စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ စင်ကာပူ-မြန်မာ ရုပ်ရှင်ပွဲတော်အတွက် အကောင်းဆုံး ဇာတ်ကား ငါးကားကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ စင်ကာပူ-မြန်မာ ရုပ်ရှင်ပွဲတော်အတွက်
အကောင်းဆုံး ဇာတ်ကား ငါးကားကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
ဆုပေးပွဲကို ဇူလိုင်လ ရ ရက်နေ့မှာ စင်ကာပူနိုင်ငံရှိ Golden Village Theatre မှာ ကျင်းပပြုလုပ်
သွားမှာ ဖြစ်ပါတယ်။
ဒါရိုက်တာ ခင်ခင်စု၊ လေးသီတာ၊ နှင်းအိလှိုင်၊ ရွှန်းလဲ့ရွှေရည်နဲ့ သက်ဦးမောင်တို့ရဲ့ ဇာတ်ကားတွေ
ကို ရွေးချယ်ခဲ့ကြပြီး ဒါရိုက်တာငါးဦးဟာ ဆုပေးပွဲကို တက်ရောက်ဖို့ အတွက် ဇူလိုင်လ ၆ ရက်နေ့
မှာ စင်ကာပူနိုင်ငံကို သွားရောက်ကြမှာ ဖြစ်ပါတယ်။
"ဒီပြိုင်ပွဲအကြောင်းကို အစ်မတို့ အသိုင်းအဝိုင်းမှာ လူတိုင်းနီးပါး သိကြပါတယ်။ အဲဒီတော့ အစ်မ
လည်း အဲဒီလူတိုင်းထဲက တစ်ယောက်အနေနဲ့ ပြိုင်ပွဲဝင်ဖြစ်ခဲ့တာပါ"လို့ Burmese Butterfly
မှတ်တမ်းကားနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ဒါရိုက်တာ နှင်းအိလှိုင်က ပြောပါတယ်။
သူ့ဇာတ်ကားလေးက လိင်တူဆက်ဆံသူများ ကျင်လည်ကြပုံ အကြောင်းနဲ့ သူတို့တစ်တွေရဲ့
စိတ်နေစိတ်ထား၊ ခံစားချက်တွေကို တင်ဆက်ထားတာ ဖြစ်ပါတယ်။
"ဆုရတယ်လို့ သိရတော့ ပျော်ပါတယ်။ ပျော်တယ်ဆိုတာထက် ကိုယ့်မြန်မာပြည်က အကြောင်း
ကို မြန်မာပြည်မှာ ရိုက်ပြီး မြန်မာလူမျိုးများများရှိတဲ့ စင်ကာပူမှာ သွားပြရမယ်ဆိုတဲ့ ကျေနပ်မှုက
ပိုပါတယ်။ မှတ်တမ်း ရုပ်ရှင်ဆိုတာက လုပ်တဲ့လူတွေက ဆယ်စုနှစ်ရှိခဲ့ပြီ ဖြစ်ပေမယ့် လူတွေ
သိလာတာကတော့ သုံးနှစ်လောက်ပဲရှိသေးတယ်။ အခုဆို ဒီလိုမျိုးပွဲတွေ လုပ်လာပြီး နိုင်ငံရပ်ခြား
မှာပါ ပါ၀င်ခွင့်ရလာတော့ တဖြည်းဖြည်းလည်း ပိုလူသိလာဖို့ မျှော်လင့်ပါတယ်"လို့လည်း ဆိုပါ
တယ်။
ရုပ်ရှင်ပွဲတော် ကျင်းပရေးမှ ဒါရိုက်တာဖြစ်တဲ့ Mr Benoit Schaack က မြန်မာနိုင်ငံက
အရည်အချင်းရှိတဲ့ ဒါရိုက်တာတွေကို တခြားနိုင်ငံတွေမှာပါ ထင်ပေါ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့
ဒီပွဲတော်ကို ကျင်းပခြင်းဖြစ်တယ်လို့ မေလအတွင်းက မြန်မာတိုင်း(မ်)နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး
မှာ ပြောခဲ့ပါတယ်။
ဒါကြောင့်မို့ ပွဲတော်မှာ မြန်မာနိုင်ငံတွင်းမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားများနဲ့ တခြားနိုင်ငံတွေမှာ
ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကိုသာ ပါ၀င်ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်တယ်လို့လည်း သူကဆိုပါ
တယ်။
ရုပ်ရှင်ပွဲတော်ကို Singapore Myanmar Exchange Organisation (SMEO) မှ စီစဉ်တာဖြစ်ပြီး
ဒီနှစ်ပြိုင်ပွဲအတွက် ခေါင်းစဉ်ကို "Behind Closed Doors" လို့ ရွေးချယ်ခဲ့ပြီး ဇာတ်လမ်းတို၊
ဇာတ်လမ်းရှည်နဲ့ မှတ်တမ်းကားများကို လက်ခံခဲ့တာ ဖြစ်ပါတယ်။
"အစ်မတို့ ရုပ်ရှင်နဲ့ ပတ်သက်တာ ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်နဲ့ မှတ်တမ်းရုပ်ရှင်စတာတွေ
အကုန်လုံး လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဇာတ်လမ်းတိုတွေများပြီး ဇာတ်လမ်းရှည်
အနေနဲ့ကတော့ တစ်ကား၊ နှစ်ကားလောက်ပဲ လက်ခံရရှိခဲ့တယ်"လို့ (SMEO) ရဲ့ ဒါရိုက်တာဖြစ်
သလို စင်ကာပူ-မြန်မာရုပ် ရှင်ပွဲတော်အတွက် ပူးပေါင်းပါ၀င်သူလည်းဖြစ်တဲ့ ဒေါ်မာလာထွန်းက
ပြောပါတယ်။
ဇာတ်လမ်းတိုတွေ အကုန်လုံးနီးပါးကလည်း လက်ရာကောင်းမွန်ကြပြီး နောက်နှစ်တွေမှာ
ဇာတ်လမ်းရှည်နဲ့ မှတ်တမ်းရုပ်ရှင်တွေကို ပိုမိုပြီး လက်ခံရဖို့ မျှော်လင့်တယ်လို့လည်း သူက
ပြောပါတယ်။
Mr Schaack ကလည်း ဇာတ်လမ်း ဖန်တီးပုံနဲ့ အရည်အသွေးကို ဦးစားပေးတာကြောင့် နိုင်ငံရေးနဲ့
သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို လက်မခံခဲ့ဘူးလို့ ပြောပြပါတယ်။
အကောင်းဆုံး ဇာတ်ကား ငါးကားကို ပြိုင်ပွဲဝင်ဇာတ်ကားပေါင်း ၃၀ ကျော်ထဲကမှ ရွေးချယ်ခဲ့ခြင်း
ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
"ပြီးခဲ့တဲ့ ဧပြီ ၃၀ မှာ ဖောင်ပိတ်ခဲ့ပြီး အဲဒီအချိန်ကစ ဇာတ်ကားတွေကို ဒိုင်များက အဆင့်ဆင့်
အကဲဖြတ်လာခဲ့တာပါ။ ပွဲတော်နေ့မှာတော့ ဆုရဇာတ်လမ်း ငါးကားကို ပြသသွားမှာ ဖြစ်ပါတယ်"
လို့လည်း Mr Schaack က ပြောပါတယ်။
ရုပ်ရှင်ပွဲတော်ကို ဇူလိုင်လ ရ ရက်နေ့ တစ်ရက်တည်းသာ ပြုလုပ်မှာဖြစ်ပေမယ့် ၆ ရက်နေ့မှ
စတင်ကာ ၈ ရက်နေ့ထိနိုင်ငံတကာမှ အတတ်ပညာရှင်များနဲ့ ဆုရသူတွေ တွေ့ဆုံဆွေး နွေးနိုင်
အောင် ဆွေးနွေးပွဲတစ်ခုလည်း ပြုလုပ်ပေးသွားမယ်လို့ သူက ပြောပါ တယ်။
"သူတို့ဘက်က workshop တစ်ခုလည်း နိုင်ငံတကာက ပညာရှင်တွေနဲ့ ပြုလုပ်ပေးသွားဦးမယ်
ဆိုတော့ အတွေ့အကြံု ကောင်းတွေတော့ ရမယ်လို့ ထင်ပါတယ်။ ဒီအသိုင်းအဝိုင်းထဲမှာ ရှိတဲ့လူ
တွေ အကုန်လုံးနဲ့သိနေပြီး သူတို့နဲ့ နည်းပညာ၊ အတွေးအခေါ်တွေကို ဖလှယ်နိုင်ခွင့် ရှိမယ်ဆိုတော့
ကိုယ့် အတွက်ကောင်းတာပေါ့။ အဲဒီလိုတော့ မျှော်လင့်တယ်"လို့ မနှင်းအိလှိုင်က ပြောပါတယ်။
ဒီလိုရုပ်ရှင်ပွဲတော်မျိုးကို နောင်နှစ်တွေမှာလည်း ဆက်လက်ပြီး ကျင်းပသွားဖို့ အစီအစဉ် ရှိပါတယ်
လို့ ဒေါ်မာလာထွန်းက ဆိုပါတယ်။















