ရုပ်ရှင်မင်းသားနဲ့ အဆိုတော်တွေ ယှဉ်ပြိုင်ကြမယ့် ဘောလုံးပွဲ

ရုပ်ရှင်မင်းသားနဲ့ အဆိုတော်တွေ ယှဉ်ပြိုင်ကြမယ့် ဘောလုံးပွဲ

နာမည်ကျော် ရုပ်ရှင်နဲ့ ဗီဒီယိုမင်းသားတွေ ပါ၀င်တဲ့ ဘောလုံးအသင်းနဲ့ ဂီတလောကသားအဆိုတော်တွေ ပါ၀င်တဲ့ ဘောလုံးအသင်းတို့ ဩဂုတ်လ ၁၄ ရက်နေ့၊ အောင်ဆန်းအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နာမည်ကျော် ရုပ်ရှင်နဲ့ ဗီဒီယိုမင်းသားတွေ ပါ၀င်တဲ့ ဘောလုံးအသင်းနဲ့ ဂီတလောကသား
အဆိုတော်တွေ ပါ၀င်တဲ့ ဘောလုံးအသင်းတို့ ဩဂုတ်လ ၁၄ ရက်နေ့၊ အောင်ဆန်းအားကစားကွင်း
မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ ချုပ်အတွက် ရန်ပုံငွေရရှိအောင် ကျင်းပတဲ့ပွဲဖြစ်ပြီး ဘောလုံးပွဲမစခင်
ညနေ ၃ နာရီမှာ ဖျော်ဖြေရေး အစီအစဉ်တွေကို ကျင်းပမှာ ဖြစ်ပြီး ဂီတနဲ့ ရုပ်ရှင် အနုပညာရှင်များ
က တင်ဆက်ကြမှာဖြစ်ပါတယ်။

ဘောလုံးပွဲကတော့ ညနေ ၅ နာရီမှာ စတင်ကစားကြမှာ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုအသင်းဘက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်း၊ နေတိုး၊ သူထူးစံ၊
မြင့်မြတ်၊ နေမင်းစတဲ့ အနုပညာရှင်တွေနဲ့ ဂီတဘက်က အသင်းမှာတော့ မျိုးကြီး R ဇာနည်၊
စိုင်းစိုင်းခမ်းလှိုင်၊ ကျော်ထွဋ်ဆွေနဲ့ Snare အဖွဲ့ အစရှိသူတွေ ပါ၀င်ကြမှာပါ။

လက်မှတ်ဈေးနှုန်းကို ရိုးရိုးတန်း ကျပ် ၁,၀၀၀ နဲ့ အထူးတန်း ကျပ် ၂,၀၀၀ သတ်မှတ်ထားပြီး
စီးတီးမတ်ဆိုင်တွေမှာ ကြိုတင် ၀ယ်ယူနိုင်သလို ပွဲမစခင်အထိ အောင်ဆန်းအားကစားကွင်းမှာ
လည်း ၀ယ်ယူနိုင်ကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး