ရန်ကုန်မြို့ရဲ့ ဂုဏ်ဆောင်တစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေး (စကော့ဈေး) မျက်နှာစာတည့်တည့်မှာ တပ်ဆင်ထားတဲ့ ရှေးဟောင်း နာရီကြီးဟာ အချိန်တော်တော်ကြာ စက်ရပ်နေခဲ့သလို လူအများကလည်း သူ့ကို လျစ်လျူရူထားခဲ့ကြပါတယ်။
ရန်ကုန်မြို့ရဲ့ ဂုဏ်ဆောင်တစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေး (စကော့ဈေး) မျက်နှာစာတည့်
တည့်မှာ တပ်ဆင်ထားတဲ့ ရှေးဟောင်း နာရီကြီးဟာ အချိန်တော်တော်ကြာ စက်ရပ်နေခဲ့သလို
လူအများကလည်း သူ့ကို လျစ်လျူရူထားခဲ့ကြပါတယ်။
ဒါကြောင့် "အဲဒီနာရီကြီး ဘယ်အချိန်ကတည်းက စက်ရပ်နေတာလဲ"လို့ တစ်စုံတစ်ယောက်က
မေးခွန်းထုတ်မယ့် ဆိုရင်တောင် ဖြေနိုင်မယ့်သူလည်း တော်တော်လေး ရှားပါးပါလိမ့်မယ်။ ခုတော့
မြို့တော် စည်ပင်သာယာရေး အဖွဲ့ကနေ ကာလအတန်ကြာ အိပ်မောကျနေတဲ့ နာရီကြီးကို
ပြန်လည် ပြင်ဆင်ပေးခဲ့တာကြောင့် သက်တမ်း ၈၇ ခုနှစ်ရှိပြီ ဖြစ်တဲ့ နာရီလက်တံတွေဟာ ဇွန်လ
၅ ရက်နေ့က စတင်ခါ ပြန်လည်ပြီး လည်ပတ်နေပါပြီ။
"ဇွန်လ ၅ရက်နေ့က စပြီးတော့ ပုံမှန် လည်နေပေမယ့် စက္ကန့်အနည်းငယ် နောက်ကျနေလို့ အချိန်
တိကျရအောင် နှစ်ပတ်ခန့် ပြင်ဆင်ရပါတယ်။ အခုတော့ အချိန်အတိအကျ ဖြစ်သွားပါပြီ"လို့
ဗိုလ်ချုပ်ဈေးမှာ တာဝန်ကျတဲ့ ဈေးတာဝန်ခံ (ရန်ကုန်မြို့တော်စည်ပင်) က မြန်မာတိုင်းမ်ကို
ပြောပါတယ်။
တစ်ချိန်က စကော့ဈေး လို့ အမည်တွင်ခဲ့ပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဈေးလို့ အမည်ပေး
ခဲ့တဲ့ ဈေးအဆောက်အအုံကြီးကို ၁၉၂၆ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး နာရီကြီးကိုလည်း
အဲဒီကတည်းက ထည့်သွင်းတပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။
အချိန်မှန် လည်ပတ်နေပြီဖြစ်တဲ့ နာရီကြီးဟာ တစ်နာရီတစ်ကြိမ် အသံပေးပေမယ့် ဈေးသူဈေးသား
များကတော့ ဈေးနဲ့ကပ်လျက် တည်ရှိတဲ့ Holy Trinity ခရစ်ယာန် ဘုရားကျောင်းက
ခေါင်းလောင်သံကိုသာ သတိထားမိပြီး အချိန်တွက်ချက်လေ့ ရှိတယ်လို့ သိရပါတယ်။
"ဗိုလ်ချုပ်လမ်းမပေါ်က သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါး ဘုရားရှိခိုးကျောင်းကြီးက နေ့လည် ၁၂ နာရီ
တစ်ကြိမ်နဲ့ ၄ နာရီ တစ်ကြိမ် နှစ်ကြိမ် ခေါင်းလောင်းထိုးပါတယ်။ ခေါင်းလောင်းသံက ဒီအထိကြား
ရပါတယ်။ အချိန်သိဖို့ဆို အဲဒီခေါင်းလောင်းကိုပဲ အမှီပြုနေတာ ကာလ အတော်ကြာပါပြီ"လို့
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းမှာ ဖွင့်လှစ်ထားတဲ့ King Peacock ပန်းချီကား အရောင်းဆိုင်မှ
၀န်ထမ်းတစ်ဦးဖြစ်တဲ့ မတင်မိုးက ပြောပါတယ်။
"နာရီ ပြင်လိုက်တယ်ဆိုတာ လူတော်တော်များများ သတိမထားမိကြဘူး။ အသံလည်း
ကောင်းကောင်း မကြားရလို့ ဖြစ်ပါလိမ့်မယ်။ အရင်ကတော့ ဗိုလ်ချုပ်ဈေး နာရီက ခေါင်းလောင်းက
အသံကျယ်ကျယ် မြည်တော့ အချိန်သိနေရတယ်။ အခုနောက်ပိုင်းမှာတော့ လက်ပတ်နာရီ၊
ဖုန်းတွေ ရှိနေတော့ နာရီကြီးက အသံကို ဘယ်သူကမှ အရေးတယူ နားထောင်မနေတော့ဘူး။
နိုင်ငံခြားသားတွေက စိတ်ဝင်စားလို့ ကြည့်ရင်တော့ နာရီက အချိန်မှန်နေသင့်တာပေါ့"လို့လည်း
သူကဆက်ပြောပါတယ်။
King Peacock ပန်းချီကား အရောင်းဆိုင် ပိုင်ရှင်ဖြစ်သူ ဦးတင်ရွှေကတော့ ဈေးနာရီကြီး
ဘယ်အချိန်ကစပြီး ရပ်ခဲ့သလဲဆိုတာကို အချိန်အတိအကျ မမှတ်မိကြပေမယ့် နှစ်အတော်ကြာပြီ
လို့တော့ ခန့်မှန်းတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ အဖေလက်ထပ်ကတည်းက ဗိုလ်ချုပ်ဈေးမှာ ဆိုင်ခန်းစဖွင့်ခဲ့တာ ဒီနာရီကြီးက
အသံက တော်တော်ကျယ်တယ်။ အခု နာရီသံမကြားရတာ ငါးနှစ်၊ ခြောက်နှစ်ခန့်တော့ ရှိပြီ"လို့
သူက ပြောပါတယ်။
"ဈေးတစ်ခုလုံးကို ခြံုပြီးကြည့်လိုက်ရင် ဈေးအလယ်မှာ နာရီကြီးဆိုတော့ တော်တော်တော့
ခန့်ညားတယ်။ ကိုလိုနီခေတ် အဆောက်အအုံ တော်တော်များများမှာ နာရီတွေ ပါပါတယ်။
ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှာ ရှိတဲ့ High Court ရုံးကြီးမှာလည်း နာရီစင်ကြီး
ရှိပါတယ်။ နာရီက အခုထက်ထိ အချိန်မှန်လည်ပတ်နေပေမယ့် အသံတော့ မကြားရတော့ပါဘူး
(ဘယ်နာရီကို ပြောချင်တာလဲ)"လို့လည်း ဦးတင်ရွှေက ပြောပါတယ်။
ဈေးထဲမှာ ရွှေဆိုင်ဖွင့်လှစ်ထားပြီး ဈေးသာယာရေးအဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးထွန်းဦးက ပြည်တွင်းထုတ်
ဂျာနယ်တစ်စောင်မှာ ဗိုလ်ချုပ်ဈေးက နာရီကြီးရပ်နေတဲ့ အကြောင်း သတင်းပါပြီးတဲ့ နောက်ပိုင်းမှာ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့က နာရီကြီးကို ခုလို ပြုပြင်ခဲ့တာပါလို့ ပြောပြပါတယ်။
"ဂျာနယ်တစ်စောင်မှာ ဗိုလ်ချုပ်ဈေးက နာရီက အမြဲတမ်း ၆နာရီမှာ ရပ်တန့်နေတာလို့ ပါလာပြီး
နောက်ပိုင်းမှာ နာရီပြင်ဆင်တာတွေ စလုပ်တာကိုတွေ့ရပါတယ်။ အဲဒီနောက်ပိုင်း နာရီ ပုံမှန်
ပြန်လည်ပတ်လာပါတယ်"လို့ သူကပြောပါတယ်။
နာရီကြီးရဲ့ အပြင်ပိုင်းအခွံတွေက ခုချိန်ထိ မူလလက်ဟောင်း ဖြစ်ပေမယ့် အတွင်းထဲက စက်တွေ
ကတော့ အသစ်တွေ လဲတပ်ထားတာ ဖြစ်တယ်လို့လည်း ဦးထွန်းဦးက ပြောပြပါတယ်။
"ကျွန်တော် မှတ်မိသလောက်တော့ မူလ နာရီကြီးက ပျက်သွားတာ တော်တော်ကြာပါပြီ။
ကျွမ်းကျင်တဲ့ လူတွေခေါ်ပြီး မူလနာရီကို စက်အသစ်တွေနဲ့ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ အခုနာရီ
က မူလမဟုတ်တော့ပါဘူး။ ခေါင်းလောင်းကြီးလည်း မပါတော့ဘူး။ မူလနာရီက ခေါင်းလောင်းသံ
က တော်တော်ကျယ်တယ်။ အခုပြင်တဲ့ နာရီက အသံထည့်ထားပေမယ့် တော်တော်တိုးပါတယ်။
မကြားရသလောက်ပါပဲ"လို့ ပြောပါတယ်။
အိုမင်းပြီဖြစ်တဲ့ နာရီကြီးက ဟိုးယခင်ကတည်းက မကြာခဏ ပျက်ဖူးပြီး ပြင်ဆင်မှုတွေလုပ်ပြီး
နောက်ပိုင်းမှာ ပြန်ကောင်းလာပေမယ့် နောက်ဆုံးပျက်ခဲ့တဲ့ အချိန်ကိုတော့ တိတိကျကျ မသိဘူး
လို့လည်း ဆိုပါတယ်။
"နာရီအဟောင်းက ဈေးအဆောက်အဦးရဲ့ အလယ်အမြင့်ကြီးမှာ ထားတာဆိုတော့ ဒီနာရီကို
ဘယ်သူကမှ တစ်ကူးတက မော့မကြည် ့ကြတာတော့ အမှန်ပါ။ ဈေးဝင်ပေါက်မှာ နာရီတစ်လုံး၊
အထွက်မှာ တစ်လုံးထားတဲ့ အတွက်ကြောင့် ဈေးသူဈေးသားတွေက အဲဒီနာရီတွေကိုပဲ အာရုံရှိ
ကြပါတယ်" လို့ဦးထွန်းဦးက ပြောပါတယ်။
"ဒါပေမဲ့ ဒီနာရီက ဈေးရဲ့ ပြယုဒ်လည်းဖြစ်တယ်။ အင်္ဂလိပ်ခေတ် ဈေးကြီး စဆောက်ကတည်းက
ပါခဲ့တဲ့ နာရီဆိုတော့ ရသလောက်တော့ ပြင်ကြပါတယ်။ ကာလကလည်း ကြာပြီဆိုတော့
ယိုယွင်းတာတွေ များလာပြီ။ ဒါကိုပဲ ပြုပြင်ထိန်းသိမ်းပြီး သွားနေရတာပါ"လို့လည်း ပြောပါတယ်။
















