ပထမဆုံး မြန်မာစကားပြော တရုတ်ဇာတ်လမ်းတွဲ စတင်ထုတ်လွှင့်မည်

ပထမဆုံး မြန်မာစကားပြော တရုတ်ဇာတ်လမ်းတွဲ စတင်ထုတ်လွှင့်မည်

ရုပ်သံလိုင်းတွေမှာ လွန်ခဲ့တဲ့နှစ် ၂၀ နီးပါးလောက်က မြန်မာစာတန်းထိုး တရုတ်ရုပ်သံဇာတ်လမ်းတွဲမျိုးစုံကို စတင်ပြသခဲ့စဉ်က ပရိသတ်တွေကြားမှာ တကူးတကကို အချိန်ပေး စောင့်ကြည့်ကြရတဲ့အထိ ရေပန်းစားခဲ့ဖူးပါတယ်။

ရုပ်သံလိုင်းတွေမှာ လွန်ခဲ့တဲ့နှစ် ၂၀ နီးပါးလောက်က မြန်မာစာတန်းထိုး တရုတ်ရုပ်သံဇာတ်လမ်းတွဲ
မျိုးစုံကို စတင်ပြသခဲ့စဉ်က ပရိသတ်တွေကြားမှာ တကူးတကကို အချိန်ပေး စောင့်ကြည့်ကြရတဲ့
အထိ ရေပန်းစားခဲ့ဖူးပါတယ်။

ရာဇဝင်ကား၊ သိုင်းကားနဲ့၊ မိသားစုနဲ့ အချစ်ရေးအကြောင်း ဇာတ်လမ်းတွဲတွေဟာ နှစ်ပေါင်း
အတော်ကြာ မြန်မာပရိသတ်ကို လွှမ်းမိုးထားရာက ကိုရီးယားဇာတ်လမ်းတွဲတွေ ၀င်ရောက်လာချိန်
မှာတော့ သူ့ကဏ္ဍဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်ခဲ့ရပါတယ်။

ဒါပေမဲ့ အသစ်စက်စက် ရိုက်ကူးထားတဲ့ တရုတ်ခေတ်ပေါ် (အချစ်) ဇာတ်လမ်းတွဲကို မြန်မာ
စကားပြော နောက်ခံထည့်သွင်းပြီး ဇွန်လ ၁၃ ရက်နေ့က စတင်ကာ မြန်မာ့ရုပ်မြင်သံကြားကနေ
ထုတ်လွှင်ပြသသွားမှာ ဖြစ်တာကြောင့် မြန်မာပရိသတ်တွေဟာ တရုတ်ဇာတ်ကားကို အသွင်
တစ်မျိုးနဲ့ ကြည့်ရှု့ခံစားကြရတော့မှာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် မြန်မာစကား နောက်ခံထည့်သွင်းထားတဲ့ ပထမဆုံး
တရုတ်ဇာတ်လမ်းတွဲ ဖြစ်ပြီး အပတ်စဉ် ကြာသာပတေးနဲ့ သောကြာနေ့တွေရဲ့ ည ရ နာရီမှာ ပြသ
မှာ ဖြစ်ပါတယ်။

ဇာတ်ကားအမည်က 'ရွှေမင်းသားလေးရဲ့ သုခကမ္ဘာ' (Jin Tai Lang's Happy Life) ဖြစ်ပြီး
တရုတ်နိုင်ငံက နာမည်ကြီး အနုပညာရှင်တွေ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

နောက်ခံစကားပြောပြီး အသံနဲ့ သရုပ်ဆောင်ကြတဲ့ သူတွေကတော့ မြန်မာ အနုပညာရှင်များ
ဖြစ်ကြပါတယ်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ အသံသွင်းနေတဲ့ သရုပ်ဆောင် မိုးအောင်ရင်။

မိုးအောင်ရင်၊ စည်သူမောင်၊ သီရိရှင်းသန့် တို့နဲ့အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နောက်ခံ
စကားပြောသူများ ဖြစ်ကြတဲ့ ဦးစောမင်းနောင်၊ မယဉ်ယဉ်ရွှေနဲ့ မသင်းသင်းခိုင် တို့က တရုတ်
သရုပ်ဆောင်တွေရဲ့ အမူအယာနဲ့ လိုက်ဖက်အောင် အသံနဲ့ သရုပ်ဆောင် ပေးထားကြပါတယ်။

တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအတွက် နှစ်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ
တွေဟာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ မြန်မာနောက်ခံ စကားပြော ဇာတ်လမ်းတွဲ ဖြစ်မြောက်
ရေးအတွက် ရန်ကုန်မြို့မှာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး အဲဒီကာလမှ စတင်ကာ ပြင်ဆင်ခဲ့
ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၈ ရက်နေ့က ဆီဒိုးနားမှာ
ကျင်းပခဲ့တဲ့ ဇာတ်ကားမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

"အခုလို အချိန်တိုကာလအတွင်းမှာ ထုတ်လွှင့်နိုင်အောင် ကြိုးစားခဲ့ကြတဲ့အတွက် တရုတ်-မြန်မာ
နှစ်ဘက်စလုံးက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ဂုဏ်ယူပါတယ်။

တရုတ်နိုင်ငံရဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ နေထိုင်မှုပုံစံတွေကို ဒီဇာတ်လမ်းတွဲကနေ
တစ်ဆင့်သိရမှာ ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  H.E. John Hotang ကလည်း
တောတောင်ရေမြေချင်း ဆက်စပ်နေတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံရဲ့ ချစ်ကြည်ရေးသမိုင်းဟာ လွန်ခဲ့
တဲ့နှစ် ၂၀၀၀ ကျော် တန်မင်းဆက် လက်ထက်ကတည်းက တည်ရှိခဲ့တယ်လို့ ပြောပါတယ်။

"အခုလို မြန်မာဘာသာ စကားထည့်သွင်းထားတဲ့ ဒီဇာတ်လမ်းတွဲကနေ တရုတ်ပြည်သူတွေရဲ့
ဘဝတွေအကြောင်း ခံစားနားလည်မှာ ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းတွဲကနေ နှစ်နိုင်ငံ ချစ်ကြည်မှု
တွေ တိုးစေဖို့ မျှော်လင့်ပါတယ်"လို့ Mr Hotlang က ပြောပါတယ်။

မင်းသားရဲ့ ဖခင်နေရာက အသံနဲ့ သရုပ်ဆောင်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်က သူတို့အသံသွင်း
စဉ်မှာ တရုတ်နိုင်ငံက အတတ်ပညာရှင်တွေနဲ့ ခင်မင်ရင်းနှီးခဲ့ကြပြီး ဒီဇာတ်လမ်းတွဲကို ပရိသတ်
ကြည့်တဲ့ အခါမှာလည်း တရုတ် လူနေမှုဘဝတွေနဲ့ ရင်းနှီးသွားမယ်လို့ သူထင်ပါတယ်လို့ ပြောပါ
တယ်။

မြန်မာ အနုပညာရှင်အဖွဲ့ဟာ ဇာတ်လမ်းတွဲအတွက် နောက်ခံစကားပြောကို ၂၀၁၂ ခုနှစ်၊
ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ သွားရောက် အသံသွင်းခဲ့ကြတာဖြစ်ပြီး ဘာသာစကား
နားမလည်းခြင်းက အဓိက ကြံုတွေ့ခဲ့ရတဲ့ အခက်အခဲလို့ ဆိုပါတယ်။

"ကျွန်တော်တို့ကို သင်ပေးတဲ့ တရုတ် ဒါရိုက်တာက မြန်မာလိုနားမလည်ဘူး။ ဒါပေမဲ့ မြန်မာစကား
ရဲ့ အသံအတက်အကျကို သိတယ်။ စိတ်ညစ်တယ်၊ ပျော်တယ်၊ အံ့ဩတယ်စတဲ့ အသံ
အနေအထားတွေကို ဇာတ်ရုပ်နဲ့ အံဝင်အောင် သင်ပေးခဲ့တယ်"လို့ မိုးအောင်ရင်က ပြောပါတယ်။

အသံသွင်းရေးအတွက် အဓိက တာဝန်ယူစီစဉ်ခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က ဒီဇာတ်လမ်း
တွဲအတွက် နောက်ခံစကားပြောမယ့်သူကို ရွေးချယ်ရာမှာ တရုတ်နိုင်ငံသံရုံးနဲ့အတူ ပူးပေါင်းအကဲ
ဖြတ်ခဲ့သူဖြစ်ပါတယ်။

"အဓိကက ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ အသံနဲ့ ဆင်တူတဲ့သူတွေကို ရွေးချယ်တာပါ။ ၀င်ရောက်
ယှဉ်ပြိုင်ကြတဲ့ အနုပညာရှင်တွေကများတော့ နာမည်တွေတော့ မပြောတော့ပါဘူး။ အဲဒီထဲကမှ
ဇာတ်ကောင်နဲ့ အံဝင်ခွင်ကျအဖြစ်ဆုံး အနုပညာရှင် သုံးဦးကို ရွေးထုတ်ခဲ့ပါတယ်"လို့
စင်ရော်မောင်မောင်က ပြောပါတယ်။

'ရွှေမင်းသားလေးရဲ့ သုခကမ္ဘာ' ဇာတ်လမ်းတွဲဟာ တရုတ်နိုင်ငံမှာ လက်ရှိအောင်မြင်နေဆဲ
ဇာတ်ကားဖြစ်တာကြောင့် မြန်မာအနုပညာရှင်တွေရဲ့ အသံအနေအထားတွေကို ဂရုစိုက်ခဲ့ရပေမယ့်
ရိုက်ကူးပြီးသား ဇာတ်ကားဖြစ်တာကြောင့် အချိန်သိပ်မယူခဲ့ရဘူးလို့ ဒါရိုက်တာစင်ရော်မောင်မောင်
က ပြောပါတယ်။

"အသံသွင်းတာ ပြန်စစ်တာလောက်ပဲဆိုတော့ အချောသတ်ပြီးစီးဖို့ အချိန်ခြောက်လလောက်ပဲ
ယူခဲ့ရတယ်။ အခက်အခဲမရှိခဲ့ပါဘူး"လို့ ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး