'ရာမ၊ သီတာနဲ့ ဒသ' ဂန္ထဝင်အချစ်ဇာတ်လမ်းကို ခေတ်ပုံစံနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေ

'ရာမ၊ သီတာနဲ့ ဒသ' ဂန္ထဝင်အချစ်ဇာတ်လမ်းကို ခေတ်ပုံစံနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေ

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ရာဇဝင်ဇာတ်ကောင်တွေ ဖြစ်တဲ့ ရာမ၊ သီတာနဲ့ ဒသဂီရိ တို့ရဲ့  ဂန္ထဝင် အချစ်ဇာတ်လမ်းကို ခေတ်အလိုက် ပြန်လည်ဆန်းသစ်ထားတဲ့ 'ဂန္တဝင်အလှ မြန်မာရာမ' ဇာတ်လမ်းတွဲကို မေလကုန်ပိုင်းလောက်မှ စတင်ပြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ရာဇဝင်ဇာတ်ကောင်တွေ ဖြစ်တဲ့ ရာမ၊ သီတာနဲ့ ဒသဂီရိ တို့ရဲ့
ဂန္ထဝင် အချစ်ဇာတ်လမ်းကို ခေတ်အလိုက် ပြန်လည်ဆန်းသစ်ထားတဲ့ 'ဂန္တဝင်အလှ မြန်မာရာမ'
ဇာတ်လမ်းတွဲကို မေလကုန်ပိုင်းလောက်မှ စတင်ပြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။

အရှေ့တောင် အာရှနိုင်ငံတွေမှာ လူသိများကျော်ကြားတဲ့ ဒီအချစ်ဇာတ်လမ်းဟာ မြန်မာနိုင်ငံမှာ
လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အစဉ်အဆက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

အပိုင်း ၈ ပိုင်းစာ ဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်းရေးသားသူကတော့ 'လင်္ကာဒီပချစ်သူ' ၀တ္ထုနဲ့
ဒသဂီရိဘီလူး ဇာတ်ကောင်ကို ပရိသတ်ရင်ထဲရောက်အောင် ပို့ပေးနိုင်ခဲ့တဲ့ စာရေးဆရာ ချစ်ဦးညို
ပဲ ဖြစ်ပါတယ်။

"ဒီဇာတ်လမ်း (ရာမ၊ သီတာ၊ ဒသ) က မြန်မာပရိသတ်နဲ့ ရင်းနှီးပြီးသား ဖြစ်ပေမယ့် စာပေကနေ
တစ်ဆင့် စင်တင်အနုပညာအဖြစ် ပြန်လည် ကြိုးစားတင်ဆက်မှာပါ"လို့ ဆရာ ချစ်ဦးညိုက
ပြောပါတယ်။

'လင်္ကာဒီပချစ်သူ' ၀တ္ထုထဲမှာ ဒသဇာတ်ကောင်ကို အသားပေး ရေးသားထားပေမယ့် ဒီဇာတ်ကား
ထဲမှာတော့ အစဉ်အလာကြီးမားတဲ့ ရာမရဲ့ အခန်းကဏ္ဍကိုလည်း ပျောက်ကွယ်မှာ စိုးရိမ်တာ
ကြောင့် ဘက်မျှအောင် တင်ဆက်ပေးထားပါတယ်လို့လည်း ဆရာက ပြောပါတယ်။

ဒါကြောင့် ရာမဇာတ်ကောင် အကြောင်းကို စာတန်းပြုစုနေတဲ့ ဂုဏ်ထူးတန်းကျောင်းသူလေး
သီတာ (ပိုင်ဖြိုးသူ)နဲ့ သူမအပေါ် မေတ္တာတွေ ဖိတ်လျှံကျနေကြတဲ့ သူငယ်ချင်းဖြစ်သူ ရာမ
(မင်းဟိန်းခန့်)နဲ့ ကိုရီးယားနိုင်ငံကနေ မြန်မာ့အနုပညာကို လာရောက်လေ့လာသူ ဒသ
(ရဲသီဟကို)တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းအဖြစ် ဖန်တီးထားပါတယ်။

ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ဇော်ဇော်က ဒီဇာတ်လမ်းတွဲဟာ မျိုးဆက်သစ် လူငယ်တွေ
အတွက် အဓိက ရည်ရွယ်တယ်လို့ ပြောပါတယ်။

"ငယ်ငယ်က အရမ်းကြိုက်ခဲ့ပြီး အနုပညာတန်ဖိုး အလွန်ကြီးခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်တဲ့အတွက်
ခုခေတ်လူငယ်တွေကို သိစေချင် တာကြောင့် ဒီဇာတ်လမ်းတွဲကို ရိုက်ဖြစ်တာပါ။ သမိုင်း
အချက်အလက်တွေကို အဓိက ထည့်သွင်းထားပြီး အနည်းငယ် ပြန်လည် ဆန်းသစ်ထားတာကို
တော့ နားလည်ပေးစေချင်ပါတယ်"လို့ ပြောပါတယ်။

လက်ရှိမှာ ဇာတ်လမ်းတွဲရဲ့ လေးပုံတစ်ပုံခန့် ရိုက်ကူးပြီးစီးနေပြီလို့ သိရပြီး ဇာတ်ကြောင်း ပြန်ပြော
ပြတဲ့ အခန်းတွေအတွက် ဇာတ်ကောင်နေရာတွေမှာ ကပြနိုင်တဲ့ အကပညာရှင်တွေ မရှိတော့တဲ့
အခက်အခဲကို ကြံုတွေ့ရတယ်လို့ ဆရာ ချစ်ဦးညိုက ပြောပါတယ်။

"ဆိုကရေးတီး ပြိုင်ပွဲရဲ့ 'ရာမာ ရဏ' ဇာတ်တော်မှာ နှစ်နှစ်ဆက်တိုက် ရာမဇာတ်ကောင်နဲ့
ရွှေတံဆိပ် ရခဲ့ဖူးတဲ့ ရာမ ဦးအုန်းမောင်တို့၊ ရာမဦးစိန်ဝင်း တို့က ဆုံးပါးသွားပြီဆိုတော့ တချို့
ဇာတ်ဝင်ခန်းတွေအတွက် အခက်အခဲဖြစ်တယ်။ ဒါပေမဲ့လည်း ဒသဂီရိ ဦးရွှေကြည်တို့
သီတာဒေဝီနဲ့ နာမည်ကြီးတဲ့ အကပညာရှင်တွေကိုတော့ ဇာတ်ကားထဲမှာ ပါ၀င်လို့ရပါသေးတယ်"
လို့ ဆရာ ချစ်ဦးညိုက ပြောပါတယ်။

သီတာအဖြစ် ပါ၀င်သရုပ်ဆောင်မယ့် မင်းသမီး ပိုင်ဖြိုးသုက ဇာတ်ကားကို ဒီနေ့ခေတ်ပုံစံ ရိုက်ကူး
သွားမှာ ဖြစ်ပေမယ့် မူရင်းဇာတ်လမ်းနဲ့ ပတ်သတ်တဲ့ သမိုင်းစာအုပ်တွေကို လေ့လာနေရတယ်လို့
ဆိုပါတယ်။

"အဓိက သိခဲ့တာက ဆရာချစ်ဦးညိုရဲ့ 'လင်္ကာဒီပချစ်သူ' စာအုပ်ထဲက ဇာတ်ကောင် ဒသဂီရိ
ဆိုတော့ တခြား ရာမတို့ မယ်သီတာတို့ ဇာတ်ကောင် တွေအကြောင်း သိပ်မသိခဲ့ဘူး။ ဒါရိုက်တာ
နဲ့ ဆရာတွေကတော့ ဇာတ်ကား မရိုက်ခင်ကတည်းက သက်ဆိုင်တဲ့ သမိုင်းစာအုပ်တွေ ပေးဖတ်
ထားပါတယ်။ ရုပ်မြင်သံကြားကနေတစ်ဆင့် ထုတ်လွှင့်မှာဆိုတော့ ပရိသတ်အကြိုက်ဖြစ်ဖို့ အရမ်း
ကြိုးစားထားပါတယ်"လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ကိုရီးယား လူမျိုးအဖြစ် သရုပ်ဆောင် ရဲသီဟကိုက သရုပ်ဆောင်ပြီး ကိုရီးယားစကားကို
ကိုယ်တိုင်ပြောမှာ မဟုတ်ပဲ ကိုရီးယားအစစ် တစ်ယောက်ရဲ့ နောက်ခံစကားသံ အပေါ်မှာ
သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

"စိတ်တော့ လှုပ်ရှားနေတယ်။ ကိုရီးယားစကားကို အစက မလေ့လာထားဘူး။ ဒါပေမဲ့ အခု
ဒိုင်ယာလော့ခ်တွေတော့ ရအောင် ကျက်နေပါတယ်။ တစ်ကားလုံးမှာ မြန်မာစကား တစ်လုံး၊
နှစ်လုံးလောက်ပဲပါပြီး အဲဒီစကားတွေကလည်း ကိုရီးယားတစ်ယောက်က ကြိုးစားပြီး ပြောနေတဲ့
ဟန်ဆိုတော့ ကိုယ်တိုင်လည်း ကြိုးစားနေရပါတယ်"လို့ ရဲသီဟကိုက ပြောပါတယ်။

'ဂန္တဝင်အလှ မြန်မာရာမ' ဇာတ်လမ်းတွဲကို ဩဂုတ်လအတွင်း အပြီးသတ်ရိုက်ကူးသွားမှာဖြစ်ပြီး
၂၀၁၃ နှစ် မကုန်ခင် ပြည်တွင်း ရုပ်သံလိုင်း တစ်ခုကနေ ထုတ်လွှင့်ပြသဖို့ စီစဉ်နေတယ်လို့
သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး