မြန်မာလူမျိုးတွေရဲ့ နေထိုင်စားသောက်မှု ပုံစံအကြောင်း ဆွေးနွေးပွဲပြုလုပ်

မြန်မာလူမျိုးတွေရဲ့ နေထိုင်စားသောက်မှု ပုံစံအကြောင်း ဆွေးနွေးပွဲပြုလုပ်

အမြန်ပြင် အစားအစာတွေ ဖြစ်တဲ့ McDonald's နဲ့ Kentucky Fried Chicken (KFC) ကြက်ကြော်ဆိုင်တွေ မြန်မာပြည်ထဲကို ၀င်ရောက်ဖို့ ပြင်ဆင်နေကြချိန်မှာ "အစားအစာကို မြန်မြန်ဆန်ဆန် ပြီးစီးအောင် ပြင်ဆင်သင့်သလား၊ သို့မဟုတ် အစားအစာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်သင့်သလား"ဆိုတဲ့ မေးခွန်းဟာ ...

အမြန်ပြင် အစားအစာတွေ ဖြစ်တဲ့ McDonald's နဲ့ Kentucky Fried Chicken (KFC)
ကြက်ကြော်ဆိုင်တွေ မြန်မာပြည်ထဲကို ၀င်ရောက်ဖို့ ပြင်ဆင်နေကြချိန်မှာ "အစားအစာကို မြန်မြန်
ဆန်ဆန် ပြီးစီးအောင် ပြင်ဆင်သင့်သလား၊ သို့မဟုတ် အစားအစာတွေဟာ ကျန်းမာရေးနဲ့
ညီညွတ်သင့်သလား"ဆိုတဲ့ မေးခွန်းဟာ လူတချို့အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် မြန်မာမိသားစုအတွင်း စားသောက်မှုပုံစံဟာ ဘယ်လိုမျိုးလဲ၊ ကျန်းမာရေးနဲ့ ညီညွတ်
အောင်၊ စားသောက်ပုံမှန်ကန်အောင် ရှေ့ လျှောက်ဘယ်လို စီစဉ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး
ဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၄ ရက်နေ့က သိမ်ဖြူလမ်းပေါ်မှာတည်ရှိတဲ့ Monsoon စားသောက်ဆိုင်
မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို Young Global Leaders မှ အဖွဲ့ဝင်ပေါင်း ၂၀ နဲ့ ရန်ကုန်မြို့ရှိ စားသောက်ဆိုင်
လုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များ၊ အစားအစာတင်ပို့သူများနဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ
ရောင်းချကြတဲ့ ထမင်းဆိုင်ပိုင်ရှင်တွေလည်း ပါ၀င်တက် ရောက်ခဲ့ကြပါတယ်။

"ဒီဆွေးနွေးပွဲကို ပြုလုပ်ဖို့ Young Global Leaders မှ နာမည်ကြီး စားဖိုမှူး David Hertz က
ကျွန်မကို ဆက်သွယ်လာတဲ့အခါမှာ ကျွန်မ စိတ်ဝင်စားခဲ့တယ်။ မြန်မာပြည်ကို မက်ဒေါ်နယ် နဲ့
Kentucky ကြက်ကြော်တွေ ၀င်လာတဲ့အခါ ဟင်းရွက်ပြုတ်တို့စရာ၊ အရွက်ကြော်လေးနဲ့ အသား
ဟင်းတစ်ခွက် ခုံခုံမင်မင်စားတတ်တဲ့ မြန်မာထမင်းဝိုင်းထဲက အလေ့အထလေး မပျက်သွားအောင်
ဘယ်လို အသိပညာပေးမလဲဆိုတာလေးကို ဆွေးနွေးဖို့ လိုလာပါပြီ။ ဒါကြောင့် ဒီဆွေးနွေးပွဲလေး
ကို ဖြစ်မြောက်ဖို့ ကျွန်မ ကူညီခဲ့ပါတယ်"လို့ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ Monsoon
စားသောက်ဆိုင်ပိုင်ရှင် ဖြစ်တဲ့ မဖြူဖြူတင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မဖြူဖြူတင်က အချက်အပြုတ်ဆိုင်ရာ သံတမန်အဖြစ်နဲ့ အမေရိကန်ကို သွားရောက် လည်ပတ်စဉ်
မှာ ကလေးအများစုက လတ်ဆတ်တဲ့ အသီးအရွက် အသုပ်တွေနဲ့ အသီးအနှံတွေအစား
အလွယ်တကူရနိုင်တဲ့ ဘာဂါနဲ့ ကြက်ကြော်တွေကိုပဲ နှစ်ခြိုက်စွာ စားသုံးနေတာကို တွေ့ခဲ့ရတယ်
လို့ ဆိုပါတယ်။

"ကျွန်မတို့ နိုင်ငံမှာတော့ ကလေး တွေက အိမ်ကအမေ ချက်ပြုတ်ပြင်ဆင်ပေးလိုက်တဲ့ လတ်လတ်
ဆတ်ဆတ် အရွက်ကြော်နဲ့ အသားငါးဟင်းတွေကိုပဲ စားနေကြတုန်းပါပဲ။ ဒါပေမဲ့ နောင်အခါမှာ
ဒီအလေ့အထက ပြောင်းလာတော့မှာပါ။ ကျောင်းနားမှာ မက်ဒေါ်နယ်ဆိုင် ဖွင့်လာရင် အဲဒီဆိုင်က
အလွယ်တကူ မှာစားလို့ရတဲ့ အစားအစာတွေကိုပဲ စားကြတော့မယ်"လို့ မဖြူဖြူတင်က ပြောပါ
တယ်။

"ဆွေးနွေးပွဲအပြီးမှာ မြန်မာပြည်က အစားအသောက်ယဉ်ကျေးမှုမှာ ဖြစ်နေတဲ့ ပြဿနာလေးတွေနဲ့
ဒါကိုဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ထွက်ပေါ်လာပါတယ်။ ဥပမာ - ကျန်းမာရေး
နဲ့ ညီညွတ်တဲ့ အသီးအရွက်၊ အသားငါးကိုပဲ မြန်မြန်ဆန်ဆန် ချက်ပြုတ်ပြီး စားသုံးသူတွေဆီ
အမြန်ဆုံးရောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာမျိုး မြန်မာပြည်ရဲ့ နေထိုင်စားသောက်ပုံကို
ကြည့်တဲ့အခါမှာ ထမင်းတွေချည်း စားနေတာမျိုးကို တွေ့ရတယ်၊ အသားတွေနဲ့ ပဲများများစားဖို့လို
နေတာမျိုး စတဲ့ရလဒ်တွေ ဆွေးနွေးပွဲကနေ ထွက်ပေါ်လာပါတယ်"လို့လည်း ပြောပါတယ်။

ကမ္ဘာတစ်ဝန်းက နယ်ပယ်အသီးသီး မှာ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသူများ စုစည်းပါ၀င်ကြတဲ့
Young Global Leaders ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ David Hertz က "အစားအစာကို တန်ဖိုး
ထားခြင်းဟာ အပြောင်းအလဲအတွက် လူတွေကို ဆွဲဆောင်နိုင်သလို ဖန်တီးနိုင်စွမ်းရှိတဲ့ရလဒ်တွေ
ကို ယူဆောင်ပေးပါတယ်"လို့ အီးမေးလ်ကတစ်ဆင့် မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

နှုတ်ဆက်စကားတစ်ခုဖြစ်တဲ့ "ထမင်းစားပြီးပြီလား"လိုမျိုး စကားလုံးမျိုးဟာ မြန်မာလူမျိုးတွေရဲ့
ယဉ်ကျေးမှု အသုံးအနှုန်းတစ်ခုဖြစ်တာကြောင့် မြန်မာ လူမှုနယ်ပယ်မှာ အစားအစာရဲ့ အပြုသဘော
ဆောင်တဲ့ အခန်းကကိုလည်း တိုးမြင့်လာအောင် ကူညီပေးချင်တယ်လို့လည်း Mr Hertz ကပြော
ပါတယ်။

"မြန်မာအစားအစာဟာ ကောင်းမွန်တယ်ဆိုတဲ့ အသိအမြင်ကို ထိန်းသိမ်း ထားဖို့ လိုအပ်ပါတယ်။
ဒီလိုဆိုရင် ကလေးတွေလည်း ကိုယ့်အစားအစာတွေကနေ အာဟာရဓာတ်အပြည့်အဝ ရနိုင်တယ်
ဆိုတဲ့ အသိမျိုးရလာနိုင်ပါတယ်"လို့ သူက ပြောပါတယ်။

Young Global Leaders မှ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့
ကမ္ဘာ့စီးပွားရေးဖိုရမ်မှာလည်း ကျန်းမာရေး နဲ့ညီညွတ်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ ဒေသထွက်
အစားအစာ အပေါ်အလေးထားတဲ့ သူတို့ရဲ့အမြင်ကို လူအများသိရှိအောင် မျှဝေပေးခဲ့ကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး