ကလေးငယ်တစ်ဦးရဲ့ ဘဝအကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ တင်ဆက်ထားတဲ့ ရုပ်ပြစာအုပ်ဟာ လူအများအပြားရဲ့ ဘဝတွေကို ဖျက်ဆီးခဲ့တဲ့ ဆိုးရွားလှတဲ့ သဘာဝဘေးဒဏ်အဖြစ်ဆိုးကြီးကို ကလေးငယ်တွေ သိရှိပြီး သင်ခန်းစာ ယူနိုင်အောင်နဲ့ အင်္ဂလိပ်ဘာသာကို လေ့လာနိုင်အောင် ကူညီပေးနေပါတယ်။
ကလေးငယ်တစ်ဦးရဲ့ ဘဝအကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ တင်ဆက်ထားတဲ့ ရုပ်ပြစာအုပ်ဟာ
လူအများအပြားရဲ့ ဘဝတွေကို ဖျက်ဆီးခဲ့တဲ့ ဆိုးရွားလှတဲ့ သဘာဝဘေးဒဏ် အဖြစ်ဆိုးကြီးကို
ကလေးငယ်တွေ သိရှိပြီး သင်ခန်းစာ ယူနိုင်အောင်နဲ့ အင်္ဂလိပ်ဘာသာကို လေ့လာနိုင်အောင်
ကူညီပေးနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မေလမှာ ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းဒဏ်ကို ရင်ဆိုင်ကျော်
လွှားခဲ့သူ ကလေးငယ်တစ်ဦးရဲ့ အဖြစ်အပျက်နဲ့ ခံစားချက်ကို ရေးဖွဲ့ထားတဲ့ 'မင်းမင်းနှင့်မုန်တိုင်း'
ကာတွန်းစာအုပ်ကို အဲဒီနှစ်ထဲမှာ ကလေးငယ်တွေ ဖတ်ရှုနိုင်အောင် မြန်မာဘာသာစကားနဲ့
ထုတ်ဝေခဲ့ပါတယ်။
မုန်တိုင်းအပြီးမှာ ရှေးဦးကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေးနည်းပြနဲ့ ကလေးသူငယ် စာပေရေးသားသူ
နော်ကေဆိုင်းရော်ဟာ ရင်သွေးငယ် ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်တွေနဲ့အတူ မုန်တိုင်းဒဏ်ခံရတဲ့
ဧရာဝတီတိုင်း ဒေသကြီးဘက်ကို သွားရောက်ခဲ့ပါတယ်။
အဲဒီဒေသမှာ မုန်တိုင်းကြားကနေ လွတ်မြောက်ခဲ့သူတွေထဲမှ ကလေးငယ်တွေကို တွေ့ဆုံခဲ့ပြီး
ဘေးဆိုးကြီးဟာ သူတို့မိသားစုတွေကို သေကွဲကွဲ ကွာစေပြီး ချစ်ခင်တဲ့သူတွေ ဆုံးရှုံးခဲ့ရတဲ့ အဖြစ်
ဆိုးတွေကို ကြားသိခဲ့ရပါတယ်။
"အဆိုးရွားဆုံး မုန်တိုင်းဒဏ်ကို ရင်ဆိုင်ရတဲ့ ကလေးသူငယ်တွေကိုတွေ့တော့ စိတ်ထိခိုက်ပါတယ်။
အဲဒီအကြောင်းကို အိမ်ပြန်ရောက်ရောက်ချင်း ချရေးနေတုန်းမှာလည်း ငိုခဲ့ရပါတယ်"လို့
နော်ကေဆိုင်းရော်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
သူ့ရဲ့ ရုပ်ပြစာအုပ်ကို Pat Mc Mramyong ကနေ "Min Min and The Storm" အဖြစ် အင်္ဂလိပ်
ဘာသာသို့ ပြန်ဆိုခဲ့ပြီး ကလေးစာပေရေးသားပြုစုသူ Lolla Stewart မှ တည်းဖြတ်ပေးခဲ့ပါတယ်။
အင်္ဂလိပ်ဘာသာပြန်ဆိုထားတဲ့ ကာတွန်းစာအုပ်ကို ဒီနှစ် ဖေဖော်ဝါရီထဲမှာ ပထမအကြိမ် ထုတ်ဝေ
ခဲ့ပြီး အစိုးရကျောင်း၊ ပုဂ္ဂလိက ကျောင်းများနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ
ပညာရေး သင်ညွှန်းတမ်းတစ်ခုအဖြစ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ကလေးငယ်တွေ စိတ်ဝင်တစားရှိကြတာကြောင့် ဘာသာပြန်စာအုပ်ကို ဒုတိယအကြိမ် ထပ်မံပုံနှိပ်
ပြီး မိတ်ဆက်ပွဲကို ဒီလ ၁၈ ရက်နေ့က သိမ်ဖြူလမ်းပေါ်မှာ တည်ရှိပြီး မသန်စွမ်းသူများနဲ့
အိပ်ချ်အိုင်ဗီဝေဒနာရှင်တွေကို အလုပ်အကိုင် အခွင့်အရေးပေးတဲ့ အနေနဲ့ ဖွင့်လှစ်ထားတဲ့ Pomelo
စတိုးဆိုင်မှာ ကျင်းပခဲ့ပါတယ်။
ရုပ်ပြဇာတ်လမ်းလေးဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ ကြီးပြင်းခဲ့တဲ့ ကလေးငယ်လေး မင်းမင်းဟာ
မမျှော်လင့်ဘဲ ကြောက်မက်ဖွယ် သဘာဝဘေးဆိုး နာဂစ်မုန်တိုင်းနဲ့ ကြံုရပုံ၊ မုန်တိုင်း စဲသွားချိန်မှာ
ဖခင်နဲ့ ပြန်လည်ဆုံဆည်း ရပေမယ့် ကယ်ဆယ်ရေးစခန်းကို ရောက်တဲ့အချိန်မှာ မိခင်၊ မောင်လေး
နဲ့ အမတို့ကို ပြန်ပြီးရှာမတွေ့တော့ပုံ၊ ဘဝမှာ ရုတ်တရက် ဆိုးရွားလွန်းတဲ့ အပြောင်းအလဲနဲ့
ကြံုတွေ့ခဲ့ရလို့ စိတ်ထိခိုက်ဝမ်းနည်းပြီး ဘယ်သူနဲ့မှ စကားမပြောဘဲ နေခဲ့တဲ့ မင်းမင်းဟာ
နောက်ဆုံးတော့ မျှော်လင့်ချက်တွေနဲ့ တစ်ဖန်အားတက်လာပုံတွေကို ရေးဖွဲ့ ထားတာဖြစ်ပါတယ်။
မင်းမင်းရဲ့ အဖြစ်အပျက်နဲ့ ခံစားချက်ဟာ မြစ်ဝကျွန်းပေါ်ဒေသက နာဂစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့တဲ့
ကလေးငယ်တစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။
"နာဂစ်ဖြစ်ပြီး တစ်လလောက် အကြာမှာ ကျွန်မနဲ့ ရင်သွေးငယ် ဖောင်ဒေးရှင်းက အဖွဲ့ဝင်တွေဟာ
မုန်တိုင်းဒဏ်ထိတဲ့ ဒေသတွေကို သွားကြည့်ခဲ့ကြပါတယ်။ အဲဒီမှာ မင်းမင်းလို ကလေးမျိုး လေး၊
ငါး၊ ခြောက်ယောက်လောက် တွေ့ပါတယ်။
အဲဒီကလေးတွေရဲ့ ဘဝတွေကို ပေါင်းပြီး ရေးဖွဲ့ရင်း နဲ့ တစ်ယောက်က မင်းမင်း ဖြစ်သွားတယ်၊
တစ်ယောက်က ကာတွန်းထဲက မင်းမင်းရဲ့သူငယ်ချင်း ဖိုးခွား ဖြစ်သွားတယ်"လို့ စာရေးသူ
နော်ကေဆိုင်းရော် က ပြောပြပါတယ်။
"ဒီစာအုပ်လေးဟာ သူတို့ဘဝမှာ အခက်အခဲတွေ ကြံုတွေ့နေရတဲ့ ကလေးငယ်တွေကို ခွန်အား
တွေပေးဖို့နဲ့ သူတို့လေးတွေ ပုံမှန်ဘဝတွေ ရရှိပိုင်ဆိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ပြီးရေးတာပါ"
လို့လည်း သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။
နာဂစ်မုန်တိုင်းကြောင့် စိတ်ဒဏ်ရာ ရရှိခဲ့သူတွေကို ခံစားချက်ပြေပျောက်အောင် နှစ်သိမ့်ပေးတဲ့
ဆွေးနွေးပွဲတွေမှာလည်း ဒီစာအုပ်ကို အသုံးပြုတယ်လို့လည်း နော်ကေဆိုင်းရော်က ပြောပြပါ
တယ်။
Pomelo စတိုးဆိုင်မှာ ကလေးသူငယ်တွေအတွက် ကစားနည်းနဲ့ သင်ယူ နိုင်တဲ့နည်းတွေကို
စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေတဲ့ မစ္စ Ulla Kroeber က စိတ်ပညာရှင်တွေနဲ့
ကျောင်းတွေဟာ "Min Min and The Storm" စာအုပ်ကို အသုံးပြုနေကြပြီလို့ ဆိုပါတယ်။
"ကျွန်မ မနှစ်က ရင်သွေးငယ်ဖွ့ံဖြိုးရေးဖောင်ဒေးရှင်းကို သွားလည်တော့ မြန်မာဘာသာနဲ့ ရေးသား
ထားတဲ့ မူရင်းစာအုပ်ကို တွေ့ခဲ့ရပါတယ်။ လူတော်တော်များများဟာ မြန်မာပြည်က ကလေး
သူငယ်တွေရဲ့ ကံကြမ္မာကို မသိကြပါဘူး။ အထူးသဖြင့် နာဂစ် သဘာဝဘေးက လွတ်မြောက်လာ
တဲ့ ကလေးငယ်တွေရဲ့ ကံကြမ္မာကိုပေါ့။ ဒီစာအုပ်က လူတွေကို မုန်တိုင်းဒဏ်က လွတ်မြောက်လာ
ခဲ့တဲ့ ကလေးတွေရဲ့ အဖြစ်အပျက်နဲ့ ခံစားမှုကို ပြောပြပေးမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်လို့
ကျွန်မ ဘာသာပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်"လို့ မစ္စ Ulla Kroeber က ပြောပါတယ်။
ဘာသာပြန်စာအုပ်ကို တည်းဖြတ်ပေးတဲ့ ဩစတြေးလျသူ Lolla Stewart ဟာ ကလေးသူငယ်
စာပေရေးသား သူလည်းဖြစ်၊ ကျောင်းဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။
"မူရင်းစာအုပ်က တော်တော်ထူပါတယ်။ ဘာသာပြန်ထားတဲ့ စာအုပ်မှာ ကျွန်မက မင်းမင်း
တစ်ယောက်တည်းရဲ့ အကြောင်းကိုပဲ အဓိကထားပြီး ဖတ်ရတဲ့ ကလေးတွေအတွက် လွယ်ကူ
ရှင်းလင်းအောင် ချုံ့ပေးခဲ့ပါတယ်"လို့ ပြောပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ တင်ဆက်ထားတဲ့ 'မင်းမင်းနှင့် မုန်တိုင်း' (Min Min and the Storm) ကို
ကျပ် ၃,၅၀၀ နဲ့ Pomelo စတိုးဆိုင်မှာ ရောင်းချပေးနေပြီး ရရှိတဲ့ငွေကြေးများကို ရင်သွေးငယ်
ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ်ထားကာ ကလေးစာအုပ်တွေကို မြန်မာ ဘာသာစကားနဲ့
ဆက်လက်ထုတ်ဝေသွားမယ်လို့ သိရပါတယ်။
















