ဓာတ်ပုံထိန်ဝင်းဟာ ပြည်တွင်းစစ်ကြောင့် မြေစာပင် ဖြစ်ရရှာတဲ့ ကလေးငယ်တွေရဲ့ ဘဝလေးတွေ တိုးတက် ကောင်းမွန်လာဖို့အတွက် သူ တတ်ကျွမ်းတဲ့ ဓာတ်ပုံပညာရပ်နဲ့ ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်။
ဓာတ်ပုံထိန်ဝင်းဟာ ပြည်တွင်းစစ်ကြောင့် မြေစာပင် ဖြစ်ရရှာတဲ့ ကလေးငယ်တွေရဲ့ ဘဝလေးတွေ
တိုးတက် ကောင်းမွန်လာဖို့အတွက် သူ တတ်ကျွမ်းတဲ့ ဓာတ်ပုံပညာရပ်နဲ့ ကူညီနိုင်ဖို့ ကြိုးစားနေပါ
တယ်။
စစ်ပွဲကြောင့် အိမ်ခြေတွေကို စွန့်ပစ်ထွက်ပြေးကြရတဲ့ ကချင်ပြည်နယ်က ဒုက္ခသည် ပြည်သူတွေရဲ့
ပုံရိပ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဇူလိုင် လ ၅ ရက်ကနေ ၂၀ ရက်နေ့အထိ လမ်း(၄၀)၊
ကျောက်တံတားမြို့နယ်မှာ တည်ရှိတဲ့ မြန်မာသတင်းစာ ဆရာများအသင်းမှာ ပြသသွားမှာ ဖြစ်ပါ
တယ်။
ပြပွဲအမည်ကို 'စစ်ပွဲရဲ့မြေစာပင်များ'လို့ ပေးထားပါတယ်။
"ဒီဓာတ်ပုံတွေကို ဒီပြပွဲမလုပ်ခင်က သတင်းဓာတ်ပုံတွေအနေနဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။
ဒီပွဲက ကျွန်တော့်ဓာတ်ပုံတွေကို မကြည့်လိုက်ရတဲ့ သူတွေအတွက် ထပ်ပြီး လုပ်ဖြစ်တာပါ" လို့
ပွဲလုပ်ဖြစ်ပုံကို ဓာတ်ပုံဆရာ ထိန်ဝင်းက ပြောပြပါတယ်။
ကချင်ပြည်နယ်က ရွှေ့ပြောင်း ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ပေါင်း ၂,၃၀၀ ရှိကာ ကလေး ၁၆၈
ယောက်မှာ မိဘရှိကြပြီး မိသားစုနဲ့ အတူမနေရတဲ့ ကလေးတွေကိုတော့ စခန်းမှာရှိတဲ့ ကျောင်း
ဆရာမတွေက ကြည့်ရှုစောင့်ရှောက် ပေးထားကြတယ်လို့ ဆိုပါတယ်။
"မနှစ်က သွားရိုက်ခဲ့တဲ့ ခရီးကပုံတွေပါ။ သွားတုန်းကတော့ ဒီပုံတွေကို ရိုက်ဖို့ရည်ရွယ်ချက်နဲ့
သွားခဲ့တာ မဟုတ်ပါဘူး။ ဟိုမှာ စစ်ကြောင့် ဖြစ်ပျက်နေတာတွေကို ရိုက်ဖို့ပါ။ ဒီကချင်ဒုက္ခသည်
စခန်းက ကေအိုင်အိုရဲ့ နယ်မြေဒေသအတွင်းမှာ ဖြစ်တဲ့အတွက် ဟိုမှာရှိတဲ့ ကျွန်တော့်မိတ်ဆွေ
တစ်ယောက်က သူတို့နဲ့ ရင်းနှီးပြီးသား ဖြစ်လို့ ကျွန်တော်သွားလာဖို့ အဆင်ပြေအောင် သူကပဲ
ဆောင်ရွက်ပေးတာပါ"လို့ ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပုံကို ပြောပြပါတယ်။
ကချင်ပြည်နယ်ရှိ လွယ်ဂျယ်မြို့နယ် မိုင်ဂျာယန်ရွာစခန်းတွင်းမှာ ခုနစ်ရက်တာ နေထိုင်ခဲ့ပြီး
ကလေးတွေရဲ့ နေထိုင်စားသောက်ပုံ အပါအဝင် နေ့စဉ်လှုပ်ရှားနေထိုင်ရတဲ့ ဘဝကို မှတ်တမ်းတင်
ဓာတ်ပုံရိုက်ယူခဲ့တာလို့လည်း ဆိုပါတယ်။
ဒုက္ခသည်စခန်းဟာ တရုတ်ပြည်နယ်စပ်နဲ့ မြစ်တစ်စင်းပဲခြားပြီး အဲဒီမှာ ရိုက်ကူးခဲ့တာတွေထဲကမှ
အကြိုက်ဆုံးပုံ ၃၀ ကို ပြသသွားမှာ ဖြစ်ပါတယ်။
၀ယ်ချင်တဲ့သူတွေကို ရောင်းပေးသွားမယ်လို့ဆိုပြီး ရောင်းရတဲ့ ပိုက်ဆံရဲ့ ရ၅ ရာခိုင်နှုန်းကို
ဒုက္ခသည်စခန်းက ကလေးတွေ ညဘက်စာကြည့်တဲ့အခါ မီးမရှိလို့ ဖယောင်းတိုင်တစ်တိုင်ကို
လူလေးယောက်ပေါင်းပြီး စာကြည့်ရတဲ့အတွက် မီးစက်လှူပေးချင်တယ်လို့ ဆိုပါတယ်။
















