်နေ့ကို သတ်မှတ်ဖြစ်သွား
တာပါ"လို့ ဦးစိုးထွဋ်ခိုင်က ပြောပါတယ်။
ဒီနှစ်မှာတော့ အချိန် သိပ်မကျန်တော့တာကြောင့် အထိမ်းအမှတ်နေ့ အခမ်းအနားကို အကျဉ်းချုံ့
ကျင်းပသွားဖို့ စီစဉ်ထားပေမယ့် နှစ်စဉ် ကျင်းပသွားမှာဖြစ်ပြီး နောက်နှစ်တွေမှာတော့ ဂီတပညာရှင်
တွေ ပါ၀င်တဲ့ ဂီတပဒေသာပွဲတွေ၊ ဖျော်ဖြေပွဲတွေနဲ့ တခမ်းတနား ကျင်းပသွားမယ်လို့လည်း
ဆိုပါတယ်။
ဂီတအစည်းအရုံးမှာ အတွင်းရေးမှူးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက သူတို့ တာဝန်ထမ်းဆောင်နေတဲ့
ကာလတွင်းမှာ ခုလိုမျိုး ဆောင်ရွက်နိုင်တဲ့အတွက် ၀မ်းသာတယ်လို့ ဆိုပါတယ်။
"တောင်သူလယ်သမားနေ့၊ လွတ်လပ်ရေးနေ့လိုမျိုး နေ့တွေ ရှိသလို ရုပ်ရှင်လောကအတွက်လည်း
ရုပ်ရှင်သမိုင်းနေ့ဆိုတာ ရှိပါတယ်။ အစ်မတို့ ဂီတပညာရှင်တွေအနေနဲ့လည်း ဂီတနေ့လေး ရှိမယ်
ဆိုရင် ကောင်းပါတယ်။ လုပ်ဖို့ ရွေးချယ်ထားတဲ့ သုံးရက်စလုံးကလည်း အစ်မတို့နိုင်ငံရဲ့ သမိုင်းဝင်
'ကမ္ဘာမကြေ' အမျိုးသားသီချင်းကို စတင်သီဆိုတဲ့ ရက်တွေချည်းပဲ။ အဲဒီထဲကမှ ဇွန်လ ၂၇ ရက်
နေ့ကို ရွေးချယ်သတ်မှတ်ပြီး ဂီတနေ့ ကျင်းပသွားမှာဖြစ်တဲ့အတွက် ၀မ်းသာပီတိဖြစ်ပါတယ်"လို့
ပြောပါတယ်။
လာမယ့် ၂၇ ရက်နေ့အခမ်းအနားမှာ ဖျော်ဖြေပွဲတွေ လုပ်ဖြစ်မယ်ဆိုရင်လည်း အလွှာပေါင်းစုံမှာ
ရှိတဲ့ ဂီတပညာရှင်တွေ အကုန်လုံးဟာ သူတို့ရဲ့စွမ်းရည်တွေနဲ့ တစ်နည်းတစ်ဖုံ ပါ၀င်ကြမှာပါလို့
လည်း ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ကျင်းပသွားမှာဖြစ်တဲ့ ဂီတနေ့ကိုလည်း အများပြည်သူဆိုင်ရာ အစိုးရရုံးပိတ်ရက်
အဖြစ် သတ်မှတ်ပေးဖို့အတွက် ဂီတအစည်းအရုံးက ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။















