ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင် ကင်မ်ကာဒက်ရှီယန်ဟာ ချစ်သူ ရက်ပ်ပါ ကိန်းဝက်စ်အတွက် သူ့တို့ရဲ့ ပထမဦးဆုံး ရင်သွေးဖြစ်တဲ့ သမီးလေးကို ဇွန်လ ၁၅ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင် ကင်မ်ကာဒက်ရှီယန်ဟာ ချစ်သူ ရက်ပ်ပါ ကိန်းဝက်စ်
အတွက် သူ့တို့ရဲ့ ပထမဦးဆုံး ရင်သွေးဖြစ်တဲ့ သမီးလေးကို ဇွန်လ ၁၅ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်
လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အသက် ၃၂နှစ် ရှိပြီဖြစ်တဲ့ ကာဒက်ရှီယန်ဟာ မွေးရက်မတိုင်ခင် ငါးပတ်အလိုမှာ Beverly Hills က
Cedars-Sinai medical center ကို တက်ရောက်ခဲ့ပြီး သမီးဦးလေးကို ဖွားမြင်ခဲ့တာလို့ ဖျော်ဖြေ
ရေးလုပ်ငန်းဆိုင်ရာ သတင်းဝက်ဆိုက်တစ်ခုဖြစ်တဲ့ tmz.com မှာ ဖော်ပြထားပါတယ်။
ကိန်းဝက်စ်ဟာ ကလေးမျက်နှာ မြင်ချိန်မှာ ကင်မ်နဲ့အတူရှိနေခဲ့ပြီး ကင်မ်က နေမကောင်းဘူးလို့
ညည်းတွားနေတဲ့အတွက် သောကြာနေ့ ညနေပိုင်း (၁၄ ရက်နေ့) မှာ ကျင်းပမယ့် သူ့ရဲ့
အယ်လ်ဘမ်သစ် အရောင်းမြှှင့်တင်ရေးပွဲကိုတောင် ဖျက်သိမ်းခဲ့တယ်လို့ ၀က်ဆိုက်သတင်းမှာ
ဖော်ပြထားပါတယ်။
US Magazine ကလည်း ကင်မ်ရော သမီးလေးပါ ကျန်းကျန်းမာမာရှိတယ်လို့ ဆေးရုံမှ တာဝန်ရှိသူ
တစ်ဦး ပြောဆိုတာကို ကိုးကားဖော်ပြထားပါတယ်။
"ကင်မ် သမီးလေး မွေးပါတယ်။ မွေးရက် ခန့်မှန်းရက်ထက် ငါးပတ်စောပြီး မွေးလိုက်တာပါ။
မနေ့ညက ဗိုက်နာလို့ ဆေးရုံတက်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာ မွေးခဲ့တာပါ" လို့ ဆေးရုံတာဝန်ရှိသူက
ပြောထားတာကို ဖော်ပြပေးထားပါတယ်။
ကင်မ်ဟာ ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ သူမရဲ့မင်္ဂလာသတင်းကို ကိန်းဝက်စ်နဲ့ ချစ်သူတွေ ဖြစ်ပြီး
တဲ့နောက်ပိုင်း ပြီးခဲ့တဲ့ နှစ်သစ်ကူး မတိုင်ခင် ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ သူတို့ရဲ့ ပရိသတ်တွေကို
အသိပေးခဲ့ပါတယ်။
ခုတော့ ကိန်းဝက်စ် တစ်ယောက် ဖခင်များနေ့အတွက် အချိန်မီကလေးဆိုသလို ဖေဖေ ဖြစ်သွား
ပါပြီ။
သူတို့နှစ်ယောက်ဟာ ၂၀၁၂ ခုနှစ် ဧပြီလမှာ စတင်တွဲဖြစ်ခဲ့ကြပြီး ကလေးဖွားမြင်လိုက်တဲ့
သတင်းနဲ့ ပတ်သက်ပြီးတော့ နှစ်ယောက်စလုံးဟာ ပရိသတ်တွေကို တရားဝင်အသိပေး ကြေငြာ
တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
(အေအက်ဖ်ပီ နှင့် အီးအွန်လိုင်း)
















