နှစ်ကြိမ်ခွဲကျင်းပမယ့် Mr. Top ရဲ့ တစ်ကိုယ်တော် မျက်လှည့်ပွဲ အခမဲ့ကြည့်ရှုနိုင်မည်

နှစ်ကြိမ်ခွဲကျင်းပမယ့် Mr. Top ရဲ့ တစ်ကိုယ်တော် မျက်လှည့်ပွဲ အခမဲ့ကြည့်ရှုနိုင်မည်

မြန်မာနိုင်ငံမှာ စင်တင်ဖျော်ဖြေပွဲ အမျိုးမျိုးကို တခမ်းတနား ကျင်းပကြပေမယ့် မျက်လှည့်ပွဲတွေရဲ့  ကဏ္ဍကတော့ မှေးမှိန် နောက်ရောက်လွန်းလှပါတယ်။

မြန်မာနိုင်ငံမှာ စင်တင်ဖျော်ဖြေပွဲ အမျိုးမျိုးကို တခမ်းတနား ကျင်းပကြပေမယ့် မျက်လှည့်ပွဲတွေရဲ့
ကဏ္ဍကတော့ မှေးမှိန် နောက်ရောက်လွန်းလှပါတယ်။

ဒါပေမဲ့ သူတို့ချစ်မြတ်နိုးတဲ့ ဒီပညာရပ်အပေါ်မှာ ရပ်တည်နေကြတဲ့ မျက်လှည့်ပညာရှင်တွေ
ကတော့ ဒီနေ့အထိ ရှိနေဆဲပဲ ဖြစ်ပါတယ်။

အဲဒီထဲမှာ မျက်လှည့်ပညာရှင် Mr. Top လည်း ပါ၀င်ပါတယ်။ Mr. Top ဟာ သူ့ရဲ့တစ်ကိုယ်တော်
တင်ဆက်ပွဲကိုလာမယ့် ဇွန်လ ၂၂ ရက်နေ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပြီး မျက်လှည့်
ပြကွက်ဆန်းများနဲ့ ဟာသအစီအစဉ်များကို ပရိသတ်များ အခမဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

ပညာသာ ပေါပေါများများရှိပြီး ၀င်ငွေ မပေါများလှတဲ့ မျက်လှည့် ပညာရှင်တစ်ယောက်အဖို့ ခုလို
ပွဲမျိုးကို ကိုယ်ပိုင်ဝင်ငွေနဲ့ ကျင်းပနိုင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။

ခုလိုပွဲမျိုး ကျင်းပချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖြည့်စွမ်းကူညီပေးသူကတော့ Red Horse Dairy Industries
Limited (PEP) ပဲ ဖြစ်ပါတယ်။

"ဒီလိုမျိုးပွဲဆိုတာ ဦးအတွက်တော့ နှစ် ၂၀ ကျော်ကြာ မက်ခဲ့တဲ့ အိပ်မက်တစ်ခုပါ။ အခု ပက်(ပ်)
နို့မှုန့် မိသားစုက အကောင်အထည် ဖော်ပေးတဲ့အတွက် ဖြစ်ပေါ်လာတာပေါ့။ အဲဒီအတွက်
အရမ်းကို ကျေးဇူးတင်စရာကောင်းပါတယ်"လို့ Mr.Top ကမြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ပွဲကိုလည်း ကျွန်တော်တို့ နိုင်ငံတကာ အဆင့်မီအောင် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ပြင်ဆင်
ထားပါတယ်။ ကိုယ့်ပညာကို ယုံကြည်ပြီးသား ဖြစ်တဲ့အတွက် ပရိသတ်ကြည့်ပြီးသွားရင် ကျေနပ်
မယ်လို့ ယုံကြည်ပါတယ်"လို့လည်း သူက ပြောပါသေးတယ်။

ဒါကြောင့် သူ့ပွဲမှာ လက်ရှိမြန်မာနိုင်ငံမှာ ဘယ်သူမှမကြည့်ဖူးသေးတဲ့ ပြကွက်များနဲ့ နိုင်ငံတကာမှာ
ခေတ်စားနေတဲ့ ပြကွက်ဆန်းများကို ပြသသွားမယ်လို့လည်း ဆိုပါတယ်။

Mr.Top ဟာ မျက်လှည့်ပညာရပ်ကို ၁၀ တန်းကျောင်းသားဘဝကို ကျော်လွန်ပြီးတာနဲ့ ဆည်းပူး
လာခဲ့တာဖြစ်ပြီး အသက် ၂၀ အရွယ်မှာ ပညာရှင်တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့တယ်လို့ ပြောပြ
ပါတယ်။

"ငယ်ငယ်က ဖြစ်ချင်ခဲ့တာကတော့ ဆရာဝန်ပါ။ ဒါပေမဲ့လည်း မိသားစု အခြေအနေကြောင့်
ဖြစ်မလာခဲ့ဘူး။ အဲဒီတော့ ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်၊ ပိုက်ဆံလည်း ရှာရလွယ်တဲ့
ဒီမျက်လှည့်ပညာကို လေ့လာသင်ယူခဲ့တယ်" လို့ ပြောပါတယ်။

လက်ဦးဆရာက ရန်ကုန်မိုးအောင် ဖြစ်ပြီး တခြားဆရာတွေ များစွာထံမှလည်း နည်းပညာတွေကို
အလျဉ်းသင့်သလို လေ့လာသင်ယူခဲ့တယ်လို့ ဆိုပါတယ်။ တစ်ချိန်က မျက်လှည့်ပွဲတွေပေါပေါများ
များ ရှိခဲ့ပေမယ့် ခုချိန်မှာ ရှားပါးလာတာကတော့ ပွဲကျင်းပဖို့ ကုန်ကျစရိတ် ကြီးမားလွန်းတာ
ကြောင့်လို့လည်း ဆိုပါတယ်။

"ဒီလိုပွဲကြီးတွေဆိုရင် ပြကွက်တစ်ကွက်အတွက် သိန်း ၈၀ လောက်ကုန်တယ်။ ဒါကြောင့် မကျင်း
ပနိုင်ကြဘူး။ ကိုယ့်ဟာကိုယ်လုပ်ဖို့ကျတော့ ငွေရေးကြေးရေးအရ မတတ်နိုင်ကြဘူး"လို့ Mr.Top
က ပြောပြပါတယ်။

စီစဉ်သူဖြစ်တဲ့ ပက်(ပ်)နို့မှုန့်မှ မန်နေဂျာ ကိုထွန်းထွန်းလေးက မျက်လှည့်ပညာရှင်တစ်ဦးကို
မြေတောင်မြှောက်ပေးချင်တာကြောင့် ခုလိုမျိုးပွဲလေးကို စီစဉ်ပေးဖြစ်တာပါလို့ ပြောပါတယ်။

"ကျွန်တော်တို့က နှစ်စဉ် အလှူအတန်း ပြုလုပ်နေကျပေါ့။ အရင်ကတည်းက စီစဉ်နေရင်းနဲ့
ဦးတော့ပ်ကလည်း သူဒီမျက်လှည့်မှာ ဘဝတစ်ခုလုံးပေးထားရတယ်။ နိုင်ငံတကာအဆင့်မီ
ပွဲလုပ်ချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ မလုပ်နိုင်ဘူး။ သူ့ရဲ့ ပြကွက်ဆန်းတွေကို ပွဲလေးလုပ်ပြီး
ပြသချင်တယ်လို့ ပြောတဲ့အခါမှာ သူ့ကိုလည်း မြေတောင်မြှောက်ပေးရင်းနဲ့ ဒီပွဲလေးကို စီစဉ်
ဖြစ်တာပါ"လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

တစ်ရက်တည်းမှာပဲ ပွဲကို နှစ်ကြိမ်ခွဲ ကျင်းပမှာဖြစ်ပြီး ညနေ ၃ နာရီမှာ ကျောင်းသူ၊ ကျောင်းသား
များအတွက် ပွဲဖြစ်ပြီး၊ အများပြည်သူတွေအတွက်ကိုတော့ ည ရ နာရီမှာ စတင်ဖျော်ဖြေပေးမှာ
ဖြစ်ပါတယ်။

ပြပွဲလက်မှတ်များကို တော်ဝင်စင်တာ၊ မြေနီကုန်း၊ သမိုင်း၊ ရန်ကင်းရှိ စီးတီးမတ်ဆိုင်များနဲ့ ဂျန်းရှင်း
မော်တင်၊ ဂျန်းရှင်း Square၊ ပြည်လမ်း၊ လှည်းတန်း၊ ပါရမီနဲ့ BAK စိန်ဂေဟာများမှာလည်း
မည်သူမဆို အခမဲ့ ထုတ်ယူနိုင်ပါတယ်။

MRTV-4 နဲ့ Channel-7 ရုပ်သံလိုင်းတွေကလည်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သွားမယ်
လို့လည်း သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး