တော်ဝင်မေမေရဲ့ ရင်သွေးလေးအခန်းကို လူအများ စိတ်ဝင်စားနေကြ

တော်ဝင်မေမေရဲ့ ရင်သွေးလေးအခန်းကို လူအများ စိတ်ဝင်စားနေကြ

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်မှာ မကြာခင် ကလေးအဖေ ဖြစ်လာတော့မယ့် တော်ဝင်မင်းသား ၀ီလျံက သူ့ ညီတော် ဟယ်ရီနဲ့အတူ မင်္ဂလာဆောင်တစ်ခုကို တက်ရောက် ချီးမြှင့်နေချိန်မှာ သူ့ရဲ့ကိုယ်ဝန်ဆောင် ဇနီးသည်ကတော့ ဗြိတိန်နန်းဆက်အဖြစ် မကြာခင် လူ့ လောကထဲ ရောက်ရှိလာတော့မယ့် ကလေးငယ်လေးအတွက် လိုအပ်တာတွေကို ...

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်မှာ မကြာခင် ကလေးအဖေ ဖြစ်လာတော့မယ့် တော်ဝင်မင်းသား
၀ီလျံက သူ့ ညီတော် ဟယ်ရီနဲ့အတူ မင်္ဂလာဆောင် တစ်ခုကို တက်ရောက် ချီးမြှင့်နေချိန်မှာ သူ့ရဲ့
ကိုယ်ဝန်ဆောင် ဇနီးသည်ကတော့ ဗြိတိန်နန်းဆက်အဖြစ် မကြာခင် လူ့ လောကထဲ ရောက်ရှိလာ
တော့မယ့် ကလေးငယ်လေးအတွက် လိုအပ်တာတွေကို ပြင်ဆင်နေပါတယ်။

အသက် ၃၁ နှစ်အရွယ် ကိန်းဘရစ်ချ် မြို့စားကတော် ကိတ်မစ်ဒယ်တန်ဟာ ဇူလိုင်လလယ်
လောက်မှာ ကလေးမျက် နှာမြင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဖက်ရှင်ကျတဲ့ မြို့စားကတော်ကို ပြီးခဲ့တဲ့အပတ်မှာ ကိုယ်ဝန်အရင့်အမာနဲ့ တွေ့ခဲ့ကြရပါတယ်။

သူ့ကလေး မျက်နှာမြင်မယ့်အချိန်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသလို
ကလေးအတွက် အခန်းကို ဘယ်လိုများ ပြင်ဆင်ထားလေမလဲဆိုပြီး အသည်းအသန် စိတ်ဝင်စား
နေသူတွေလည်း အများအပြား ရှိပါတယ်။

အေဘီစီနယူးစ် သတင်းဌာနက တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေးသားနေကျ
သတင်းထောက် ဗစ်တိုးရီးယားမာဖီက ကလေးအခန်း အပြင်အဆင်ဟာ မြို့စားကတော်
အဝတ်အစားဆင်ယင်ပုံနဲ့ တော်တော်တူပါတယ်လို့ သူ့ရဲ့ အမြင်ကို ဖောက်သည်ချထားပါတယ်။

"ဂန္ထဝင်ဆန်တဲ့ ပစ္စည်းမျိုးတွေ၊ အရမ်းကို ရိုးရှင်းတဲ့ ပစ္စည်းမျိုးတွေနဲ့ ဖက်ရှင်ကျတဲ့ ပစ္စည်းမျိုးတွေကို
သူ အကြိုက်တွေ့နေပါတယ်"လို့ မာဖီက ပြောပါတယ်။

မြို့စားကတော်ဟာ သက်တမ်းနှစ် ၃၀၀ ရှိပြီဖြစ်တဲ့ ကင်န်ဆင်တန်နန်းတော်က အသစ်စက်စက်
ပြန်ပြင်ဆင်ထားတဲ့ အိမ်ခန်းမှာနဲ့ မီးဖွားပြီးရင် ခဏတာအတူနေမယ့် သူ့မိဘတွေရှိရာ Bucklebury
ပြည်နယ်က နေအိမ်မှာပါ ကလေးအခန်းကို နှစ်နေရာစာ ပြင်ဆင် နေတယ်လို့ ပြောနေကြပါတယ်။

ကလေးအခန်းမှာ ထားမယ့် ပစ္စည်းတွေထဲမှာ ကလေးအိပ်ခြင်းတောင်းလည်း ပါ၀င်မှာပါ။

ဒီလိုပြောနိုင်တာကတော့ လက်လီဈေးတစ်ခု ဒေါ်လာ ၄၅၀ ပေးရတဲ့ ကလေးအိပ်ခြင်းတောင်းကို
မြို့စားကတော်နဲ့ သူ့အမေတို့ ကားပေါ်တင်လာတာကို မကြာသေးခင်က တွေ့ကြရတာကြောင့်ပဲ
ဖြစ်ပါတယ်။

မိခင်လောင်း မြို့စားကတော်ဟာ ခေါင်းအုံးတွေ၊ စောင်တွေ၊ ခန်းဆီးတွေရောင်းတဲ့ ဆိုင်ကြီး
တစ်ဆိုင်မှာ ဈေးဝယ်နေတာကိုလည်း တွေ့ခဲ့ကြပါတယ်။

ကလေးပစ္စည်း အကောင်းစားတချို့ ၀ယ်ခဲ့တာ တွေ့ရတဲ့အတွက် ကလေးအတွက် ဈေးကြီးလွန်းတဲ့
လက်ဝတ်ရတနာတွေတော့ ၀ယ်လိမ့်မယ်တော့ မထင်ပါနဲ့လို့ တော်ဝင်မိသားစုကို စောင့်ကြည့်တဲ့
သူတွေက ပရိသတ်တွေကို ပြောလိုက်ပါတယ်။

"သူက ဈေးလည်း ဆစ်တတ်ပါတယ်။ ဈေးထဲမှာ ရှေးဟောင်းပစ္စည်းတွေကို ဈေးဆစ်နေတာ ကျွန်မ
တို့ တွေ့ဖူးပါတယ်။ ဆိုင်ခွဲလေးတွေမှာ လိုက်ကြည့်ပြီးတော့လည်း ၀ယ်တတ်တာ တွေ့ဖူးပါတယ်"
လို့ မာဖီက ပြောပါတယ်။

ဒါပေမဲ့ မြို့စားကတော်ဟာ ဈေးကြီးလွန်းတဲ့ ခေတ်ပေါ်ပစ္စည်းတစ်ခုကိုတော့ ၀ယ်ခဲ့ပါတယ်။ အဲဒါ
ကတော့ Bugaboo တံဆိပ် အစင်းလေးတွေပါတဲ့ အပြာရောင် ကလေးလက်တွန်း လှည်းကလေး
ပါ။

အဲဒီလှည်းကလေးဟာ ယောကျ်ားလေးနဲ့ရော၊ မိန်းကလေးနဲ့ပါ လိုက်ဖက်တဲ့ ဒီဇိုင်းလေး
ဖြစ်တဲ့အတွက် သားလေးလား၊ သမီးလေးလားဆိုတာ ကြိုသိဖို့ မကြိုးစားတဲ့ သူတို့အတွက်
အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ကိတ်ဝယ်သွားတဲ့ ကလေး လက်တွန်းလှည်းလေးဟာ ဒေါ်လာ ၁,၈၀၀ လောက် ပေးရမယ်လို့
ထင်ကြေး ပေးနေကြပါတယ်။

နာမည်ကျော်ပုဂ္ဂိုလ်တွေ သွားနေကျ ကလေးပစ္စည်းဆိုင်ဖြစ်တဲ့ Giggle ရဲ့ မန်နေဂျာကလည်း
'ကိတ်လက်တွန်းလှည်း' လို့ သူတို့ အခုနာမည်ပေးထားတဲ့ လက်တွန်းလှည်းတွေကို အလျင်အမြန်
ရောင်းကုန်လိမ့်မယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

"ကိတ်ရွေးလိုက်တဲ့ အရောင်၊ ကလေးအခန်းအတွက် သူရွေးလိုက်တဲ့ ပစ္စည်းအားလုံးဟာ
ဈေးကွက်ထဲမှာ ရေပန်းစားသွားမှာပါ" လို့လည်း Giggle မှ အရောင်းအဖွဲ့ခေါင်းဆောင် ဂျက်ကီကား
လတ်စ်က ပြောပါတယ်။

မာဖီဟာ မိခင်တချို့နဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပြီး အမျိုးသမီးတစ်ဦးက "ကိတ်ရဲ့ အကြိုက်က
ဆန်းပြားပါတယ်။ ကိုယ်ဝန်ဆောင်တစ်လျှောက် သူဝတ်စားပုံက အရမ်းကောင်းပါတယ်"လို့
ပြောပါတယ်။

နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း "သူဘာဝယ်မလဲဆိုတာကို လူတိုင်းက သိချင်နေကြမှာပဲ
လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မလည်း သိချင်ပါတယ်"လို့ ဖြေကြားပေးခဲ့ပါတယ်။

(အေဘီစီ နယူး)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး